ylliX - Online Advertising Network

NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းအမှား

ဒီအကြောင်းအရာကို Mandalay khitthit ဆိုတဲ့ Youtube ချန်နယ်တစ်ခုမှာ နိုဝင်ဘာ ၇ ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပြီး သတင်းအမှားဖြန့်ဝေနေတဲ့ ဖေစ့်ဘွတ်ပေချ့်အချို့ကလည်း ပြန်လည်ကူးယူ ဖြန့်ဝေနေတာ ဖြစ်ပါတယ်။ ဖြန့်ဝေရာမှာ ကြာချိန် ၁၀ မိနစ်နီးပါးရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုနဲ့အတူ ‘NUG ကို ထရမ့် အသိအမှတ်ပြု ဖိတ်ခေါ်ပြီ။ တရုတ်က မြန်မာပြည်သူများကို ကျူးကျော်နေပြီး အခုအချိန်မှာ NUG အစိုးရ အင်အားပြရမယ့် အချိန်ဟု တရုတ်ကို အသိပေး’ လို့ ရေးသား ထားတာပါ။ ဒီအကြောင်းအရာကို ဝင်ရောက်ကြည့်ရှု့သူ အများအပြားလည်း ရှိနေပါတယ်။ ဖြန့်ဝေမှုကို ဒီနေရာ မှာ ဝင်ရောက် ကြည့်ရှု့နိုင်ပါတယ်။ သတင်းဆန်းစစ်ချက် NUG ကို ဒေါ်နယ်ထရမ့် ဖိတ်ခေါ်တယ်ဆိုတဲ့ အကြောင်းအရာကို Boom […]

အကြမ်းခံ ဈေးနှုန်းသက်သာပြီး OPPO A3 Series ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်တဲ့ OPPO A3x ကို မြန်မာနိုင်ငံအတွင်း စတင်မိတ်ဆက် | Myanmar Tech Press

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ် OPPO က နောက်ဆုံးပေါ် OPPO A3 Series တွေထဲကမှ ယခင်ထွက်ရှိထားပြီးသား OPPO A3 နဲ့ Chipset တူညီသလို မာကြောမှု ၊ အကြမ်းခံမှုတွေပါ တူညီပြီး ဈေးနှုန်းအနေနဲ့ ပိုမိုသက်သာတဲ့ OPPO A3x (4+128) ဗားရှင်းအသစ် ကို မြန်မာနိုင်ငံဈေးကွက်အတွင်းသို့ ၅၉၉,၉၀၀ ကျပ်ဖြင့် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။  OPPO A3x ကို Nebula Red နဲ့ Ocean Blue ဆိုပြီး အရောင် နှစ်မျိုး ဖြင့် ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီး OPPO A3 နဲ့ Chipset တူညီတာကြောင့် နေ့စဉ် ဖုန်းအသုံးပြုမှုတွေမှာလဲ အဆင်ပြေချောမွေ့စေမှာဖြစ်ပါတယ်။   Image: OPPO ဈေးနှုန်းတူ ဖုန်းများအကြား အမာကြောဆုံး ဖြစ်တဲ့အပြင် Multiple Liquid Resistance ပါဝင်လာတဲ့ OPPO A3x ဈေးနှုန်းတူဝန်းကျင် စမတ်ဖုန်းများအကြား မာကြောမှုဒဏ်တွေကို စမ်းသပ်တဲ့ Military-Grade Shock Resistance စမ်းသပ်မှုကို အောင်မြင်ခဲ့တာကြောင့် MIL-STD 810H Certification ကို ရရှိထားရုံသာမက အခြားသော အကြမ်းခံမှုတွေအတွက် SGS Premium Certification ကိုပါ ဈေးနှုန်းတူ စမတ်ဖုန်းတွေအကြား OPPO A3x က ရရှိပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဒါတင်သာမက Multiple Liquid […]

ဥရောပမှာ ၁ နာရီ ၃၀၃ မိုင် အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ Hyperloop ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ – MyTech Myanmar

Skip to content Hyperloop ဟာ ခရီးသည်နဲ့ ကုန်ပစ္စည်းတွေကို လျှင်မြန်တဲ့ အမြန်နှုန်းနဲ့ သယ်ယူပို့ဆောင်ပေးနိုင်တဲ့ စနစ် ဖြစ်ပါတယ်။ အဲဒီ အိုင်ဒီယာကို Elon Musk က ၂၀၁၃ ခုနှစ်မှာ ပြောကြားခဲ့တာ ဖြစ်ပြီး Tube ထဲကနေ မောင်းနှင်တဲ့ နည်းပညာ ဖြစ်ပါတယ်။ အခုတော့ ဥရောပမှာ Hyperloop ကို ၁ နာရီ ၃၀၃.၄ မိုင် အမြန်နှုန်းနဲ့ ၈၈ မိုင် ခရီးကို စံချိန်တင် အောင်မြင်စွာ စမ်းသပ်မောင်းနှင်နိုင်ခဲ့ပါတယ်။ အဲဒီ စမ်းသပ်မှုကို EPFL, HEIG-VD နဲ့ Swisspod Technologies မှ သုတေသန ပညာရှင်တွေက ပြုလုပ်ခဲ့တာ ဖြစ်ပြီး LIMITLESS စီမံကိန်းရဲ့ […]

Sweet 16 ကို ခံစားရမယ့် အံ့ဩစရာလုပ်ဆောင်ချက်တွေ၊ Limited Edition လက်ဆောင်တွေနဲ့Galaxy A16 စမတ်ဖုန်းအသစ်ကို မြန်မာနိုင်ငံမှာ မိတ်ဆက် | Myanmar Tech Press

 Samsung ရဲ့ နောက်ဆုံးထွက် Galaxy A16 5G စမတ်ဖုန်းကို မြန်မာနိုင်ငံ ဈေးကွက်အတွင်းမှာ Sweet 16 အနေနဲ့ စတင် မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ Galaxy A16 စမတ်ဖုန်းဟာ နေ့စဉ်ဘဝကို ပိုမိုချိုမြိန်သွားစေမယ့် Sweet အဖြစ်ဆုံး ထုတ်ကုန်တစ်ခုအဖြစ် ထွက်ရှိလာတာဖြစ်ပြီး လူငယ်ဆန်တဲ့ အရောင် နဲ့ ဒီဇိုင်း၊ တောက်ပ စိုပြည်ပြီး အကောင်းဆုံး ကြည့်ရှုမှု အရည်အသွေးကို ရရှိစေမယ့် Super AMOLED Display၊ လိုင်းဆွဲအားအကောင်းဆုံး 5G Connection နဲ့ အမိုက်စား Awesome ဖြစ်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ Samsung Myanmar က Galaxy A16 နဲ့အတူ လူငယ်များအကြား ရေပန်းစား လူကြိုက်များတဲ့   ပြည်တွင်းထုတ်ကုန် […]

MPT က “ဉာဏ်ကြီးရှင်” အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိအစီအစဉ်၏ Grand Final ကံထူးရှင်များအား ကံထူးဆုများ လွှဲပြောင်းပေးအပ်

MPT က ၂၀၂၄ ခုနှစ်၊ ဧပြီလ မှ စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် “ဉာဏ်ကြီးရှင်” အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိအစီအစဉ်၏ Grand Final ၏ ကံထူးရှင်များအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၈)ရက်၌ ရန်ကုန်မြို့ရှိ၊ MPT ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် စုစုပေါင်း ကျပ် သိန်း (၁၁၀) ကျော် တန်ဖိုးရှိ ကံထူးဆုများကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ဆုများမှာ_ ပထမဆု- ရွှေ (၁) ကျပ်သား လက်ကောက် ၁ ဆု ဒုတိယဆု- Bashan တံဆိပ် မော်တော်ဆိုင်ကယ် ၁ ဆု တတိယဆု- Hisense တံဆိပ် လက်မ ၄၀ […]

ငါန်းဇွန်တွင် ဖျားနာ၍ တနှစ်​ကျော်က​လေးငယ် အပါ ၄ ဦးသေဆုံး၊ စစ်ရှောင် ၂၀၀ ​ကျော် ဖျား​နာ – BUR.MIZZIMA.COM

ပုံအညွှန်း-​​​သေဆုံးသွားသည့်က​လေးငယ်ပုံ ၊ ဓာတ်ပုံ- ပေးပို့ ဓါတု မဇ္ဈိမ။ ။  ငါန်းဇွန်တွင် စစ်ရှောင်နေကြရသူများ ဖျားနာနေပြီး ဆေးဝါးပြတ်လပ်ကာ ဆေးကုသမှု မခံယူရ၍ တနှစ်ကျော်ကလေးငယ်အပါ လေးဦး သေဆုံးသွားကြောင်း စစ်ရှောင်များထံက သိရသည်။ စစ်ကောင်စီ စစ်ကြောင်းထိုး၍ စစ်ရှောင်နေကြရသူများအနက် လက်ရှိတွင် ဖျားနာနေသူ ဦးရေမှာ ၂၀၀ ခန့် ရှိနေပြီး ဆေးဝါးမရှိ၍ ၎င်းတို့မှာ ဆေးဝါးကုသမှုမခံယူရကြောင်း သိရသည်။ “ဒီ​နေ့မနက် ၁နာရီကတနှစ်ခွဲ က​လေး​လေးတ​ယောက်ဆုံးသွားတယ်။ ကျွန်​တော်တို့​ရောက်လာချိန်မှာ​ ဆေးမမှီ​တော့ဘူး သူဖျား​နေတာ တပတ်​ကျော်​နေပြီ ​သူ့အ​ဖေ  ဦး​ပေါမြကလည်းလွန်ခဲ့တဲ့ ​​၁ရက်​နေ့ကပဲ အဲဒီလိုအ​အေးပတ်ပြီးဆုံးတာ။ စစ်ရှောင်တွေ ရာသီတုပ်​ကွေး​ဝေဒနာခံစား​နေရတယ်”ဟု စစ်​ဘေး​ရှောင် ကူညီကယ်ဆယ်သူ ကိုရာဇာက မဇ္စျိမကို​ပြောသည်။ ကျန်းမာ​ရေးဝန်ထမ်းများ၊ ဆရာဝန်များမှာ စစ်ကိုင်း​ဒေဒေသတွင်သာရှပြီး လမ်းခရီးနယ်​မြေအခက်အခဲ​ကြောင့် သွား​ရောက်ကုသရန်အဆင်မ​ပြေ​ကြောင်း၎င်းကဆိုသည်။ ငါန်းမြာကြီး​​ကျေးရွာ အပြင် […]

Trump ကို လုပ်ကြံဖို့ အီရန်စီစဉ်မှု တရားရေးဌာန ဖော်ထုတ်

Trump ကိုလုပ်ကြံဖို့ အီရန်စီစဉ်မှု တရားရေးဌာန ဖော်ထုတ်US announces charges in alleged Iranian plot to assassinate Trump အမေရိကန်သမ္မတရွေးကောက်ပွဲမှာ အခုအနိုင်ရထားတဲ့ Donald Trump နဲ့ လူသိများတဲ့ အီရန်နွယ်ဘွား အမေရိကန် သတင်းထောက်တယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ အီရန်က စီစဉ်ခဲ့တယ်လို့ အစိုးရရှေ့နေတွေ ပြောကြားလိုက်ပါတယ်။ ဒီစီစဉ်မှုတွေအတွက် အာဖဂန်လူမျိုးတယောက်နဲ့ New York မှာနေသူ ၂ ယောက်ကို အမေရိကန်တရားရေးဌာနက တရားစွဲထားပါတယ်။ အီရန်မှာ အင်အားရှိတဲ့ တော်လှန်ရေး တန်ပြန်အထူးတပ်က Trump ကို လုပ်ကြံဖို့အတွက် အာဖဂန်လူမျိုး Farhad Shakeri ကို အောက်တိုဘာလတုန်းက ငှားရမ်းတာဝန်ပေးခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ လက်ရှိ အီရန်မှာ ရှိနေတယ်လို့ […]

တိုယိုတာ က လျှပ်စစ် လေယာဉ် တက္ကစီကို ပြသ – MyTech Myanmar

Skip to content တိုယိုတာ က အမေရိကန် အခြေစိုက် လျှပ်စစ် လေယာဉ် တက္ကစီတွေကို တီထွင်နေတဲ့ Joby Aviation နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ လျှပ်စစ် လေယာဉ် တက္ကစီကို ပြသလိုက်ပါတယ်။ အဲဒီ လေယာဉ် တက္ကစီဟာ ပိုင်းလော့နဲ့ ခရီးသည် ၄ ယောက်ကို သယ်ဆောင်နိုင်ပြီး ၁ နာရီကို ၂၀၀ မိုင် အမြန်နှုန်းနဲ့ ပျံသန်းနိုင်ပါတယ်။ လျှပ်စစ် လေယာဉ် ဖြစ်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ပျက်ဆီးစေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှင့်မှု မရှိဘဲ အသံဆူညံမှုလည်း မရှိပါဘူး။ လျှပ်စစ် လေယာဉ် တက္ကစီဟာ မြို့ထဲမှာ ကားလမ်း ပိတ်ဆို့တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပြီး ခရီးသည်တွေကို မြို့ထဲမှာ လျှင်မြန်စွာ သယ်ယူပို့ဆောင်ပေးနိုင်ပါတယ်။ […]

Mass Effect ဂိမ်းကို ဇာတ်လမ်းတွဲအဖြစ် Amazon MGM Studios က ရိုက်ကူးသွားမည်

နာမည်ကျော် စိတ်ကူးယဥ်သိပ္ပံအက်ရှင်ဂိမ်းတစ်ခုဖြစ်တဲ့ Mass Effect ဟာ ဗီဒီယိုဂိမ်းတွေကို ရုပ်သံစီးရီးအဖြစ်ပြောင်းလဲဖန်တီးနေတဲ့ လောကထဲ ထပ်မံပါဝင်လာဖို့ ရှိနေပါတယ်။ Variety ရဲ့အစီရင်ခံချက်အရ Amazon MGM က ၂၀၀၇ – ၂၀၂၁ ခုနှစ် အတွင်း ထွက်ရှိခဲ့တဲ့ ဂိမ်းစီးရီးကို ရုပ်သံဇာတ်လမ်းတွဲအဖြစ် ဆက်လက်ဖန်တီးမှာဖြစ်ကြောင်းဆိုပါတယ်။ ဒီဇာတ်လမ်းတွဲကို F9: The Fast Saga ရုပ်ရှင်ရဲ့ဇာတ်ညွှန်းဆရာ Daniel Saga က ဇာတ်ညွှန်းရေးသွားမှာဖြစ်ပြီး ထိုရုပ်ရှင်ဟာ ဝေဖန်မှုခံခဲ့ရပေမယ့် Box Office မှာ $700 သန်းကျော်အောင်ရရှိခဲ့တာပါ။ Mass Effect ၄ခုထဲက ၂ခုကိုဖန်တီးရာမှာ ပါဝင်ခဲ့တဲ့ BioWare စတူဒီယို ရဲ့ ဥက္ကဋ္ဌ Mike Gamble ကလည်း Mass Effect […]

ဘုတလင်မြို့ စစ်တပ်ဝင်သွားသည့်ရွာတွင်  တစ်ဦးသေ၊ အိမ် ၃၀ ကျော် မီးလောင် – Myanmar Now

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် တစ်လနီးပါးကြာ စစ်ကြောင်းထိုးကာ  ဒေသခံများကို ဖမ်းဆီးသတ် ဖြတ်နေသည့် စစ်ကောင်စီတပ်က နိုဝင်ဘာ ၆ ရက်နေ့တွင် မြို့အရှေ့ခြမ်းရှိ သက်ကြီးအမျိုးသား  ၁ ဦးကို သတ်ဖြတ်ပြီး နေအိမ် ၃၀ ခန့်ကို မီးရှို့ခဲ့သည်ဟု သိရသည်။  ဘုတလင်မြို့မှထွက်လာသည့် အင်အား ၈၀ ပါ ထိုစစ်ကြောင်းသည် မြို့နှင့် ကပ်လျက် သဖန်းရွာတွင် တစ်ညအိပ် တပ်စွဲပြီး နောက်တစ်နေ့နံနက် ပြန်အထွက်တွင် ထိုအမှုများ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ရွာခံအမျိုးသားဖြစ်ပြီး ထွက်ပြေးစဉ် စစ်ကြောင်းနှင့်တိုးပြီး ပစ်သတ်ခံရသည်ဟု  ဘုတလင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပကဖ) အဖွဲ့ဝင်တစ်ဦးက ပြောသည်။  “ကျောပိုးလွယ်အိတ်လေးနဲ့တွေ့လို့ PDF ထင်ပြီး နားထင် […]