ylliX - Online Advertising Network

မြန်မာနိုင်ငံတောင်ပိုင်း၌ ဆီသင်္ဘော မီးလောင်မှုကြောင့် လူ ၈ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁၄ ရက်က ဆီသင်္ဘော မီးလောင်မှု ဖြစ်ပွားပြီးနောက် လူ ၈ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦး ရှိခဲ့ပြီး တစ်ဦး ပျောက်ဆုံးနေကြောင်း ဒေသန္တရမီးသတ်ဦးစီးဌာနထံမှ အောက်တိုဘာ ၁၅ ရက်တွင် သိရသည်။ယင်းဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ ဆိပ်ကမ်းတစ်ခု၌ အောက်တိုဘာ ၁၄ ရက် ဒေသစံတော်ချိန် ၄ နာရီ ၃၄ မိနစ်တွင် ဖြစ်ပွားခဲ့ပြီး ဆီတင်သင်္ဘောတစ်စီးက အခြားဆီသိုလှောင်သင်္ဘောထံ ဆီဖြည့်ပေးနေစဉ် ဆီသိုလှောင်သင်္ဘော မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယင်းဌာနက ဆိုသည်။ “ဆီသင်္ဘောမှာ ဆီထည့်နေတဲ့အချိန် မီးထလောင်တာ၊ မီးအားတအားပြင်းတယ် စလောင်တဲ့ အချိန်မှာကို […]

မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး ရွေးကောက်တင်မြှောက်ခံရ

မကာအို၊ အောက်တိုဘာ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ ဆဋ္ဌမမြောက် အုပ်ချုပ်ရေးမှူးအဖြစ် ချန်ဟောက်ဟွေး (Sam Hou Fai) က မဲအပြတ်အသတ်ဖြင့် အောက်တိုဘာ ၁၃ ရက်က ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။ ၎င်းသည် တရားဝင်မဲ ၃၉၈ မဲအနက် ထောက်ခံမဲ ၃၉၄ မဲ ရရှိခဲ့ကာ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ Song Man Lei က ၎င်းအား အနိုင်ရသူအဖြစ် ကြေညာခဲ့သည်။မကာအိုဒေသ၏ အုပ်ချုပ်ရေးမှူး ရွေးကောက်တင်မြှောက်ရေး ဥပဒေအရ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲသို့ ရွေးကောက်တင်မြှောက်ရေး ကော်မတီဝင် ၄၀၀ ရှိသည့်အနက် သုံးပုံနှစ်ပုံ တက်ရောက်မဲပေးမည်ဆိုပါက အဆိုပါရွေးကောက်ပွဲ အထမြောက်ကာ ကိုယ်စားလှယ်လောင်းတစ်ဦးအနေဖြင့် […]

တရုတ်နိုင်ငံက အာဆီယံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုမြင့်မားသော အဆင့်သို့ မြှင့်တင်ရေးအတွက် အသင့်ရှိ

ဗီယင်ကျန်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံအနေဖြင့် အာဆီယံပေါင်းစည်းရေး၊ အာဆီယံအသိုက်အဝန်းတည်ဆောက်ရေး၊ မဟာဗျူဟာမြောက် သီးခြားလွတ်လပ်မှုကို အစဉ်အမြဲထောက်ခံမည်ဖြစ်ကြောင်းနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဆက်ဆံရေးအား ပိုမိုမြင့်မားသောအဆင့်သို့ မြှင့်တင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။လီက ၂၇ ကြိမ်မြောက် တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေး၌ အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်ပြီး အေးအတူပူအမျှ တရုတ်-အာဆီယံ အသိုက်အဝန်း တည်ဆောက်ရန် ယခင်နှစ်က အဆင့်သစ်များ လုပ်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ နှစ်ဘက်ပြည်သူများကိုလည်း သိသာထင်ရှားသော အကျိုးကျေးဇူးများ ရရှိစေခဲ့ကြောင်း ပြောခဲ့သည်။ကမ္ဘာ့စီးပွားရေးပြန်လည်နာလန်ထူမှုသည် ဆက်လက်နှေးကွေးနေဆဲဖြစ်ပြီး ကမ္ဘာ့စုစုပေါင်းဝယ်လိုအား မလုံလောက်ခြင်း စသည့်ပြဿနာများမှာလည်း ပိုမိုထင်ရှားလာကြောင်း၊ ဈေးကွက်ကလည်း လက်ရှိ စီးပွားရေးတိုးတက်မှုတွင် အရှားပါးဆုံးအရင်းအမြစ်ဖြစ်လာခဲ့ကြောင်း လီက မှတ်ချက်ပြုခဲ့သည်။တရုတ်နိုင်ငံနှင့် အာဆီယံတို့သည် လူဦးရေ ၁.၄ […]