(၁)သီတင်းကျွတ်လပြည့်နေ့မှာ နိုင်ငံတဝန်းက တန်ခိုးကြီးစေတီတွေမှာ ဘုရားဖူးတွေနဲ့ စည်ကားခဲ့တဲ့သတင်း (၂)လေးကေ့ကော်အနီးရှိ စစ်ကောင်စီရဲ့ စွယ်တော်အမြောက်ကုန်းကို KNLA/PDF ပူးပေါင်းတပ် သိမ်းပိုက်လိုက်နိုင်တဲ့သတင်း (၃)စစ်ဘေး၊ ရေဘေးတွေကြောင့် အဖြစ်လုပ်ခဲ့ရတဲ့ ကျောက်ဆည်ဆင်ပွဲ (၄)တရုတ်ရဲ့ BRI စီမံကိန်းတွေ တိုးမြှင့်လုပ်ဆောင်ဖို့ ပါကစ္စတန် ဝန်ကြီးချုပ်တိုက်တွန်းလိုက်တဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
(၁)AA ထိုးစစ်မြှင့်လိုက်လို့ ဂွမြို့ပေါ်အနီးထိ တိုက်ပွဲတွေ ရောက်လာတဲ့သတင်း (၂)သီပေါမြို့ကို TNLA နဲ့ မဟာမိတ်တပ်တွေ အလုံးစုံထိန်းချုပ်လိုက်နိုင်တဲ့သတင်း (၃)လားရှိုး ဗုံးထပ်ကြဲခံရလို့ လေးယောက်သေဆုံးတဲ့အပြင် နှစ်ယောက်ဒဏ်ရာရတဲ့သတင်း (၄)NCA ထောက်ခံတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ အတွင်းရေးမှူးဟောင်းနှစ်ယောက်ကို PNLO ထုတ်ပယ်လိုက်တဲ့သတင်း (၅)ကလေးငယ်အယောက် ၂၀ လောက်သေဆုံးစေခဲ့တဲ့ ကျောင်းကားမီးလောင်မှုမှာ နစ်နာသူတွေကို ဘတ်သန်း ၆၀ နီးပါးထောက်ပံ့မယ်ဆိုတဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။ Source link
ဒီကလန် ရိုက်ဟာ ဒိန်းမတ်နဲ့ပွဲက သူ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး အိုင်ယာလန်အသင်းဖော်ဟောင်း ဂျိမ်းစ် မက်ကလင်းက ပြစ်တင်ဝေဖန်ခဲ့မှုကို ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဂန်းနားတွေရဲ့ ပေါင်သန်း ၁၀၀ တန် စံချိန်တင် ကစားသမားခေါ်ယူမှုဖြစ်တဲ့ ဒီကလန် ရိုက်ဟာ ပြီးခဲ့တဲ့ရာသီမှာ အာဆင်နယ်နဲ့အတူ ကောင်းမွန်တဲ့ပွဲဦးထွက်ရာသီကို ပိုင်ဆိုင်ခဲ့ပြီး အဆင့် ၂ နေရာနဲ့ ရာသီပြီးဆုံးနိုင်ခဲ့တာဖြစ်ပါတယ်။ အာတီတာရဲ့အသင်းဟာ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ရဲ့ ခြေစွမ်းကို နောက်ထပ်အဆင့်တစ်ခုကို မြှင့်တင်ပေးနိုင်ခဲ့ပြီး ယူရို ၂၀၂၄ အုပ်စုအဖွင့်ပွဲစဉ် ၂ ပွဲက ဒီကလန် ရိုက်ရဲ့ စွမ်းဆောင်ရည်ဟာ ဂန်းနားတွေအတွက် ပြသခဲ့တဲ့ခြေစွမ်းလောက် ကောင်းမွန်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ ဒိန်းမတ်နဲ့ တစ်ဖက် ၁ ဂိုးသရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်း ကွင်းလယ်မှာ အလက်ဇန်းဒါး-အာနိုးနဲ့ ချိတ်ဆက်ကစားနိုင်ဖို့အတွက် ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ ဆောက်ဂိတ်က […]