ylliX - Online Advertising Network

စစ်ဘေးသင့်ရိုဟင်ဂျာများကို ကူညီရန်  လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ တိုက်တွန်း  – Myanmar Now

စစ်ရေးပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေး သွားရသည့် ရိုဟင်ဂျာဒုက္ခသည်များ လူသားချင်းစာနာထောက်ထားမှု အကူအညီ အရေးတကြီးလိုအပ်လျက်ရှိသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အောက်တိုဘာ ၂၄ ရက်က ထုတ်ပြန်သည်။ ရိုဟင်ဂျာ သိန်းပေါင်းများစွာသည်  နေအိမ်များကို စွန့်ခွာခဲ့ရပြီး သောင်းနှင့်ချီသော ရိုဟင်ဂျာများ ကမူ နယ်စပ် ဖြတ်ကျော်လာကြသည် သို့မဟုတ် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံရန်အတွက် နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေကြ သည်ဟု AI က ဆိုသည်။  “ဘင်္ဂလားဒေ့ရှ်ကို ကံကောင်းလို့ ထွက်ပြေးနိုင်တဲ့သူတွေကျတော့ စားစရာ၊ အိပ်စရာနဲ့ အဝတ်အစား တောင် အလုံအလောက်မရှိဘူး” Amnesty International- AI၏ အထွေထွေအတွင်းရေးမှူး Agnès Callamard က ပြောသည်။  လက်ရှိတွင် ဒုက္ခသည်စခန်းများသို့ ရောက်ရှိလာသော ရိုဟင်ဂျာများသည် ထိုနေရာရှိ ဆွေမျိုးများ၏ […]