ရုရှားအမျိုးသားတစ်ယောက်ဟာ လေမှုတ်ဖောင်စီးပြီး ပင်လယ်ထဲ ၆၇ ရက်ကြာ မျောပါခဲ့ပေမဲ့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်မှာ အသက် ၄၆ နှစ်အရွယ် ရုရှားအမျိုးသား ပီချူဂင်ဟာ အသက် ၄၉ နှစ်အရွယ် အစ်ကိုဖြစ်သူ ဆာဂိုင်း၊ ၁၅ နှစ်အရွယ် တူဖြစ်သူ အယ်လာတို့နဲ့အတူ လေမှုတ်ဖောင်စီးပြီး ဆာခါလင်ကျွန်းကို ထွက်ခွာခဲ့ကြပါတယ်။ ရက်ပိုင်းကြာတဲ့အထိ ကျွန်းကို မရောက်လို့ မိသားစုတွေက လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး ရဟတ်ယာဉ်တွေနဲ့အတူ ရှာဖွေ၊ ကယ်ဆယ်ရေးလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ဖောင်ကို အရိပ်အယောင်တောင် မတွေ့ရပါဘူး။ အချိန်ကြာလာတာနဲ့အမျှ သူတို့ကို အသက်ရှင်လျက် ပြန်တွေ့မယ်ဆိုတဲ့ မျှော်လင့်ချက်လည်း နည်းလာခဲ့ပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှာတော့ သူတို့စတင်ထွက်ခွာခဲ့တဲ့နေရာကနေ မိုင် ၆၇၀ ဝေးတဲ့ အိုကော့စ်ပင်လယ်ထဲမှာ […]
ထိုးချင်တဲ့ ထီလက်မှတ် မရလို့ စိတ်တိုနေတဲ့ အမျိုးသားတစ်ဦးဟာ အခြားထီလက်မှတ်ဝယ်ယူရာကနေ အမေရိကန်ဒေါ်လာ ၉.၂ သန်း ထီဆုကြီး ဆွတ်ခူးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ အီလီနွိုက်ပြည်နယ်မှာ နေထိုင်တဲ့ အမည်မဖော်လိုသူ အမျိုးသားဟာ အက်ဒီဆန်မြို့မှ စတိုးဆိုင်မှာ ထီလက်မှတ် ဝင်ဝယ်ရင်း သူထိုးချင်တဲ့ ထီလက်မှတ်မရလို့ ဒေါသထွက်ခဲ့ပါတယ်။ ” ကျွန်တော် ထိုးချင်တဲ့ ထီလက်မှတ်က တစ်ခု။ ဒါပေမဲ့ စက်က Lotto လက်မှတ်ပဲ ဝယ်လို့ရတယ်။ အဲဒီတော့ စိတ်ပျက်လက်ပျက်နဲ့ပဲ Lotto လက်မှတ် ဝယ်ခဲ့ရတာပါ။ ထီဖွင့်ပွဲနေ့မှာ စကန်ဖတ်ကြည့်တော့ ဒေါ်လာ ၉.၂ သန်းဆု ပေါက်တယ်လို့ ပေါ်နေတာ။ ကျွန်တော်ဆို ယုံတောင် မယုံဘူး။ ကျွန်တော့်မိန်းမလည်း ပါးစပ်အဟောင်းသား ဖြစ်နေတာ။ အခုတော့ စက်ပျက်နေတာကို ကျေးဇူးတင်ရမှာပဲ”လို့ သူက […]
ကမ္ဘာ့သံလိုက်စက်ကွင်းထက် အဆပေါင်း ၈ သိန်းကျော် ပိုအားကောင်းတဲ့ ကမ္ဘာ့အားအကောင်းဆုံး သံလိုက်ကို တရုတ်သိပ္ပံပညာရှင်တွေက ဖန်တီးနိုင်ခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှ သံလိုက်စက်ကွင်းသုံး သုတေသနအဆောက်အအုံတွေမှာ အသုံးပြုတဲ့ resistive magnet သံလိုက်အမျိုးအစားပါပဲ။ resistive magnet ဆိုတာ ရိုးရိုးသံတုံးကိုပဲ ကွိုင်တွေနဲ့ရစ်ပတ်ဖန်တီးထားတဲ့ သံလိုက်ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ အမေရိကန်အမျိုးသား သံလိုက်စက်ကွင်းဓာတ်ခွဲခန်းက ၄၁.၄ တက်စလာ အားပြင်းတဲ့ သံလိုက်ကို စမ်းသပ်ပြနိုင်ခဲ့ပြီး အခုနောက်ဆုံး တရုတ်သိပ္ပံပညာရှင်တွေ ဖန်တီးခဲ့တဲ့ သံလိုက်စက်ကွင်းကတော့ ၄၂.၀၂ တက်စလာ အားပြင်းကာ ကမ္ဘာ့အားအကောင်းဆုံးသံလိုက်အဖြစ် စံချိန်သစ် တင်နိုင်ခဲ့တာပါ။ အခုလို စွမ်းဆောင်နိုင်တဲ့ သံလိုက်ကို ဖန်တီးနိုင်ခဲ့တာဟာ superconductor လို ကွယ်ဝှက်ထားတဲ့ အဆင့်မြင့်ပစ္စည်းတွေကို ရှာဖွေနိုင်မယ့်၊ ရူပဗေဒဖြစ်စဉ်သစ်တွေကို လေ့လာနိုင်မယ့် အားပြင်းသံလိုက်စက်ကွင်းတွေ ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ […]
ရက်ကွန်းဝံအကောင် ၁၀၀ လောက်က ခြံထဲဝင်လာပြီး အစာ လာတောင်းနေလို့ အိမ်ထဲကနေ အပြင်မထွက်ရဲတဲ့ အမျိုးသမီးတစ်ယောက်က အရေးပေါ်အဖွဲ့ထံ ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ပိုစဘိုမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ လွန်ခဲ့တဲ့ ၃၅ နှစ်ကတည်းက ရက်ကွန်းဝံမိသားစုကို အစာကျွေးလာခဲ့တာပါ။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်းပတ် ၆ ပတ်ကစပြီး ရက်ကွန်းဝံအကောင်ရေ သိသိသာသာ များလာပြီး အကောင် ၁၀၀ ဝန်းကျင်အထိ ရှိလာခဲ့တာပါ။ အကောင်ရေ များလွန်းလို့ အမျိုးသမီးကြီးကလည်း အိမ်ပြင်မထွက်ရဲလောက်အောင် ကြောက်ရွံ့နေခဲ့ပြီး အရေးပေါ်အဖွဲ့ထံ ဖုန်းဆက် အကူအညီတောင်းခဲ့တာပါ။ ပိုစဘိုမြို့မှာ ရက်ကွန်းဝံတွေကို တွေ့နေကြဖြစ်ပေမဲ့ ဒီလောက် အကောင်ရေအများကြီး တစ်ခါမျှမတွေ့ဖူးလို့ အရေးပေါ်အဖွဲ့ပါ အံ့အားသင့်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ အရေးပေါ်အဖွဲ့က ရက်ကွန်းဝံတွေကို ခြောက်လှန့်ရှင်းလင်းပေးခဲ့ပြီး နောက်ထပ်အစာကျွေးတာမျိုး မလုပ်ဖို့ […]
လက်ဘနွန်နိုင်ငံမြို့တော်မှာ ဟက်ဇ်ဘူလာအဖွဲ့ရဲ့ ကွပ်ကဲရေးဌာနလို့ဆိုတဲ့ နေရာတခုကို အစ္စရေးက ဒီကနေ့ ပစ်မှတ်ထား တိုက်ခိုက်နေသလို၊ ဂါဇာဒေသမှာတော့ လေကြောင်းတိုက်ခိုက်မှု တကြိမ်တည်းမှာတင် လူ ၇၃ ယောက် သေဆုံးကြောင်း အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောလိုက်ပါတယ်။ အီရန်က အားပေးထောက်ခံနေတဲ့ ဟက်ဇ်ဘူလာအဖွဲ့ဟာ နေအိမ်ကို ပစ်မှတ်ထားတိုက်ခိုက်ပြီး လုပ်ကြံဖို့ကြိုးစားခဲ့ကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က စွပ်စွဲခဲ့ပြီးနောက်ပိုင်း ဘေရွတ်မြို့တော်က အမာခံစခန်းကို အစ္စရေးက တိုက်ခိုက်ခဲ့တာပါ။ ဂါဇာစစ်ပွဲ စတင်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက် ဟားမတ်စ်တွေရဲ့ ကျုးကျော်တိုက်ခိုက်မှု ကြုံခဲ့ရတဲ့ ဂျူးလူမျိုးတွေရဲ့ ရက်ရှည်အားလပ်ရက် Sukkot ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဘေရွတ်မြို့တော်မှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအတွင်း Haret Hreik အရပ်က ဆေးရုံနဲ့ […]
စွန့်ပစ်ပစ္စည်းတွေကို အသုံးပြု တည်ဆောက်ပြီး ရေဆိုးကနေတစ်ဆင့် ပြန်လည်ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင်သုံး ကားဟာ လမ်းအမြန်နှုန်း စံချိန်အများအပြားကို ချိုးဖျက်နိုင်ဖို့ ရှိနေပါတယ်။ ဝါးဝစ်တက္ကသိုလ်မှ ထုတ်လုပ်ရေးအဖွဲ့ဝင် ကျောင်းသားတွေက Waste2Race Le Mans Prototype (LMP3) ပြိုင်ကားကို တည်ဆောက်ခဲ့ကြတာပါ။ နောက်ကြည့်မှန်တွေကို သကြားမုန်လာပင်ရဲ့ စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်လုပ်ထားတာဖြစ်ပြီး recycled လုပ်ထားတဲ့ ကာဗွန်ဖိုက်ဘာတွေကိုလည်း အစိတ်အပိုင်းငယ်တွေအဖြစ် အသုံးပြုထားပါတယ်။ ကားစတီယာရင်ကို သဘာဝကရတဲ့ ပစ္စည်းတွေနဲ့ပဲ ဖန်တီးထားတာဖြစ်ပြီး ဘက်ထရီကတော့ တိုက်ကြေကားတစ်စီးကနေ ထုတ်ယူထားတာပါ။ Severn Trent Water စွမ်းအင်ကုမ္ပဏီရဲ့ စွန့်ပစ်ရေဆိုးကနေ ထုတ်လုပ်တဲ့ ဟိုက်ဒရိုဂျင်စွမ်းအင် အသုံးပြုပြီး LMP3 ပြိုင်ကားကို မောင်းနှင်မှာ ဖြစ်ပါတယ်။ ဒီကားဟာ တစ်မိုင်နဲ့ တစ်ကီလိုမီတာ ခရီးအကွာအဝေးနှစ်ခုလုံးအတွက် တာထွက်အမြန်ဆုံး၊ ပန်းဝင်အမြန်ဆုံးစံချိန်ကို […]
တရုတ်က အိမ်နီးချင်းတိုင်းပြည်တွေကို ခြိမ်းခြောက်ဖို့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာလို့ ထိုင်ဝမ် ပြော – Ayeyarwaddy Times Source link
ဟာမတ်စ်ထိပ်တန်းခေါင်းဆောင် ယာယာ စင်ဝါ (Yahya Sinwar)ဟာ ဂါဇာက အစ္စရေးတပ်ဖွဲ့တွေရဲ့ လက်ချက်နဲ့ သေဆုံးသွားပြီဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီး က အတည်ပြုပြောကြားလိုက်ပါတယ်။ Source link
အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ဆွဲထားတဲ့ပုံထဲမှ ကစားကွင်းကို မြို့အာဏာပိုင်တွေက အကောင်အထည်ဖော်ပေးခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ယူတားပြည်နယ် ကလီးယားဖီးလ်မြို့မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရိုဆီလီဟာ သော်နော့ခ်ပန်းခြံထဲမှာ ကလေးကစားကွင်း တည်ဆောက်နေတာကို တွေ့ပြီး ကစားကွင်းထဲမှာ တပ်ဆင်ထားတဲ့ ပစ္စည်းတွေက သူတို့အရွယ် ကလေးငယ်တွေဆော့ဖို့ အဆင်မပြေဘူးလို့ တွေးမိခဲ့တာပါ။ ဒါကြောင့်ပဲ ရိုဆီလီက သူ့စိတ်ကူးထဲက ကစားကွင်းကို အသေးစိတ် ပုံဆွဲခဲ့တာပါ။ သူ့အမေက ရိုဆီလီရဲ့ပုံကို ကလီးယားဖီးလ်မြို့တော်ကောင်စီထံ ပေးပို့ခဲ့ပြီး ပြင်ပဆက်ဆံရေးဒါရိုက်တာ အဲရစ်ဟောင်းကလည်း ဒီပုံတွေကို သဘောကျတာကြောင့် ပုံကြမ်းတစ်ခုချင်းစီကို အသေအချာ အချိန်ယူလေ့လာခဲ့ပါတယ်။ သော်နော့ခ်ပန်းခြံမှာ ကစားကွင်းတည်ဆောက်မှုက ပြီးစီးလုဆဲဆဲ ဖြစ်နေတာမို့ ရိုဆီလီရဲ့ စိတ်ကူးကို ပုံဖော်ပေးဖို့ မဖြစ်နိုင်တာကြောင့် နောက်ထပ်ကစားကွင်းတစ်ခု တည်ဆောက်ဖို့ မြို့တော်ကောင်စီက စီစဉ်ခဲ့ပါတယ်။ သူတို့ဟာ […]
အိန္ဒိယနိုင်ငံသားတစ်ဦး တီထွင်ခဲ့တဲ့ တစ်လက်မသာသာ အဝတ်လျှော်စက်ဟာ ကမ္ဘာ့အသေးဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ ဆီဘင်ဆာဂျီ တီထွင်ခဲ့တဲ့ အဝတ်လျော်စက်ဟာ အလျား ၁.၂၈ လက်မ၊ အနံ ၁.၃၂ လက်မ၊ အမြင့် ၁.၅၂ လက်မပဲရှိပြီး အဝတ်လျော်စက်တစ်လုံးရဲ့ လုပ်ဆောင်မှုမျိုး လုပ်နိုင်ပါတယ်။ အဝတ်လျှော်၊ ရေညှစ်၊ လည်ပတ် စတဲ့ လုပ်ဆောင်မှုမျိုးတွေ လုပ်ပြနိုင်ခဲ့တာကြောင့် ကမ္ဘာ့အသေးငယ်ဆုံး အဝတ်လျှော်စက်အဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့တာပါ။ အလေးချိန်အားဖြင့် ဝ.၈၈ အောင်စပဲ လေးလံပြီး အဲဒီပမာဏက Oreo ကွတ်ကီး နှစ်ချပ်စာလောက်ပဲ ရှိပါတယ်။ Ref: World’s smallest washing machine is smaller than a TamagotchiNZ ( ရိုးရာလေး) Post […]