စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံနှင့် မိသားစုဝင်များ သတ်ဖြတ်ခံရမှုကို ဖော်ထုတ်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ယနေ့ (နိုဝင်ဘာ ၆ရက်)တွင် ထုတ်ပြန်သည်။ ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေနှင့် သုံးလအရွယ် သမီးငယ်တို့မှာ ပြီးခဲ့သည့်နိုဝင်ဘာ ၄ ရက်နေ့က ကနီမြို့နယ်၊ တပုန်းရွာနေအိမ်တွင် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။ “ကိုဝင်းဌေးက အိပ်ယာထဲမှာ ဓါးနဲ့ထိုးသတ်ခံရတဲ့ အနေအထားပေါ့။ အိပ်တာတောင် ပုံမပျက်ဘူးပေါ့။ မိန်းမဖြစ်သူကတော့ ကုတင်ပေါ်ကနေ မြေကြီးပေါ်ကို ဇောက်ထိုးအနေထားနဲ့ သူကတော့ ရုန်းရင်းဆန်ခတ်နဲ့ ခုတ်ခံရတဲ့အနေအထားလို့ မျက်မြင်တွေ့တဲ့သူတွေက ပြောတယ်။ သားအမိ သားအဖသုံးယောက်ပဲရှိတာပေါ့။ ကလေးကတော့ လည်ပင်းကို ဓါးနဲ့လှီးထားတယ်” ဟု ရုပ်အလောင်းများကို မြင်တွေ့ခဲ့ရသည့် သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး […]