ylliX - Online Advertising Network

တောင်ကိုရီးယားက မြန်မာသို့ စာနာမှုအကူအညီ ဒေါ်လာ ၂၃ သန်း ပံ့ပိုးကူညီမယ် – Ayeyarwaddy Times

ဧရာဝတီတိုင်းမ်အောက်တိုဘာ ၁၃ ရက် ဒီနှစ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၂၃ သန်း ထောက်ပံ့မယ့် အ စီအစဉ်တွေကို တောင်ကိုရီးယားသမ္မတ ယွန်ဆတ်ခ်ယိုက သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ အာဆီယံခရီးစဉ် မပြီးဆုံးမီ အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲတက်ရောက်စဉ် သူက အခုလို ကြေ ညာခဲ့တာပါ။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ အရှေ့အာရှ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ တွေ့ဆုံဆွေးနွေးမှုက အထောက်အကူ ဖြစ်စေနိုင်တယ်လို့ ယွန်ဆတ်ခ်ယိုက ပြောကြားခဲ့ကြောင်း‌ တောင်ကိုရီးယားသမ္မတရုံးက ဆိုပါတယ်။ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီ ပေးအပ်တဲ့ပမာဏကို ယခင်နှစ်ကထက် (၄) ဆအထိ တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ အမျိုးသားလုံခြုံရေးရုံး ဒုတိယညွှန်ကြားရေး မှူး […]

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ – iMyanmarHouse.com

[Unicode] ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စုမှ နေခြည်ဖြာ ပြည်နယ်ဟု လူသိများသော ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီကမ်းခြေရှိ ကန်ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။ ဘောလုံးကြယ်ပွင့်ဘဝမှ မေဂျာလိဂ်ကလပ်အသင်းပိုင်ရှင်ဘဝသို့ ကူးပြောင်းခဲ့သူ ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဇနီးဖြစ်သူတို့က ဘက်ခမ်း၏ အသင်းဖြစ်သော Inter Miami ၏ ကစားကွင်းမှ မော်တော်ကားဖြင့် မိနစ် ၄၀ ခန့်သာ ဝေးကွာသောနေရာရှိ ကမ်းခြေစံအိမ်ကြီးကို သဘောကျနေကြခြင်း ဖြစ်သည်။ The Real Deal သတင်းဌာန၏ ဖော်ပြချက်အရ ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့သည် အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါသော အဆိုပါစံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်နေသည်ဟု ဆိုသည်။ […]