ylliX - Online Advertising Network

ကဗျာဆန်သော တရုတ်နိုင်ငံ- စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့် ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ

ကွေ့လျင် (ကွမ်ရှီး)၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ” စိမ်းပြာရောင် ပိုးဖဲကြိုးအသွင် နူးညံ့ပျော့ပျောင်းစွာ တသွင်သွင် စီးဆင်းနေသောမြစ်ရေနှင့် ကျောက်စိမ်းဆံထိုးပမာ စိမ်းမြနေသည့် တောင်တန်းများ” ဟု ထန်မင်းဆက် ကဗျာဆရာ ဟန်ယွိက ကွေ့လျင်မြို့ တောတောင်ရေမြေအသွင်သွင်၏ သာယာလှပေသော ရှုမြင်ကွင်းများအား သက်ဝင်စွာ တင်စားဖော်ကျူးရေးသားခဲ့သည်။ကွေ့လျင်မြို့သည် ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ချင်ရှီဟွမ်က လျင်နန်ဒေသတွင် ကွေ့လျင် ၊ ရှန့်၊ နန်ဟိုင် ဟူ၍ ပြည်နယ် ၃ ခု သတ်မှတ်ခဲ့ရာမှ ကွေ့လျင်ဟု၍ အမည်တွင်ခဲ့ခြင်း ဖြစ်သည်။ ယွိကွေ့ (ပင်လုံးကြိုင်) အပင်များ ပေါများခြင်းကြောင့် အမည်တွင်ရခြင်း ဖြစ်သည်။ ဤနေရာရှိ ရေမြေတောတောင်များက ပန်းချီကားသဖွယ် အလွန်သာယာလှပရာ […]