ylliX - Online Advertising Network

ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိရစ္ဆာန်ပါမကျန် ခိုးယူခံနေရ – Kachin News Group (KNG)

ကချင်ပြည်နယ် ပူတာအိုမြို့နဲ့နီးတဲ့ကျေးရွာတွေမှာ အိမ်မွေးတိိိရိစ္ဆာန်ပါမကျန် ခိုးယူခံနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပူတာအိုမြို့အနီးတစ်ဝိုက် ကျေးရွာတွေဖြစ်တဲ့ လယ်မော်ဝါကျီ၊နမ်ရှယ်၊နာမ်ရှယ်ကော့၊ခင်ဖန်စတဲ့ကျေးရွာတွေမှာ အိမ်ဖောက်ထွင်းခိုးခံရတဲ့အပြင် အိမ်မွေးတိရိစ္ဆာန်မကျန် ခိုးယူခံနေရတယ်လို့ နာမ်ရှယ်ကော့ကျေးရွာနေအမျိုးသားတစ်ဦးက ပြောပါတယ်။ “ကျနော်တို့ရွာထဲမှာဆိုခနခနပဲ ကြက်ခိုးခံရတာနဲ့ဆိုင်ကယ်ပျောက်တာနဲ့ကြက်ဆိုခနခနခိုးခံရတယ်ပြီးခဲ့တဲ့အပတ်ကဆို ကြက်ခြံတစ်ခုမှာဝင်ခိုးတာ sunday နေ့မှာဟုတ်တယ် ကြက်မတစ်ကောင်ပဲ ကျန်တယ်။ အကောင် သုံးဆယ်ကျော်ခိုးသွားတယ်။ပြီး တော့ ဝက်လည်းပျောက်တယ် ခနနပဲ”လို့ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦး ကပြောပါတယ်။ အလားတူ ပြီးခဲ့တဲ့အပတ်ထဲမှာလည်း နာမ်ရှယ်ကျေးရွာထဲက ကျောင်းဆရာမတွေနေတဲ့အဆောင်ဖောက်ထွင်းခံရပြီး လက်ကိုင်ဖုန်း(ခလုတ်ဖုန်း)၊ပါဝါဘတ်နဲ့ ငွေသားတွေခိုးယူခံလိုက်ရတယ်လို့ အထက်မှာဖော်ပြခဲ့တဲ့အမျိုးသားကဆက်ပြောပါတယ်။ “ဆရာမတွေနေတဲ့အိမ်တောင်ဝင်ခိုးသွားတယ်လူလစ်တဲ့ချိန်ဝင်ခိုးတာ ပိုက်ဆံက ကျောင်းရံပုံငွေတွေဆယ်သိန်းကျော်ခိုးသွားတယ်ပြီးတော့ဆရာတွေရဲ့ဖုန်းနဲ့ ပါဝါဘတ်တွေပါသွားတယ် မိတဲ့ခိုးတဲ့လူကိုတော့ အခုအချုပ်ခန်းပို့လိုက်တယ်”လို့ နောက်ထပ် ဒေသခံ အမျိုးသမီးက ဆက်ပြောပါတယ်။ ကျောင်းဆရာမတွေရဲ့နေအိမ်ဖောက်ထွင်းခိုးယူသူနှစ်ဦးဟာ နမ်ရှယ်ကျေးရွာနေ အသက် ၂၀ ကျော်အမျိုးသားတစ်ဦးနဲ့အသက် ၃၀ ကျော်အမျိူးသားတစ်ဦးတို့ဖြစ်ပြီး ကျေးရွာတာဝန်ရှိသူတွေကဖမ်းဆီးကာပူတာအိုမြို့မရဲစခန်း ရှိချုပ်ခန်းမှာပို့ဆောင်ထားတယ်လို့သိရပါတယ်။ […]

နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက် – Kachin News Group (KNG)

ကချင်အထူးဒေသ ၁ နယ်မြေက နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်လပ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့ အပြီးသတ်သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အောက်တိုဘာလ ၃၁ ရက်နေ့ မနေ့က ညနေပိုင်း ၆ နာရီဝန်းကျင်လောက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး လက်တလောမှာတော့ အမှတ် ၁၀၀၁ တပ်စခန်းအနီးတစ်ဝှိုက်ပစ်ခတ်မှုတွေရှိနေဆဲဖြစ်တယ်လို့ ဒေသခံ တစ်ယောက်ကပြောပါတယ်။ “၁၀၀၁ ကတော့ကျသွားပြီ ဒါပေမဲ့ အဲ့ဒီကနေဆုတ်သွားတဲ့ တပ်ဖွဲ့တွေနဲ့ KIA နဲ့က ပစ်ခတ်မှုတွေဖြစ်နေ တုန်းပဲ။ လောလောဆယ်တော့ အဲ့ဒီအနီးနားတစ်ဝှိုက်ကရွာတွေကတော့ ရှောင်ကုန်၊ပြေးကုန်ကြပြီပေါ့”လို့ ပြောပါတယ်။ အမှတ် ၁၀၀၁ ဌာနချုပ်တပ်ရင်းဟာ ဖီမော်မြို့ပေါ်နဲ့ ဆိုင်ကယ်နဲ့ဆိုရင် ၁နာရီကျော်လောက်သွားရတဲ့အကွာ အဝေးမှာရှိပြီး ဖီမော်မြို့ပေါ်ဒေသခံတွေအပါအဝင် အဲ့ဒီအနီးတစ်ဝှိုက်ဒေသခံတွေကတော့ ဘေးလွှတ်ရာတွေ မှာ တိမ်းရှောင်နေကြရတယ်လို့ပြောပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ပြန်ကြားရေးတာဝန်ခံကတော့ ဖီမော်မြို့စောင့်တပ်ဖြစ်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်သိမ်းပိုက်တဲ့အခြေနေနဲ့ပတ်သက်လို့ KNG ကို ဒီကနေ့မနက်ပိုင်း ၈ နာရီ ဝန်းကျင်မှာ အခုလိုပြောပါတယ်။ “ဖီမော်သိမ်းတာကတော့ ကျနော်တို့တရားဝင်မကြားရသေးဘူး။ လူမှုကွန်ယက်မှာပြန့်တာကိုပဲတွေ့တယ်။ တရားဝင်တော့သတင်းပို့တာမရှိသေးဘူး။ တိုက်ပွဲအခြေနေလည်း အသေးစိတ်တော့ မသိဘူး။”လို့ပြောပါတယ်။ တစ်ဖက်မှာ ဖီမော်ဒေသအတွင်းမှာရှိတဲ့ တရုတ်ပိုင်ကျောက်ဖြူလုပ်ငန်းတွေကတော့ဆက်လက်လည်ပတ် နေပြီး ဖီမော်မြို့ပေါ်နယ်စပ်ဂိတ်မှာလည်း ကျောက်ဖြူလုပ်ငန်းကားတွေသာ သွားလာခွင့်ရှိနေတယ်လို့ သိရပါတယ်။ ကချင်လွတ်လပ်ရေးတပ်မတော် KIAဟာ ပြီးခဲ့တဲ့ စက်တင်ဘာလနောက်ဆုံးအပတ်ကစတင်ပြီးတော့ ကချင် အထူးဒေသ ၁ နယ်မြေတွေထဲက စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်နဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို စစ်ဆင်ရေးဆောင်ရွက်နေတာဖြစ်ပြီး ဆဒုံး၊ချီဖွေ၊ ပန်ဝါ၊ ဆော့လော်မြို့တွေအပါအဝင် ၁၀၀၂လုပ်ီတပ်ရင်း၊ ၁၀၀၃ စင်ကြိုင်တပ်ရင်းဌာနချုပ်အားလုံးကို KIA က ထိန်းချုပ်လိုက်ပြီဖြစ်ပါတယ်။ By – အမိုး The post နယ်ခြားစောင့်တပ် BGF ရဲ့ နောက်ဆုံးကျန်တဲ့ အမှတ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို KIA သိမ်းပိုက် appeared first on Kachin News Group (KNG). Source link

READOUT: Sixth Meeting of the Financial Working Group Between the United States and the People’s Republic of China

{“id”:”1″,”user_id”:19,”uid”:”4c7d534f-9a2b-4928-a77b-28e1b154580b”,”name”:”Would you help us improve our website”,”description”:””,”sections”:[{“uid”:”d2a66db4-d1aa-4286-a3d1-44e6f75de578″,”title”:”Note: This feature is strictly for feedback about your experience using the website.”,”description”:””,”blocks”:[{“typeId”:”content:paragraph”,”uid”:”c592fa0c-059d-4b16-a5ff-244bd59fbc99″,”title”:””,”description”:””,”category”:”content”,”content”:{“value”:”Please take a few moments to provide us with your valuable feedback. Note: This feature is strictly for feedback about your experience using the website. All other questions and feedback will be disregarded.“,”type”:”paragraph”,”options”:{“alignment”:”start”},”value_raw”:[{“type”:”paragraph”,”children”:[{“text”:”Please take a few […]

READOUT: Sixth Meeting of the Economic Working Group Between the United States and the People’s Republic of China

{“id”:”1″,”user_id”:19,”uid”:”4c7d534f-9a2b-4928-a77b-28e1b154580b”,”name”:”Would you help us improve our website”,”description”:””,”sections”:[{“uid”:”d2a66db4-d1aa-4286-a3d1-44e6f75de578″,”title”:”Note: This feature is strictly for feedback about your experience using the website.”,”description”:””,”blocks”:[{“typeId”:”content:paragraph”,”uid”:”c592fa0c-059d-4b16-a5ff-244bd59fbc99″,”title”:””,”description”:””,”category”:”content”,”content”:{“value”:”Please take a few moments to provide us with your valuable feedback. Note: This feature is strictly for feedback about your experience using the website. All other questions and feedback will be disregarded.“,”type”:”paragraph”,”options”:{“alignment”:”start”},”value_raw”:[{“type”:”paragraph”,”children”:[{“text”:”Please take a few […]

How Kompass Music Group Is Charting a New Course In Artist Management

In the high-stakes world of electronic music, where the demands are as relentless as the rewards are exhilarating, Kompass Music Group is charting a course in artist management grounded in mental wellbeing and community. Founded by industry stalwarts Blake Coppelson, Jay Rogovin, Alec Donkin and Jade Gaines, Kompass, which was named EDM.com‘s best artist management firm of […]

အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက် – Kachin News Group (KNG)

ရှမ်းမြောက် နမ့်ဖတ်ကာမြို့ ဒေသခံကချင်လူငယ်တစ်ဦးကို ကိုးကန့် MNDAA က အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီးသွားတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး နမ့်ဖတ်ကာမြို့အုပ်ချူပ်ရေးအဖွဲ့ တာဝန်ယူဖြေရှင်းနေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီဝန်းကျင် ကိုးကန့် MNDAA တပ်သား ၃ ဦးဟာ ထင်းခွေပြီး အိမ်ပြန်လာတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ရွာမရောက်ခင် လမ်းခုလတ်တစ်နေရာမှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။ ဖမ်းဆီးချိန်  မျက်လုံးကိုပိတ်ပေးလိုက်တဲ့အပြင် အကိုးကန့်တပ်ရှိတဲ့နေရာကို ဖမ်းဆီးသွားပြီးနောက် ကြောင်းမဲ့ ရိုက်နှက်ကာပြန်လွတ်ပေးခဲ့တယ်လို့ နမ့်ဖတ်ကာဒေသခံတစ်ဦး အခုလို ပြောပါတယ်။ “သူက အဲ့နေ့က ထင်းသွားရှာပြီး နမ့်ဖတ်ကာကို ပြန်လာချိန် လမ်းမှာ ကိုးကန့်တပ်သား ၃ ယောက်က သူ့ကိုတွေ့ပြီး အနောက်ကနေ သေနတ်နဲ့အရင်ထောက်တယ် ပြီးတော့ အနောက်ကနေ ရိုက်လိုက်တယ်။ ပြီးတော့ ချက်ချင်း မျက်လုံးပိတ်ပြီး ကိုးကန့်တပ်တွေရှိတဲ့ နေရာကို ခေါ်သွားတယ်လို့ပြောတယ်။ ဟိုမှာရောက်တော့ သူ့ကို ရိုက်နှက်ပြီးစစ်ဆေးမေးမြန်းတယ်တဲ့။ သူလည်း စကားနားမလည်တော့ ဘာတွေမေးလို့မေးမှန်းမသိဘူးလို့ပြောတယ်။ သူဘာမှမသိဘူး ရိုက်တာပဲသိတယ်တဲ့။ ခုတော့ နမ့်ဖတ်ကာအုပ်ချူပ်ရေးတွေဘက်က လိုက်နေတယ်ပြောတယ်”လို့ နမ့်ဖတ်ကာဒေသခံက KNG ကို ပြောပါတယ်။ ကိုးကန့် MNDAA တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူဟာ နမ့်ဖတ်ကာမြို့ လွယ်ကုန် ရပ်ကွက် ၆ မှာ နေထိုင်သူ ဒေါ်လဗျလုပါရဲ့သား အသက် ၁၇ နှစ်အရွယ် မောင်အင်ခွမ်ဆန်လီ ဖြစ်တယ်လို့ သိရပြီး နမ့်ဖတ်ကာကနေ ကွတ်ခိုင်ဘက်သွားတဲ့လမ်း နမွန်းပါဘက်ကို ထင်းသွားခွေပြီး အပြန် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၁၇ နှစ်သာရှိသေးတဲ့ မောင်အင်ခွမ်ဆန်လီကို ကိုးကန့်တပ်တွေဟာ အောက်က်ိုဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီလောက်ကနေ ရိုက်နှက်ဖမ်းခေါ်သွားပြီး ၃ နာရီလောက်အကြာ စစ်ဆေးမေးမြန်းကာ ည ၇ နာရီဝန်းကျင် နဂိုဖမ်းခေါ်သွားတဲ့နေရာမှာ ပြန်ပို့ပေးထားကြောင်း ဆက်လက်သိရပါတယ်။  အဲဒီနောက် ည ၁၀ နာရီဝန်းကျင် သတိလစ်ပြီး နမ့်ဖတ်ကာဆေးရုံကို ပိုဆောင်ခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ရဲ့ ဖမ်းဆီးရိုက်နှက်ခြင်းခံရသူ မောင်အင်ခွမ်ဆန်လီဟာ ခန္ဓာကိုယ်မှာ ရိုက်နှက်ဒဏ်ရာတွေနဲ့ မျက်လုံးတစ်ဖက်အမြင်အာရုံထိခိုက်ထားပြီး နားတစ်ဖက်လည်း မကြားရဘူးလို့ ပြောပြပါတယ်။ ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က ဘာ့ကြောင့် ရိုက်နှက်ကာ ဖမ်းဆီးသွားတယ်ဆိုတဲ့ အကျိုးအကြောင်း တစ်စုံတစ်ရာမျှ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ “အခု နမ့်ဖတ်ကာ KIO အုပ်ချူပ်ရေးအဖွဲ့က လိုက်နေတယ်ဆိုပေမဲ့ ဘာမှတော့မသိရသေးဘူး။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ အခုတော့ ဘာဘဲဖြစ်ဖြစ်အေးချမ်းပြီထင်နေတာ ဒီလိုလက်နက်ကိုင်တွေက ရွာသားတွေကို လူငယ်တွေကို အခုလို လုပ်တာတွေရှိတော့ ဘယ်လိုစိတ်မအေးနိုင်ပဲ လူငယ်တွေလည်း သွားရလာရ တော်တော်ဂရုစိုက်ရမဲ့အနေအထားဖြစ်နေတယ်။ ပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း ပြောချင်တယ်။ တစ်စုံတစ်ခုကြောင့်ရွာသားတွေကို ဖမ်းဆီးပြီဆို သေချာစွာ မေးမြန်း စစ်ဆေးပြီးမှ အပြစ်မရှိဘူးဆိုရင် ကောင်းမွန်စွာ ပြန်လွတ်ပေးသင့်တယ်။ အခုလို ရိုက်နှက် မေးမြန်း စစ်ဆေး၊ နှိပ်စက်ပြီးမှ ပြန်လွတ်ပေးတာမျိုး မလုပ်ခိုင်းစေချင်ဘူး” လို့ နမ့်ဖတ်ကာဒေသခံက ဆက်ပြောပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ နမ့်ဖတ်ကာအုပ်ချူပ်ရေးတာဝန်ရှိသူတွေက ပြစ်မှုကျူးလွန်တဲ့ ကိုးကန့်တပ်သားတွေကို ဆက်လက်စုံစမ်းနေကာ ဖြေရှင်းပေးဖို့ ပြောဆိုထားတယ်လို့ သိရပေမယ့် လက်ရှိချိန်ထိတော့ အကျိုးအကြောင်း အသေးစိတ်ကိုမသိရသေးဘူးလို့ နမ့်ဖတ်ကာဒေသခံက ပြောပါတယ်။ နမ့်ဖတ်ကာနဲ့ ကွတ်ခိုင်တစ်ဝိုက် ပြီးခဲ့တဲ့ကာလတစ်လျှောက်လုံးမှာလည်း ကိုးကန့် MNDAA တပ်ဖွဲ့ဘက်က အခုလို ကျေးရွာဒေသခံပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးရိုက်နှက်ပြီး ပြန်လွတ်ပေးခဲ့တဲ့ ဖြစ်စဉ် အကြိမ်ကြိမ်ဖြစ်ပွားနေခဲ့သလို လက်လွန်ပြီး သေဆုံးသွားသူတွေလည်း မျးစွာရှိခဲ့ပြီလို့ ဒေသခံတွေက ပြောပါတယ်။ By – ဂျာဘောက်ရာ The post အသက်မပြည့်သေးတဲ့ နမ့်ဖတ်ကာဒေသခံ ကချင်လူငယ်တစ်ဦးကို ကိုးကန့်တပ်ရိုက်နှက် appeared first on Kachin News Group (KNG). Source link

ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ – Kachin News Group (KNG)

ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ အောက်တိုဘာလတစ်လအတွင်း မူးယစ်ဆေးဝါးရှော့ဖြစ်လို့သေဆုံးသူနှစ်ဦးထိရှိခဲ့တယ်လို့ မွန်မြတ်စေတနာ လူမှုကယ်ဆယ်ရေးအသင်းက KNGကို ပြောပါတယ်။ သေဆုံးသွားသူနှစ်ဦးက အသက်၃၀ ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးဖြစ်ကြပြီး  ဝိုင်းမော်မြို့ ရပ်ကွက်(၃) လယ်ကွင်းပြင်နဲ့ မြို့မဘောလုံးကွင်း စတိတ်စင်အောက်မှာ အောက်တိုဘာ  ၁၉ ရက်နေ့ တွေ့ရှိခဲ့တာဖြစ်တယ်လို့ လူမှုကယ်ဆယ်ရေးအသင်းရဲ့တာဝန်ရှိသူက ခုလိုပြောပါတယ်။ “သူကတော့ ညကတည်းကမူးယစ်ဆေးရှော့ဖြစ်ပုံရပါတယ် သူတို့က ညဖြစ်ကြတာဗျ ကျွန်တော်တို့ဘယ်သူမှ မသိလိုက်ကြဘူး သိရင်တော့  နှစ်နာရီအတွင်းဆိုကယ်လို့ရတယ် မနက်သွားယူတော့တောင့်နေပြီ”လို့ ဆိုပါတယ်။ သေဆုံးသူနှစ်ဦးစလုံး စစ်ရှောင်တွေဖြစ်ပြီး ရက်ကွက်(၅) သရက်တော စစ်ရှောင်စခန်းနဲ့  ရပ်ကွက်(၃)စစ်ရှောင်စခန်းကဖြစ်တယ်လို့ သိရပါတယ်။ ဝိုင်းမော်မြို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူတွေဟာ ဝိုင်းမော်မြို့ အထက(၁)စာသင်ကျောင်းဘေး အနီးပတ်ဝန်းကျင်နဲ့ ရပ်ကွက်(၃) ဟိုးတုံ ဆည်မြောင်းပတ်ဝန်းကျင်မှာ ရှိနေတတ်ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို ရဲစခန်းဘက်တာဝန်ရှိသူတွေအနေနဲ့ အရေးယူထိန်းသိမ်းပေးခြင်းမရှိတဲ့အပြင် ပိုက်ဆံပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲခိုင်းတာမျိုးတွေကိုပါ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဘဲ ဖြစ်ပါတယ်။ ခုလိုအခြေအနေတွေကြောင့် ဝိုင်းမော်မြို့ ဒေသခံတွေအနေနဲ့ လုံခြုံ‌ရေးအခြေအနေတွေကို စိုးရိမ်နေရတယ်လို့ ဝိုင်းမော်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “ရပ်ရွာကလူတွေလည်း ဆေးရောင်းတဲ့လူတွေကို ခနခနမောင်းထုတ်ရင်လည်း သူတို့က မပြန်ဘူး ပြန်စုကြတော့ အဲနားက ကလေးတွေဖြတ်သွားဖြတ်လာလုပ်နေတာဆိုတော့ ကလေးတွေတော်တော်ပျက်စီးပြီး မူးယစ်ဆေးဝါးသုံးစွဲတတ်လာတယ်  သူတို့ကအဲနားမှာကို မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေကြတော့”လို့ ဆိုပါတယ်။ ဒါ့အပြင် စစ်တပ်လက်အောက် ရဲဌာနတွေဟာ မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေကို အခွန်သဘောမျိုးနဲ့ ငွေကောက်ခံတာမျိုးသာ ပြုလုပ်ပြီး ဝင်ရောက်ဖမ်းဆီးခြင်းလည်း မရှိဘူးလို့ သိရပါတယ်။ အာဏာမသိမ်းခင် ကချင်ပြည်နယ်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းတိုက်ဖြတ်မှုတွေဟာ အတိုင်းအတာတစ်ခုထိ ထိရောက်မှုရှိခဲ့ပါတယ်။ သို့သော် အာဏာသိမ်းပြီးနောက်အဖက်ဖက်ကနေ ခက်ခဲလာတာကြောင့် လုပ်ကိုင်ဖို့အဆင်မပြေလာဘူးလို့အရပ်ဘက်အဖွဲ့စည်းတွေပြောပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ထုတ်မှုအများဆုံး‌ ရှမ်းပြည်နယ်ဖြစ်ပြီး တစ်နိုင်ငံလုံးက စိုက်ပျိုးမှုနှုန်း ၈၈ ရာခိုင်နှုန်းက ရှမ်းပြည်နယ်က ဖြစ်တယ်လို့ UNODC မှာဖော်ပြထားပါတယ်။ အဲဒီထဲမှာတော့ ကချင်နဲ့ချင်းပြည်နယ်တို့က အများဆုံးစိုက်ပျိုးပြီး UNODC ရဲ့ ၂၀၂၃ ဒီဇင်ဘာ ၁၂ရက်နေ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ဘိန်းစိုက်ပျိုးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ By – Hope The post ဝိုင်းမော်မြို့မှာ တစ်လအတွင်းမှာဘဲ မူးယစ်ဆေးဝါးရှော့ဖြစ်ပြီး သေဆုံးသူနှစ်ဦးထိရှိလာ appeared first on Kachin News Group (KNG). Source link