ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီရှိ ထိုင်းပုဂ္ဂလိကကျောင်းတွင် မြန်မာကလေးများကို ယခုလကုန်အထိ ကျောင်းအပ်လက်ခံပေးနေသည်။ ထိုင်းမွေးစာရင်းရှိသည့် မြန်မာကလေးများအပြင် မွေးစာရင်းမရှိသည့် ကလေးများကိုလည်း လက်ခံနေသည်။ ပုဂ္ဂလိကထိုင်းကျောင်းဖြစ်သည့် Tuongwit Pattana ကျောင်းနှင့် ဝပ်ဖိုဝိုင်ကျောင်း(မြန်မာကျောင်း)တို့ ယခုနှစ် ဇွန်လ ၄ ရက်နေ့မှစကာ လက်တွဲလိုက်ပြီး မြန်မာကျောင်းသားများကို လက်ခံပေးနေခြင်းဖြစ်သည်။ Tuongwit Pattanaကျောင်းက ယခုပညာသင်နှစ် ဒုတိယနှစ်ဝက်စာသင်နှစ်အတွက် ကျောင်းသားအသစ် လက်ခံခြင်းကို အောက်တိုဘာလ ၃၀ ရက်နေ့အထိ လက်ခံသွားမည်ဟု ထုတ်ပြန်ထားသည်။ စူရတ်ဌာနီခရိုင်ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်း အများအပြားကို ထိုင်းအာဏာပိုင်ကများက ပိတ်သိမ်းခိုင်းလိုက်ပြီးနောက် မြန်မာကလေးထောင်ပေါင်းများစွာမှာ ပညာသင်ယူခွင့်ဆုံးရှုံးနေသည်။ ထိုင်းကျောင်းများတွင် မြန်မာကလေးများကို လက်ခံမည်ဖြစ်ကြောင်း ထိုင်းပညာရေးအာဏာပိုင်များက အကြိမ်ကြိမ်ထုတ်ပြန်ထားသော်လည်း ထိုင်းဘာသာစကား အခက်အခဲ အပါအဝင် အခြားအခက်အခဲများကြောင့် ထိုင်းကျောင်းများတွင် သွားရောက်အပ်နှံသူနည်းပါးနေသည်။ ယင်းအခြေအနေတွင် ထိုင်းလူမျိုးဆရာများအပြင် မြန်မာဆရာ […]