ylliX - Online Advertising Network

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်

Image via TechSpot အမေရိကန်ပြည်ထောင်စုက အထင်ကရလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ဟာ သူ့တို့ရဲ့လေယာဉ်တွေအားလုံးမှာ Starlink ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုတပ်ဆင်သွားဖို့ရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီတပ်ဆင်မှုဟာ နှစ်အနည်းကြာမြင့်ဖွယ်ရှိပြီး ပထမဆုံးစမ်းသပ်မှုကို ၂၀၂၅ခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ အစီစဉ်အတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် Starlink ဝန်ဆောင်မှုရရှိတဲ့ United Airlines ရဲ့ ပထမဆုံးခရီးစဥ်ကို နောက်နှစ်လောက်မှာ စတင်ပြေးဆွဲလာမှာပါ။ United လေကြောင်းလိုင်းကတော့ လေယာဉ် ၁,၀၀၀ ကျော်မှာ Starlink စနစ်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး ဒီအတိုင်းအတာအလိုက် Starlink ဝန်ဆောင်မှုကို ပံ့ပိုးပေးမယ့် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာမှာပါ။ လေကြောင်းလိုင်းဘက်က အမြန်နှုန်းအတိအကျကိုတော့ ထုတ်ဖော်ထားခြင်းမရှိပေမယ့် လေယာဉ်ထိုင်ခုံနောက်မှာ တပ်ဆင်ထားတဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စမတ်ဖုန်းတွေနဲ့ဖြစ်ဖြစ် Live TV ကြည့်တာ၊ စီးရီးနဲ့ရုပ်ရှင်တွေ ကြည့်တာ၊ ဂိမ်းဆော့တာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ […]

Individual spotlight – Staff researcher | Internet Computer

**Hello everyone, and welcome back to the individual spotlight series! In today’s interview, we’re chatting with Thomas from the Systems & Research team. Thomas is the research lead for multiple different engineering teams, and has worked on various important projects like the Bitcoin integration, the cycles ledger, and chain-key tokens. We’re excited to learn more […]

Telegram အမှုဆောင်အရာရှိချုပ်နှင့် ပူးတွဲတည်ထောင်သူ Pavel Durov ပြင်သစ်လေဆိပ်တွင် ဖမ်းဆီးခံရ

Image via TechSpot ပြင်သစ်သတင်းမီဒီယာ TF1 ရဲ့ ကနဦးဖော်ပြချက်အရ Telegram အမှုဆောင်အရာရှိချုပ်နဲ့ ပူးတွဲတည်ထောင်သူ Pavel Durov ကို စနေနေ့ည ၈ နာရီခန့် Le Bourget လေဆိပ်မှာ ပြင်သစ်လေကြောင်းရဲတပ်ဖွဲ့ (Air Transport Gendarmerie-GTA) အဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ သူဟာ အဇာဘိုင်ဂျန်ကနေ ပျံသန်းထွက်ခွာလာတဲ့ သူ့ရဲ့ကိုယ်ပိုင်ဂျက်လေယာဉ်ဆင်းသက်ချိန်မှာ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။ Durov ကို ဖမ်းဆီးမယ့် ဝရမ်းကို OFMIN (Office to Combat Violence Against Minors) ဆိုတဲ့လူငယ်အကြမ်းဖက်မှုဆန့်ကျင်ရေးရုံးက ထောက်ခံခဲ့ကာ Telegram ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ရာဇ၀တ်မှုဆိုင်ရာ ပံ့ပိုးကူညီမှုတွေကို ထောက်ပံ့ပေးနိုင်မှုများအပေါ်  ပဏာမစုံစမ်းစစ်ဆေးမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြင်သစ်အာဏာပိုင်တွေက ထုတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ အဓိက […]