ylliX - Online Advertising Network

■ အသင်းသားရေးရာကော်မတီ (၄/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး | MYANMAR TOURISM FEDERATION

23 September 2024 _____ Hybrid Meeting၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ နံနက် (၁၁) နာရီတွင် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ အသင်းသားရေးရာကော်မတီ၏ (၄/၂၀၂၄)ကြိမ်မြှောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Hybrid စနစ်ဖြင့် ကျင်းပရာ ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။ အစီအစဥ်အရ ကော်မတီ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ လက်ရှိအသင်းဝင်အင်အားစာရင်းတင်ပြခြင်းနှင့် အသင်းဝင်သစ်စာရင်းအား အတည်ပြုမှတ်တမ်းတင်ခြင်း၊ ၃/၂၀၂၄ ကြိမ်မြှောက် ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်အပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား တင်ပြခြင်း၊ အထွေထွေဆွေးနွေးခြင်းအစီအစဥ်တွင် အသင်းဝင်အသစ်များအား အတည်ပြုဆွေးနွေးခြင်း၊ ဧည့်လမ်းညွှန်မွမ်းမံသင်တန်းဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်း၊ ကော်မတီဝင်များမှ တင်ပြလာသော အရေးကြီးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးကြပြီး အစည်းအဝေးအား နေ့လယ် (၁)နာရီတွင် ရုတ်သိမ်းလိုက်သည်။ Source link

■ ရေဘေးသင့်ပြည်သူများအတွက် တတ်အားသရွေ့ပါဝင်လှူဒါန်းပေးနိုင်ပါရန် နှိုးဆော်ခြင်း | MYANMAR TOURISM FEDERATION

မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ‌ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့ (MTF Disaster Response Task Force) အနေဖြင့် ယခုလတ်တလော နိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် ရေဘေးသင့်ဒေသများသို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ မတည်အလှူငွေ သိန်း(၅၀)ကျပ် ထည့်ဝင်၍ လိုအပ်သည်များသွားရောက်လှူဒါန်းသွားရန် စီစဥ်ဆောင်ရွက်လျှက်ရှိပါသည်။သို့ဖြစ်ပါ၍ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ ညီနောင်အသင်းများနှင့် အသင်းဝင်များအားလုံးမှ တတ်အားသရွေ့ ပူးပေါင်းပါဝင်လှူဒါန်းပေးနိုင်ပါရန်နှင့် အခြားသောလှူဒါန်းလိုသူများအနေဖြင့်လည်း အောက်ဖော်ပြပါငွေစာရင်းနံပါတ်များသို့ အလှူငွေများ ထည့်ဝင်လှုဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။ BankMyanma Tourism Bank (Call Deposit A/C)Account Name : Myanmar Tourism Federation (Finance Committee)Account No : 00101417001000618002KpayAccount Name : Daw Moe Moe Lwin Kpay Phone Number : 09-250065031(Kpay […]