Microsoft Flight Simulator 2024 ဟာ ဒီနှစ်ထဲမှာလေကြောင်းဝါသနာရှင်တွေရဲ့ မျှော်လင့်စောင့်စားနေရတဲ့ ဂိမ်းတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ ဒီဂိမ်းမှာ ပျံသန်းမှုဆိုင်ရာ simulation စံနှုန်းအသစ်တွေကို ပြန်လည်သတ်မှတ်ဖို့ရှိပြီး ထူးခြားတဲ့ နည်းပညာနဲ့ လုပ်ဆောင်ချက်အသစ်တွေထည့်သွင်းထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်မှုတွေကြောင့် ပိုမိုလှပပြီး အကောင်းဆုံးမြင်ရမှာဖြစ်သလို ဂိမ်းကိုကစားရတဲ့အပိုင်းမှာလည်း ပိုမိုနှစ်သက်ဖွယ်ကောင်းလာမှာပါ။ ဒါကြောင့် ဒါကြောင့် ဂိမ်းကစားရတာကိုနှစ်သက်သလို လေကြောင်းလောကမှာဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်လာသူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီဂိမ်းမှာဘာတွေထူးခြားသွားမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ Microsoft Flight Simulator 2024 မှာကစားသူအနေနဲ့ အပြင်မှာလို လေယာဥ်ကို Pre-Flight Inspection ပြုလုပ်နိုင်သလို Career Mode တစ်ခုလည်းပါဝင်ပြီး စိတ်ကြိုက်ဇာတ်ကောင်တစ်ခုကိုဖန်တီးကာ ကမ္ဘာရဲ့ ဘယ်လေဆိပ်ကမဆို လေယာဥ်မှူးဘဝကို စတင်နိုင်မှာဖြစ်ပါတယ်။ Career Mode မှာ RPG ဂိမ်းဆန်ဆန် Skill Tree […]