ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့က ရွှေတိဂုံစေတီတော်မြတ်ကြီးအားဖူးမြော်၍ ရန်ကုန်မြို့အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။ နံနက်ပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ် အကြီးအကဲသည် ရွှေတိဂုံစေတီတော်မြတ်သို့ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်ဝန်ကြီးများ၊ ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်း၊ ရေချမ်းနှင့် သစ်သီးများ ဆက်ကပ်လှူဒါန်းပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် ဧည့်သည်တော်များအား ဂေါပကအဖွဲ့က ရွှေတိဂုံစေတီတော်မြတ်ပုံတော်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲနှင့်အဖွဲ့သည် (၃၆) ကြိမ်မြောက် မသိုးသင်္ကန်းရက်လုပ်နေမှုကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဗိုလ်ချုပ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်း ခင်းကျင်းပြသရောင်းချလျက်ရှိသည့် လက်ဝတ်ရတနာများ၊ ကျောက်စိမ်းပန်းပုနှင့် လည်ဆွဲပစ္စည်းများ၊ […]