ylliX - Online Advertising Network

မြန်မာ့တူရိယာစောင်းကောက်ကို စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြတိုက်သို့ လွှဲပြောင်းပေးအပ် –

မြန်မာ့တူရိယာစောင်းကောက်ကို ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ရှိ Sheremetev Palace ဂီတပြ တိုက်သို့ ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းမှ နိုဝင်ဘာ ၂၀ ရက်က လွှဲပြောင်းပေးအပ်ခဲ့သည်။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးဦးသစ်လင်းအုန်းနှင့် စိန့်ပီတာစဘတ်အစိုးရအဖွဲ့၊ ပြင်ပဆက်ဆံရေးကော်မတီ ဒု-ဥက္ကဋ္ဌ Mr. Vyacheslav Kalganov နှင့် ဂီတပြတိုက်မှ ဒါရိုက်တာ Ms. Natalia Metelitsa တို့က အဖွင့်အမှာစကားများ ပြောကြား ခဲ့ကြသည်။ ထို့နောက် မြန်မာ့သိုင်းပညာဖျော်ဖြေသရုပ်ပြမှုအပါအဝင် မြန်မာ၊ တောင်ကိုရီးယားနှင့် အင်ဒိုနီးရှားယဉ်ကျေးမှုအဖွဲ့များက အဆို၊ အကများဖြင့် ဖျော်ဖြေခဲ့ကြသည်။ Source link

ဗိုလ်ချုပ်ကြီးမောင်မောင်အေး (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း) ‌ေ-သနတ်ပစ်ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲသို့တက်ရောက်

ဖိလစ်ပိုင်နိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)‌ေ-သနတ်ပစ်ပြိုင်ပွဲ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ ၂၂ ရက် နံနက်ပိုင်းက ကျင်းပခဲ့စဉ် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး တက်ရောက်ခဲ့သည်။ အဆိုပါအခမ်းအနားကို ဖိလစ်ပိုင်နိုင်ငံ၊ Tarlas မြို့၊ Camp O’Donnell ရှိလက်နက်ငယ်ကျွမ်းကျင်မှု လေ့ကျင့်ရေးကွင်း၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များလည်း တက်ရောက်ခဲ့ကြသည်။ (၃၂)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)‌ေ-သနတ်ပစ်ပြိုင်ပွဲတွင် မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းသည် အမှတ်ပေးပစ်ခတ်စဉ်များတွင် နိုင်ငံအလိုက်အဆင့်(၄)၊ အမှတ်ပေးပစ်ခတ်စဉ်နှင့် ထိလဲပြားပစ်ခတ်စဉ်တွင် နိုင်ငံအလိုက်အဆင့်(၃)ရရှိခဲ့ပြီး ဆုတံဆိပ်များအနေဖြင့် ရွှေတံဆိပ်(၅)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၇)ခုရရှိခဲ့သည်။ မြန်မာ့တပ်မတော်ကိုယ်စားပြုအသင်းသည် ယနေ့ နိုဝင်ဘာ ၂၃ ရက်ညပိုင်းက ဖိလစ်ပိုင်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံ နေပြည်တော်လေဆိပ်သို့ပြန်လည်ရောက်ရှိခဲ့ပြီး တပ်မတော်အရာရှိကြီးများမှ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ Source link