ယခုဘောလုံးရာသီ၏ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ယှဉ်ပြိုင်ကစားမည် ယခုနှစ် ဘောလုံးရာသီ၏ ပထမဆုံး El Clasico ပွဲစဉ်အဖြစ် အောက်တိုဘာ ၂၆ ရက် ညပိုင်းတွင် ခါးသီးပြိုင်ဘက်များဖြစ်သည့် ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာအသင်းတို့ ရီးရဲလ်အသင်း၏အိမ်ကွင်း ဆန်တီယာဂို ဘာနေဗျူး၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ လက်ရှိ လာလီဂါအမှတ်ပေးဇယား ရပ်တည်မှုတွင် ဘာစီလိုနာအသင်းက အဆင့်-၁၊ ရီးရဲလ်အသင်းက အဆင့်-၂ နေရာတို့တွင် အသီးသီးရပ်တည်နေကာ ဘာစီလိုနာအသင်းက ယခုနှစ် ဘောလုံးရာသီတွင် ၁၀ ပွဲကစားပြီးချိန်တွင် ၉ ပွဲနိုင်၊ ၁ ပွဲ ရှုံးနိမ့်ကာ ရီးရဲလ်အသင်းအား ၃ မှတ် အသာရထားသည်။ ….. ယူအီးအက်ဖ်အေ ယူရိုပါလိဂ်ပွဲစဉ်၌ ဖရန့်ဖွတ်က ရီဂါ အက်ဖ်အက်စ်အား အနိုင်ရရှိ […]
ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေဈေးမဖွင့်တော့သည်မှာ ၁၄၃ ရက် မြောက်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီသတ်မှတ်ဈေးအတိုင်း မရောင်းပါက ဖမ်းဆီးပြီး ပိုင်ဆိုင်မှုကိုပါ သိမ်းဆည်းမည်ဟု ခြိမ်းခြောက်ထားသည့်အတွက် ဇွန်လ ၅ ရက်နေ့မှစကာ အခေါက်ရွှေဈေး မဖွင့်တော့ပေ။ ထိုကြောင့် ထားဝယ်ဈေးကွက်တွင် အခေါက်ရွှေဈေးမဖွင့်တော့ဘဲ ရန်ကုန်ဈေးကွက်ကို အခြေခံကာ ကြိုက်ရောင်းကြိုက်ဝယ် ဖြစ်နေသည်။ ရန်ကုန်ဈေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားလျှင် ၆,၆၀၀,၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ငွေလဲနှုန်းမှာ အတက်ဈေးတွင် ငြိမ်နေပြီး မြန်မာငွေတစ်သိန်းလျှင် ၇၄၅ ဘတ် ဈေးဖွင့်ထားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် အမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။ Source link
ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းဆဲလ်သည် အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၂၀ ရက်နံနက် ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ လေဖိအားနည်းဆဲလ်သည် ဘင်္ဂလားပင်လယ် အော်အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတိုတွင် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာ ၂၁ ရက်တွင်ရောက်ရှိမည်ဖြစ်ပြီး အောက်တိုဘာ ၂၃ ရက်တွင် မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်မည်ဖြစ်သည်။ ထိုသို ရောက်ရှိလာမှုကြောင့် ယနေ့ အောက်တို ဘာ ၂၀ ရက်မှ ၂၄ ရက်အတွင်း ရန်ကုန်တိုင်း၊ နေ ပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ […]
“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ” ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။ ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။ ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ […]
“ကျပ်ငွေဈေး ပြန်ကျ” ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေများခဲ့ပြီး အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေပဲ စစ်ကောင်စီလက်အောက်ခံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။ စစ်ကောင်စီဗဟိုဘဏ်က အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းကိုရောင်းချပေးခဲ့သလို ထိုင်းတစ်ဘတ်ကို ၁၁၆ ကျပ်နီးပါးနှုန်းနဲ့ သန်း ၂၀၀ နီးပါးအထိ ရောင်းချပေးခဲ့တယ်လို့ သူတို့ရဲ့ FX အွန်လိုင်းဈေးကွက်မှာ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေဈေးတွေဟာ အမြင့်ဈေးတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာက အဲဒီအမြင့်ဈေးတွေနဲ့ ပြန်ပိတ်သွားခဲ့ပါတယ်။ ဒီတစ်ပတ် အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ လေးရက်လုံး အကျဈေးမှာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရက်တွေအတွင်း ငွေကြေးဈေးကွက်ထဲ […]
Credit to Popular Journal – ရာသီဥတုဖြစ်စဥ်(၄)ခုကြောင့် ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်(၇)ခု၌ အောက်တိုဘာ ၁၉ ရက်မှစတင်၍ ၆ ရက်ခန့်မိုးသည်းထန်စွာရွာသွန်းနိုင်သည်ဟု မိုးဇလမှ ယနေ့ အောက်တိုဘာ ၁၇ ရက်ည ၇ နာရီက အထူးမိုးလေဝသသတင်းအဖြစ် အသိပေးခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းနိုင်ခြင်းသည် ထိုင်းပင် လယ်ကွေ့မှရွေ့လျားလာနိုင်သော လေပွေလှိုင်းများ၏အရှိန်၊ ကပ္ပလီပင်လယ်ပြင်တွင်ဖြစ်ပေါ် လာနိုင်သော လေဖိအားနည်းဆဲလ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်လာနိုင်သော လေဖိ အားနည်းရပ်ဝန်း၏အရှိန်၊ အပူပျံတက်တိမ်များဖြစ်ထွန်းမှုအားကောင်းခြင်းတို့ကြောင့်ဖြစ်သည်ဟု မိုးဇလကအသိပေးခဲ့သည်။ ထို့ကြောင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီ တိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် အောက်တိုဘာ ၁၉ ရက်မှ ၂၄ ရက်အတွင်း နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း မိုးဇလကအသိပေးခဲ့သည်။ ထို့ပြင် အချို့ဒေသများ၌ […]