ylliX - Online Advertising Network

AMD က Ryzen 9000 စီးရီး Desktop Processor များအတွက် AGESA 1.2.0.2 အသစ်ကို ထုတ်ပြန်၊ Ryzen 7 9700X နှင့် 9600X တို့အတွက် cTDP ကို 105W သို့ပြောင်းလဲ

Image: AMD AMD က ဒီနေ့မှာ Ryzen 9000 ‘Granite Ridge’ desktop processor တွေအတွက် မိတ်ဆက်မှု လေးခုကို ကြေညာလိုက်ပါတယ်။ အဓိကအားဖြင့် ဒီကြေညာချက်တွေက ဒီနှစ်သြဂုတ်လအစမှာမိတ်ဆက်ထားခဲ့တဲ့ processor တွေကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေမယ့်အရာတွေဖြစ်ပါတယ်။  ပထမဆုံးအနေနဲ့, AMD က Ryzen 7 9700X နဲ့ Ryzen 5 9600X processor တွေအတွက် 105 W cTDP mode (configurable TDP) ကို မိတ်ဆက်လိုက်ပြီး warranty ကိုလည်း အပြည့်ပေးထားပါတယ်။ အဆိုပါ cTDP mode ကို AGESA ComboAM5 PI 1.2.0.2 microcode ထည့်သွင်းထားတဲ့နောက်ဆုံးထွက် […]

AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာစေမည့် Windows Update ကို Windows 11 23H2 တွင် ရယူနိုင်ပြီ

Image: AMD Windows 11 ရဲ့ 24H2 update ထွက်ဖို့ကို စောင့်နေတဲ့သူတွေအတွက် Zen 3၊ Zen 4 နဲ့ Zen 5 CPU တွေမှာ ကောင်းမွန်တဲ့စွမ်းဆောင်ရည်တိုးတက်မှုတွေကို ရှာဖွေခွင့် ရရှိနေပြီဆိုတဲ့ သတင်းကို ပြောပြချင်ပါတယ်။ AMD က Tom’s Hardware ကိုထုတ်ပြန်တဲ့ သတင်းအရ အဆိုပါတိုးတက်မှုတွေကို ရရှိစေမယ့် branch prediction optimizations တွေကို Windows 11 23H2 ထဲမှာ KB5041587 အမည်နဲ့ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ KB5041587 update ကိုတင်ချင်တယ်ဆိုရင်တော့ Windows Update > Advanced options > Optional updates ထဲမှာ ရှာဖွေသွင်းယူနိုင်ပါတယ်။ […]

Windows 11 24H2 update တွင် AMD Ryzen CPU များ၏ ဂိမ်းစွမ်းဆောင်ရည် တိုးတက်လာမည်

Image via OC3D ဒီလအစောပိုင်းမှာ Microsoft ရဲ့ Windows 11 မှာ AMD Ryzen CPU တွေရဲ့ ဂိမ်းစွမ်းဆောင်ရည်ကိုကျဆင်းbug တစ်ခုရှိနေတာကိုတွေ့ရှိခဲ့ပါတယ်။ အဆိုပါ bug ဟာ AMD Ryzen 9000 series တွေကိုသာမက ယခင် Zen 3 နဲ့ Zen 4 CPU တွေကိုပါသက်ရောက်မှုရှိနေတာကိုတွေ့ရပါတယ်။ ဒီ bug ကိုပြင်ဆင်နိုင်ခဲ့မယ်ဆိုရင် AMD ရဲ့ Ryzen 5000-9000 CPU တွေမှာ သိသာထင်ရှားတဲ့ စွမ်းဆောင်ရည်တွေရလာမယ်လို့ သိရပြီး ကနဦးစမ်းသပ်ချက်တွေအရ Windows 11 23H2 update မှာ အလားအလာကောင်းတွေတွေ့မြင်‌နေရပါတယ်။ Hardware Unboxed ဟာ Windows 11 24H2 update […]