ylliX - Online Advertising Network

တန်ဆောင်တိုင်ပွဲ‌တော် ငှားရမ်းမည့်ဆိုင်ခန်းများ ကျပ်သိန်း ၂၀ ဝန်းကျင် ထိပေါက်ဈေးရှိ – သျှမ်းသံတော်ဆင့်

သျှမ်းပြည် တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲ‌တော်အတွက် ငှားရမ်းမည့်ဆိုင်ခန်းများသည် မြန်မာငွေ ကျပ် သိန်း ၂၀ ဝန်းကျင် ထိ ရှိနေကြောင်း သတင်းရရှိသည်။ နိုင်ငံရေးအခြေနေရှုပ်ထွေးနေ့သည့်ကြားမှ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို စစ်ကောင်စီက လာမည့် နိုဝင်ဘာလ ၉ ရက်မှ ၁၅ ရက်နေ့အထိ ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုအဝေရာ မီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်ပွဲတော်အတွက် ဆိုင်ခန်းများ ဆောက်လုပ်နေကြပြီး ငှားရမ်းမည့် ဆိုင်းခန်းများသည် မြန်မာငွေကျပ် ၄ သိန်းစ၍ သိန်း ၂၀ ဝန်းကျင် အထိ ပေါက်ဈေးရှိနေကြောင်း အသက် ၂၅ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဆိုင်ခန်းတွေက နေရာတွေပေါ်မူတည်ပြီးတော့ ဈေးတွေက ကွဲကြတယ်။ အပြင်နည်းနည်း ဝေးတဲ့ နေရာတွေ ဆိုရင် ဆိုင်ခန်း […]

မြေပြို၊ ရေဘေးသင့်ပြည်သူတွေရှိတဲ့ တာချီလိတ်မြို့ရှိ ကျေးရွာတွေမှာ ကိုယ်တိုင် သွားရောက်ပြီး ကျပ်သိန်း ၅၀၀၀ နဲ့ အိမ်သုံးပစ္စည်းတွေလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ –

ပရဟိတမိခင်ကြီးလို့ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသမီး ခိုင်နှင်းဝေကတော့ ယနေ့ အောက်တိုဘာ ၂၅ ရက်နေ့က မြေပြို၊ ရေဘေးသင့်ပြည်သူတွေရှိတဲ့ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ လွယ်တော်ခမ်းအုပ်စု၊အောင်ချမ်းသာ၊ ငှက်ပျောတော၊ ဟွေနမ္မလင်းကျေးရွာတွေဆီ ကိုယ်တိုင်သွားရောက်ပြီး ကျပ်သိန်း ၅၀၀၀ နဲ့ အိမ်သုံးပစ္စည်းတွေကို မျှဝေလှူဒါန်းခဲ့ပါတယ်။ “ကျွန်မအနေနဲ့ တာချီလိတ်ခရီးကို မနေ့က စတင်ထွက်လာတာပါ။ ရေဘေးကြောင့်ရော မြေပြိုသွားတဲ့ နေရာတွေအတွက် ငွေသားကျပ် သိန်း ၅ ထောင်ရယ်။ လိုအပ်မယ့် ပစ္စည်းတွေ စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀၀ ဝန်းကျင်နဲ့ လှူခဲ့တာပါ။ ကျွန်မကို ယုံကြည်ပြီးတော့ လှူဒါန်းပေးကြတဲ့ ခုနစ်ရက်သားသမီးတွေလည်း ကျေးဇူး တင်ပါတယ်။ ခုလိုကူညီ မျှဝေသွားတာကို အားလုံးလည်း သာဓု သာဓု ခေါ်ဆိုပြီး ပီတိကုသိုလ်လေးတွေ ပွားများနိုင်ကြပါစေရှင်”လို့ သရုပ်ဆောင် ခိုင်နှင်းဝေက […]

ရေဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် ရရှိလာတဲ့အလှူငွေ ကျပ်သိန်း ၅၀ ထဲက လိုအပ်နေတဲ့ နေရာတွေကို ဟိန်းဝေယံ ထပ်မံလှူဒါန်း –

ပရိသတ်ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ဟိန်းဝေယံကတော့ ရေဘေးသင့်ပြည်သူတွေ ပြန်လည် ထူထောင်ရေးအတွက် ရရှိလာတဲ့အလှူငွေ ကျပ်သိန်း ၅၀ ထဲက လိုအပ်နေတဲ့နေရာတွေကို ထပ်မံလှူဒါန်းမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ “သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရေဘေးသင့်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အလှူလေးလုပ် ဖြစ်ပါတယ်။ ကျွန်တော်နဲ့ ခုနစ်ရက်သားသမီးအပေါင်းတို့ရဲ့ စုပေါင်းအလှူဖြစ်ပါတယ်။ တောင်ငူက ရေဘေးသင့်ပြည်သူတွေ နားခိုကြတဲ့ သာသနာ့ဗိမာန်မှာ သွားရောက်လှူဒါန်းဖြစ်ပါတယ်ခင်ဗျာ။ ရေဘေးကြောင့် ဒုက္ခရောက်နေကြတဲ့ သူတွေကို မြင်ရတော့ စိတ်ထဲလည်း မကောင်းပါဘူးဗျာ။ ခုလို ကိုယ်တိုင်သွားတဲ့အချိန်မှာလည်း သူတို့ ဘဝအမောတွေ ခဏတာပြေပျောက်စေမယ်လို့လည်း ထင်မိပါတယ်။ ဒီအလှူလေးကြောင့် ကြည်နူးသာဓုခေါ်ဆိုနိုင်ဖို့အတွက်လည်း ကျွန်တော်က ရည်ရွယ်ပါတယ်” လို့ သရုပ်ဆောင် ဟိန်းဝေယံက ပြောပါတယ်။ ဟိန်းဝေယံတို့ လက်ရှိလှူဒါန်းမှူမှာ တောင်ငူမြို့ ကရုဏာရင်ခွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုကူညီရေး ပရဟိတ […]