ဧရာဝတီတိုင်းမ်အောက်တိုဘာ ၁၄ ရက် ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ယနေ့ ကြေ ညာလိုက်ပါတယ်။ မေလနောက်ပိုင်း ထိုင်ဝမ်ကျွန်းဝန်းကျင် ရေပိုင်နက်အတွင် ပထမဆုံးသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်မယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက အာဏာရရှိပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသား နေ့အခမ်းအနားမှာ မိန့်ခွန်းတစ်ရပ် ပြောကြားပြီးနောက် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မယ့်အစီအ စဉ်ကို ကြေညာခဲ့တာဖြစ်ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထိုင်ဝမ်ကို ကိုယ်စားပြုခွင့်မရှိဘူးလို့ မိန့်ခွန်းအတွင်း လိုင်ချင် တေးက ထည့်သွင်းပြောခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေက ထိုင်ဝမ်ရှိ လွတ်လပ်ရေးတပ်ဖွဲ့တွေရဲ့ ခွဲထွက်ရေးလုပ်ဆောင်ချက်တွေ အတွက် သတိပေးမှုတစ်ခုလို့ တရုတ်စစ်တပ်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုဟာ တိုင်းပြည်အချုပ်အခြာအာဏာနဲ့ အမျိုးသား စည်းလုံးညီညွတ်မှုကို ကာ ကွယ်စောင့်ရှောက်ရာမှာ လိုအပ်တဲ့ တရားဝင် ဆောင်ရွက်မှုလို့ တရုတ်စစ်တပ်က […]
ဧရာဝတီတိုင်းမ်အောက်တိုဘာ ၁၃ ရက် ဒီနှစ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၃ သန်း ထောက်ပံ့မယ့် အ စီအစဉ်တွေကို တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အာဆီယံခရီးစဉ် မပြီးဆုံးမီ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ် သူက အခုလို ကြေ ညာခဲ့တာပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယွန်ဆတ်ခ်ယိုက ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားသမ္မတရုံးက ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်တဲ့ပမာဏကို ယခင်နှစ်ကထက် (၄) ဆအထိ တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ အမျိုးသားလုံခြုံရေးရုံး ဒုတိယညွှန်ကြားရေး မှူး […]