ylliX - Online Advertising Network

Healthy Lifestyle – Spiceworks Myanmar

အားလုံးပဲ မင်္ဂလာပါ။ညီမကတော့ နီလာဌေး ပါ။ ဒီနေ့ ဘလော့ဂ်အတွက် Healthy Lifestyle ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးချယ်ထားပါတယ်။ ညီမတို့ နေ့စဉ်ဘဝမှာ ကျန်းမာရေးက အရေးကြီးပါတယ်။ နောက်ပြီး စိတ်ရော၊ ကိုယ်ရော ကျန်းမာနေဖို့ လိုအပ်ပါတယ်။ “ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျန်းမာနေတုန်းမှာတော့ သတိမထားမိပေမယ့် မကျန်းမာတဲ့အခါမှာ သတိထားမိကြမယ် ထင်ပါတယ်။ နေမကောင်းဖြစ်ရင် ဆေးခန်းပြရတယ်။ ဆေးရုံတက်ရတယ်ဆိုရင်လည်း ရောဂါရဲ့ ဝေဒနာကို ခံစားနေရတာအပြင် ပိုက်ဆံလည်း ပိုကုန်ပါတယ်။ နောက်ပြီး အခုအခြေအနေအရ လူတော်တော်များများမှာ စိတ်ဖိစီးမှုတွေ အရင်ကထက် ပိုပြီးများလာကြတယ်။ အဲ့ဒီလို စိတ်ဖိစီးမှုတွေကြောင့်ပဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံတွေကပါ ကျန်းမာရေးနဲ့ မညီညွတ်နိုင်တော့ဘူး။ အလုပ်သဘောအရလည်း အထိုင်များလာကြတယ်။ နောက်ပြီး အလုပ်ရှုပ်တဲ့အတွက် အသင့်စား (Fast Food) တွေ […]

သင့်အတွက် အကောင်းဆုံးမိတ်ဆွေ (BFF) နဲ့ တွေ့နေပြီလား

Skip to content အကောင်းဆုံးသူငယ်ချင်းဆိုတာ သင့်အတွက် အဆင်ပြေဆုံးလူတစ်ယောက်ပါပဲ။ သင့်ရဲ့ BFF ဟာ တခြားသူတွေအတွက်တော့ စံပြုလောက်တဲ့ မိတ်ဆွေကောင်း ဖြစ်ချင်မှလည်း ဖြစ်မှာပါ။ ဒါက အရေးမကြီးပါဘူး။ အရေးကြီးတာက သင့်အတွက် အကောင်းဆုံးမိတ်ဆွေနဲ့ တွေ့နေပြီလားဆိုတာ သိဖို့ပါပဲ။ (၁) Support ပေးတယ် Best Friend တွေက သင့်ကို Support ပေးပါတယ်။ တစ်ယောက်ကိုတစ်ယောက် ထောက်ကူမှုနဲ့ အတူတူ ဖွံ့ဖြိုးသွားတဲ့သူမျိုးက သင့်ရဲ့ အကောင်းဆုံး မိတ်ဆွေပါပဲ။ အကောင်းဆုံးမိတ်ဆွေဆိုတာ သင့်မှာ ရှိပြီးသားထက် ပိုကောင်းတဲ့သူဖြစ်အောင် သင့်ကို အမြဲတွန်းတတ်သူမျိုးပါ။ (၂) ဟန်မဆောင်ဘူး မိတ်ဆွေတွေက တစ်ယောက်ကို တစ်ယောက် မလိမ်ညာကြပါဘူး။ တစ်ယောက်ရဲ့ အပြစ်အနာအဆာကို တစ်ယောက်က လက်ခံတတ်ပါတယ်။ လူတစ်ယောက်ကို လိမ်ညာပြီး […]

ကိုယ့်အိပ်မက်တွေကို အမှန်တကယ် လက်တွေ့အကောင်အထည် ဖော်နိုင်စေဖို့

Skip to content သင့်မှာ ဘယ်လိုအိပ်မက်မျိုး ရှိပါသလဲ။ ကိုယ့်အိပ်မက်တွေကို လက်တွေ့ အကောင်အထည်ဖော်ချင်တဲ့ သူတို့အတွက် နည်းလမ်းကောင်းလေးတွေရှိပါတယ်။ ဘယ်လိုနည်းလမ်းကောင်းတွေက အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ရာမှာ ကူညီပေးမလဲဆိုတာ အတူတူလေ့လာကြည့်လိုက်ရအောင်။ ဆုံးခန်းတိုင် လျှောက်လှမ်းပါ ကိုယ့်အိပ်မက်ကို စတင်အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အရှုံးပေးချိန်စိတ်များ ကိုယ့်ရဲ့အိပ်မက်ခရီးလမ်းကို ထိုနေရာမှာတင်ပဲ ရပ်တန့်ပစ်ချင်တဲ့စိတ်များ ပေါ်လာပါလိမ့်မယ်။ ထိုအချိန်မှာ ရပ်တန့်ပစ်လိုက်မယ်ဆိုရင်တော့ သင်သည် သင့်အိပ်မက်များကို အရှုံးပေးလိုက်တာနဲ့ အတူတူပါပဲ။ အကြောက်တရားများကို ရင်ဆိုင်ပါ ကိုယ်လိုချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်လိုက်တဲ့အခါ ကိုယ် မသိလိုက်တဲ့အချိန်မှာပဲ အကြောက်တရားက ဘွားခနဲပေါ်လာတတ်ပါတယ်။ ထိုအကြောက်တရားက ကိုယ့်ရဲ့ ကြိုးစားချင်စိတ်ကို လုယူလိုက်တာမျိုး အဖြစ်မခံပါနဲ့။ ကိုယ့်ရဲ့အိပ်မက်ကို အကောင်အထည်ဖော်ရမယ့်အစား စိတ်ကူးယဉ်နေတာမျိုးပဲ အဖြစ်မခံပါနဲ့။ အ အောင်မြင်သူများကို […]

အချိန်ခရီးသွားခြင်းကို နှစ်ခြိုက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် ကိုရီးယားဇာတ်လမ်းတွဲများ

ဟာသရုပ်ရှင်၊ အချစ်ဇာတ်လမ်း၊ သည်းထိတ်ရင်ဖိုဇာတ်ကား၊ အက်ရှင်ဇာတ်ကား၊ သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်း စသည်ဖြင့် ရုပ်ရှင်အမျိုးအစား အများအပြားရှိတဲ့အနက် ဒီတစ်ခါမှာတော့ အချိန်ခရီးသွားခြင်းကို နှစ်ခြိုက်တဲ့ ရုပ်ရှင်ချစ်သူတို့အတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ကိုရီးယားဇာတ်ကားကောင်းများကို ဝေမျှပေးချင်ပါတယ်။ Familiar Wife Source: Soompi If you have always loved romantic K-dramas and you also have an affinity for sci-fi elements like time travel, you must binge-watch Familiar Wife right away. The 2018 show is a perfect combination of romance and […]