ylliX - Online Advertising Network

လူအများ၏ အသက်ကိုကယ်ဆယ်နိုင်ရေးအတွက် MPT ဝန်ထမ်းများနှင့် စေတနာ သွေးလှူရှင်များက (၁၄) ကြိမ်မြောက် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းကို ဆောင်ရွက်

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်သော (၁၄) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် အသီးသီး အောင်မြင်စွာ ကျင်းပ ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုတွင် စေတနာသွေးလှူရှင် စုစုပေါင်း (၂၁၀) ဦးပါဝင်လှူဒါန်းခဲ့ကာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဆေးရုံများနှင့် အမျိုးသားသွေးဌာနများရှိ အရေးပေါ် သွေးလိုအပ်ချက် ရှိသူများအတွက် အထောက်အပံ့ပြုလှူဒါန်းနိုင်ခဲ့ပြီး ဖြစ်ပါသည်။ ယခုလို စုပေါင်းသွေးလှူဒါန်းမှုအစီအစဉ်ကို စတင်ဆောင်ရွက်ခဲ့သည့်အချိန်မှစ၍ MPT သည် များစွာသော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ခဲ့ပြီး စေတနာသွေးလှူရှင်ပေါင်း (၈,၆၀၀) ကျော်က သွေးအိတ်ပေါင်း (၈,၀၀၀) ကျော်ကို လှူဒါန်းနိုင်ခဲ့ပါသည်။ အဆိုပါလှူဒါန်းမှုများသည် […]

“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“တက်ဈေးနဲ့ ငြိမ်နေတဲ့ စက်သုံးဆီ”   ဒီတစ်ပတ် စက်သုံးဆီဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ကတည်းက တက်ထားတဲ့ ဈေးနှုန်းတွေအတိုင်း ငြိမ်နေတာတွေ့ရပါတယ်။   အရောင်းအဝယ်ပိုင်းမှာလည်း အရင်လို နာရီနဲ့ချီ ကြာအောင် တန်းစီဝယ်ယူရတာမျိုးမရှိပေမဲ့ ဆိုင်ကြီးတချို့မှာပဲ စက်သုံးဆီအမျိုးအစားအားလုံး ရပြီး ဆိုင်ငယ်အများစုမှာတော့ စက်သုံးဆီ မရတစ်ချက်၊ ရတစ်ချက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။   ဒါကြောင့် တချို့ဆိုင်တွေ အချိန်ပိုင်းပဲ ဖွင့်လှစ်နေရသလို တချို့လည်း ပိတ်ထားရတာမျိုးတွေရှိနေတယ်လို့ ယာဉ်မောင်းတွေဆီကနေ သိရပါတယ်။   စစ်ကောင်စီဗဟိုဘဏ်ဘက်ကလည်း ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေကြောင့် အရင်ပတ်တွေတုန်းကလို စက်သုံးဆီတင်သွင်းရာမှာအဓိကသုံးစွဲတဲ့ အမေရိကန်ဒေါ်လာ ၆ သန်းကျော်ပဲ ဈေးကွက်ထဲ ရောင်းပေးခဲ့ပြီး တရုတ်ယွမ်တော့ လုံးဝမရောင်းပေးခဲ့ပါဘူး။   ဒီတစ်ပတ် ရန်ကုန်မြို့က စက်သုံးဆီဆိုင်တွေက ဈေးနှုန်းတွေကတော့ အောက်တိန်း 92 တစ်လီတာ ၃၁၀၀ […]

“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၁၄ မှ ၁၉ ရက်အထိ)

“ကျပ်ငွေဈေး ပြန်ကျ”   ဒီတစ်ပတ်ထဲ သီတင်းကျွတ်ရုံးပိတ်ရက်တွေများခဲ့ပြီး အောက်တိုဘာ ၁၄ နဲ့ ၁၅ ရက်တွေပဲ စစ်ကောင်စီလက်အောက်ခံရုံးတွေ ဖွင့်လှစ်ခဲ့ပါတယ်။   စစ်ကောင်စီဗဟိုဘဏ်က အင်္ဂါနေ့မှာ အမေရိကန်တစ်ဒေါ်လာ ၃၅၅၄ ကျပ်နှုန်းနဲ့ ကန်ဒေါ်လာ ၆ ဒသမ ၀၂ သန်းကိုရောင်းချပေးခဲ့သလို ထိုင်းတစ်ဘတ်ကို ၁၁၆ ကျပ်နီးပါးနှုန်းနဲ့ သန်း ၂၀၀ နီးပါးအထိ ရောင်းချပေးခဲ့တယ်လို့ သူတို့ရဲ့ FX အွန်လိုင်းဈေးကွက်မှာ ကြေညာထားပါတယ်။   ဒါပေမဲ့ ဒီတစ်ပတ် နိုင်ငံခြားငွေဈေးတွေဟာ အမြင့်ဈေးတွေနဲ့ ဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာက အဲဒီအမြင့်ဈေးတွေနဲ့ ပြန်ပိတ်သွားခဲ့ပါတယ်။   ဒီတစ်ပတ် အောက်တိုဘာ ၁၅၊ ၁၆၊ ၁၇၊ ၁၈ လေးရက်လုံး အကျဈေးမှာသာ ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရက်တွေအတွင်း ငွေကြေးဈေးကွက်ထဲ […]

ဘုတလင်တွင် အထိနာသွားသည့်တပ်က အရပ်သား ၁၄ ဦးကို သတ်ဖြတ် – Myanmar Now

ယခုလအတွင်း စစ်ကိုင်းတိုင်း၊ ဘုတင်မြို့နယ်မြို့တွင် စစ်တပ်က စစ်ကြောင်းထိုးစဉ် သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၄ ဦးထက်မနည်း သတ်ဖြတ်ခံရသည်ဟု သိရသည်။  လဆန်းပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ လာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်းက ဘုတလင်မြို့ပေါ် ရပ်ကွက်များ၊ မြို့အနီးရှိ ကျေးရွာများကို ဆက်တိုက်စီးနင်းစဉ် ထိုသို့ ကျူးလွန်ခြင်း ဖြစ်သည်ဟု ဆိုသည်။  စီးနင်းစဉ်အတွင်း ဘုတလင်မြို့ပေါ် တွင် ကလေးအပါအဝင် မိသားစုဝင် ၆ ဦးကို သတ်ဖြတ်ခံရသလို မြို့နှင့်ကပ်လျက်ကျေးရွာများဖြစ်သော မြောက်ကြည်ရွာတွင် အရပ်သား ၇ ဦး၊ တက်လှိုင်းရွာတွင် အရပ်သား ၁ ဦး သတ်ဖြတ်ခံရသည်ဟု ဒေသခံများနှင့် တော်လှန်ရေးအင်အားစုက ပြောသည်။ ထိုစစ်ကြောင်းမှ စစ်သားများက အောက်တိုဘာ ၁၂ […]

ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်၊ တနင်္လာနေ့မှာ ဘယ်လိုသတင်းတွေကို နားဆင်ကြည့်ရှုရဖို့ရှိသလဲ?

  (၁)AA ထိုးစစ်မြှင့်လိုက်လို့ ဂွမြို့ပေါ်အနီးထိ တိုက်ပွဲတွေ ရောက်လာတဲ့သတင်း (၂)သီပေါမြို့ကို TNLA နဲ့ မဟာမိတ်တပ်တွေ အလုံးစုံထိန်းချုပ်လိုက်နိုင်တဲ့သတင်း (၃)လားရှိုး ဗုံးထပ်ကြဲခံရလို့ လေးယောက်သေဆုံးတဲ့အပြင် နှစ်ယောက်ဒဏ်ရာရတဲ့သတင်း (၄)NCA ထောက်ခံတဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာနဲ့ အတွင်းရေးမှူးဟောင်းနှစ်ယောက်ကို PNLO ထုတ်ပယ်လိုက်တဲ့သတင်း (၅)ကလေးငယ်အယောက် ၂၀ လောက်သေဆုံးစေခဲ့တဲ့ ကျောင်းကားမီးလောင်မှုမှာ နစ်နာသူတွေကို ဘတ်သန်း ၆၀ နီးပါးထောက်ပံ့မယ်ဆိုတဲ့သတင်း စတဲ့သတင်းတွေအပါအဝင် အထူးခြားဆုံးနဲ့ စိတ်ဝင်စားစရာအကောင်းဆုံး နောက်ဆုံးရသတင်းတွေကို CJ Platform ရဲ့ Daily CJ Report မှာ နားဆင်ကြည့်ရှုနိုင်ပါပြီ။   Source link