စစ်တပ်က အကြိမ်ရေ ရာနှင့်ချီပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ပင်လည်ဘူးမြို့သည် ယခုအခါ မြို့ပျက်ကြီးသဖွယ် ကြေမွ၊ ပျက်စီးနေသည်ကို ယခုရုပ်သံတွင် မြင်တွေ့ရသည်။ စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။ လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။ ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများဘက်က ပြောသည်။ မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၀၂ ဦး ရခဲ့ပြီး ထိုအထဲတွင် ရာထူးအမြင့်ဆုံးမှာ ဒုဗိုလ်မှူးကြီး တစ်ဦး […]
ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် ဆေးသင်တန်းတက်နေသည့် တော်လှန်ရေးရဲဘော် ၁၈ ဦး သေဆုံးခဲ့ရသည်မှာ ယနေ့(အောက်တိုဘာ ၁၁)တွင် တစ်လတိတိ ပြည့်ခဲ့ပြီ ဖြစ်သည်။ ‘ဟက်ပီးမစ်ရှင်’ ဟု အမည်ပေးထားသော ညဘက်လေ့ကျင့်ရေးအစီအစဉ်တစ်ခုတွင် ဝန်ထုပ်ဝန်ပိုးဖြင့် ချောင်းကူး လေ့ကျင့်ခန်းဝင်ကြရသည့် သင်တန်းသားများမှာ တောင်ကျရေကြောင့် ရေနစ်သေဆုံးခဲ့ရသည်၊ သင်တန်းအုပ်ချုပ်သူတို့က လိုအပ်သည့် လေ့လာပြင်ဆင်မှု မရှိခဲ့ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အစီရင်ခံထားသည်။ အောက်တိုဘာ ၁၁ ညဦးပိုင်းက ထိုလေ့ကျင့်ခန်းအတွင်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည့် ဆေးသင်တန်းသားတစ်ဦးကို အခင်းဖြစ်ချိန် အတွေ့အကြုံနှင့်ပတ်သက်ပြီး Myanmar Now က ဆက်သွယ်မေးမြန်းထားသည်။ မေးမြန်း – စောရယ် Source link