ylliX - Online Advertising Network

Healthy Lifestyle – Spiceworks Myanmar

အားလုံးပဲ မင်္ဂလာပါ။ညီမကတော့ နီလာဌေး ပါ။ ဒီနေ့ ဘလော့ဂ်အတွက် Healthy Lifestyle ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ထားပါတယ်။ ညီမတို့ နေ့စဉ်ဘဝမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ နောက်ပြီး စိတ်ရော၊ ကိုယ်ရော ကျန်းမာနေဖို့ လိုအပ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျန်းမာနေတုန်းမှာတော့ သတိမထားမိပေမယ့် မကျန်းမာတဲ့အခါမှာ သတိထားမိကြမယ် ထင်ပါတယ်။ နေမကောင်းဖြစ်ရင် ဆေးခန်းပြရတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ရောဂါရဲ့ ဝေဒနာကို ခံစားနေရတာအပြင် ပိုက်ဆံလည်း ပိုကုန်ပါတယ်။ နောက်ပြီး အခုအခြေအနေအရ လူတော်တော်များများမှာ စိတ်ဖိစီးမှုတွေ အရင်ကထက် ပိုပြီးများလာကြတယ်။ အဲ့ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကပါ ကျန်းမာရေးနဲ့ မညီညွတ်နိုင်တော့ဘူး။ အလုပ်သဘောအရလည်း အထိုင်များလာကြတယ်။ နောက်ပြီး အလုပ်ရှုပ်တဲ့အတွက် အသင့်စား (Fast Food) တွေ […]

Essential SEO Tips for Future (What is the August 2024 Google Search Core Update?) – Spiceworks Myanmar

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်(အမေရိကန်စံတော်ချိန်)တွင် Google Search Central သည် ၎င်း၏ search engine algorithm အတွက် Core Update တစ်ခုကို ထုတ်ပြန်လိုက်ကြောင်း ကြေညာခဲ့သည်။ ဒီတစ်ခေါက်မှာတော့ Core Update လုပ်ခဲ့တဲ့အကြောင်းအရာနှင့် နောက်ပိုင်း မည်သို့လုပ်ဆောင်ရမလဲဆိုသည့် အကြောင်းအရာကို အကျဉ်းချုပ်ဖော်ပြပေးပါမည်။ >> SEO အတွက် အခမဲ့ တိုင်ပင်ဆွေးနွေးမှုရယူပါ။ မာတိကာ 1. Core Update ဆိုတာဘာလဲ2. ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ Core Update ၏ အဓိက အကြောင်းအရာများ3. Spam ကာကွယ်မှု အားကောင်းစေခြင်း4. Creator များ၏ အမြင်များကိုလက်ခံထည့်သွင်းခြင်း5. အသေးစား Website များနှင့် Independent […]

Work From Home Journey – Spiceworks Myanmar

ကျွန်မကတော့ Spiceworks Myanmar မှာ အလုပ်လုပ်ကိုင်နေသော မခင်ပွင့်ဖြူခိုင် ဖြစ်ပါတယ်ရှင့်။ ကျွန်မအလုပ်လုပ်ကိုင်နေသော ကုမ္ပဏီမှာ ကျွန်မအလုပ်စဝင်သောအချိန်ကတော့ Onsite ပတ်ဝန်းကျင်ဖြစ်ပြီးတော့ နောက်ပိုင်းမှာတော့ အခြေအနေတစ်ခုကြောင့် Work from home ခရီးကိုစတင်လျှောက်လှမ်း လာခဲ့ရပါတယ်။ လျှောက်လှမ်းလာသော ခရီးရဲ့ အ‌တွေ့အကြုံများကို မျှဝေတင်ဆက်ပေးချင်ပါတယ်ရှင့်။ ကျွန်မတို့ ကုမ္ပဏီဟာဆိုရင် အခုလက်ရှိအထိ Work from home ခရီးကိုပဲ ဆက်လက်လျှောက်လှမ်းလျက်ရှိပါတယ်။ အရင်ကတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်သော ကိုဗစ်-၁၉ ကြောင့် အိမ်မှာနေပြီးအလုပ်လုပ်ကိုင်ရသော အခြေအနေကို ရောက်ရှိခဲ့ရပါတယ်။ Work from home စတုန်းက အခက်အခဲတွေက ဘာတွေလဲ။အလုပ်ကို တစ်ခါမှ အိမ်ကနေ မလုပ်ကိုင်ဖူးတဲ့အတွက် စိုးရိမ်မှုလေးတွေတော့ ရှိပါတယ်။ အဆင်မှပြေပါမလား၊ လုပ်မှလုပ်နိုင်ပါမလားဆိုတဲ့ အတွေးတွေကတော့ ပထမဖြစ်မိတာပေါ့‌နော်။ ဒါပေမယ့်လည်း စတင်ပြီး […]

Using Hyperlink – Spiceworks Myanmar

အားလုံးပဲ မင်္ဂလာပါ။ ကျွန်မကတော့ အိဖြိုးမွန် ပါ။ ယခုတစ်ပတ် မျှဝေဖို့ ရွေးချယ်ဖြစ်တဲ့ ခေါင်းစဥ်လေးကတော့ “Using Hyperlink” ဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့  “Hyperlink” ဆိုတာဘာလဲ။ ဘယ်လိုအသုံးဝင်လဲ ဆိုတာကို ကျွန်မ သိထားသမျှ အနည်းငယ်ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ Hyperlink ဆိုတာက excel ထဲမှာ ရှိနေတဲ့ File တွေ၊ Sheet တွေကို အလွယ်တကူ ဖွင့်ချင်တဲ့အခါ အသုံးပြုရတာ ဖြစ်ပါတယ်။ File အချင်းချင်းချိတ်ဆက်ပြီး ဖွင့်လို့ရအောင်ပြုလုပ်လို့ ရသလို Excel ထဲမှာ Sheet အချင်းချင်းချိတ်ပြီး ဖွင့်လို့ရအောင် ပြုလုပ်လို့ ရတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ပထမဦးစွာ Excel Sheet အချင်းချင်း ချိတ်တာကို ပြပေးသွားပါမယ်။ မိမိတို့ […]

Benefits of learning a language – Spiceworks Myanmar

အားလုံးပဲ မင်္ဂလာပါ။ ကျွန်တော်ကတော့ Spiceworks Myanmar မှ ညီညီဇော် ဖြစ်ပါတယ်။ ဒီနေ့ကတော့ ဘာသာစကား တစ်ခု သင်ယူတာနဲ့ ပတ်သက်ပြီး ရရှိလာမယ့်အရာတွေကို ပြောပြပေးသွားပါမယ်ခင်ဗျ။ ဘာသာစကား သင်ယူရာမှာ တစ်ယောက်နဲ့ တစ်ယောက် ရည်ရွယ်ချက် မတူကြပါဘူး။ ဝါသနာပါလို့၊ စိတ်ဝင်စားလို့၊ နိုင်ငံရပ်ခြားမှာ ကျောင်းသွားတတ်ဖို့၊ လုပ်ငန်းလိုအပ်ချက်ကြောင့်ဖြစ်ဖြစ်၊ ဘာသာစကား အသစ် တစ်ခုခုကို ရည်ရွယ်ချက် ကိုယ်စီနဲ့ သင်ကြပါတယ်။ အဲ့ဒီ ရည်ရွယ်ချက်တွေကလည်း ခေတ်နဲ့ လိုက်ပြီး ပြောင်းလဲတယ်လို့ ထင်ပါတယ်။ ဘာသာစကား အသစ် တစ်ခု မသင်ခင် မိမိကိုယ်ကို မေးရမည့် အကြောင်းအရာ တချို့ကို ပြောပြပါမယ်။ ဘာသာစကား သင်တဲ့သူက မသင်တဲ့သူထက် ရတဲ့ အချိန်က နည်းတတ်ပါတယ်။ အထူးသဖြင့် အလုပ်လုပ်ပြီး အချိန်ဇယားတွေနဲ့ သင်ကြရတဲ့သူတွေဆိုရင် […]