ylliX - Online Advertising Network

AMD အနေဖြင့် Flagship Gaming GPU များကို ဦးစားပေးမည်မဟုတ်ဘဲ အခြားနည်းလမ်းများဖြင့်သာ Nvidia ကို ယှဥ်ပြိုင်မည်ဟုဆို

Image via OC3D IFA 2024 ရဲ့ အမေးအဖြေကဏ္ဍမှာ Tom’s Hardware ရဲ့ အယ်ဒီတာချုပ်ဖြစ်သူ Paul Alcorn က AMD ရဲ့ Senior Vice President ဖြစ်တဲ့ Jack Huynh နဲ့ ပြောဆိုဖို့ အခွင့်အရေးရခဲ့ပါတယ်။ AMD အနေနဲ့သူတို့ရဲ့ မျိုးဆက်သစ် GPU တွေအတွက် flagship မော်ဒယ်တွေ မထုတ်လုပ်တော့ဘူးလို့ သတင်းတွေထွက်နေတဲ့အတွက် RDNA 4 နည်းပညာနဲ့ Radeon RX 8000-series high-end GPU ဈေးကွက်အတွက် ကုမ္ပဏီရဲ့အစီအစဉ်တွေကို Huynh ကို တိုက်ရိုက်မေးမြန်းရခြင်းဖြစ်ပါတယ်။ အရင်ကတည်းက AMD ရဲ့ Radeon RX 8000-series မှာ high-end […]

AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာစေမည့် Windows Update ကို Windows 11 23H2 တွင် ရယူနိုင်ပြီ

Image: AMD Windows 11 ရဲ့ 24H2 update ထွက်ဖို့ကို စောင့်နေတဲ့သူတွေအတွက် Zen 3၊ Zen 4 နဲ့ Zen 5 CPU တွေမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တိုးတက်မှုတွေကို ရှာဖွေခွင့် ရရှိနေပြီဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။ AMD က Tom’s Hardware ကိုထုတ်ပြန်တဲ့ သတင်းအရ အဆိုပါတိုးတက်မှုတွေကို ရရှိစေမယ့် branch prediction optimizations တွေကို Windows 11 23H2 ထဲမှာ KB5041587 အမည်နဲ့ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ KB5041587 update ကိုတင်ချင်တယ်ဆိုရင်တော့ Windows Update > Advanced options > Optional updates ထဲမှာ ရှာဖွေသွင်းယူနိုင်ပါတယ်။ […]

Windows 11 24H2 update တွင် AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာမည်

Image via OC3D ဒီလအစောပိုင်းမှာ Microsoft ရဲ့ Windows 11 မှာ AMD Ryzen CPU တွေရဲ့ ဂိမ်းစွမ်းဆောင်ရည်ကိုကျဆင်းbug တစ်ခုရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ bug ဟာ AMD Ryzen 9000 series တွေကိုသာမက ယခင် Zen 3 နဲ့ Zen 4 CPU တွေကိုပါသက်ရောက်မှုရှိနေတာကိုတွေ့ရပါတယ်။ ဒီ bug ကိုပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် AMD ရဲ့ Ryzen 5000-9000 CPU တွေမှာ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်တွေရလာမယ်လို့ သိရပြီး ကနဦးစမ်းသပ်ချက်တွေအရ Windows 11 23H2 update မှာ အလားအလာကောင်းတွေတွေ့မြင်‌နေရပါတယ်။ Hardware Unboxed ဟာ Windows 11 24H2 update […]