ylliX - Online Advertising Network

Elon Musk က ရထား ဒီဇိုင်းနဲ့ တူတဲ့ Tesla Robovan ကို ပြသ – MyTech Myanmar

Skip to content Elon Musk က “We,Robot” Event မှာ မမျှော်လင့်ထားတဲ့ ကားအသစ်နဲ့ ပွဲတက်လာသူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အဲဒါကတော့ ခရီးသည်တင် စက်ရုပ် ဗင်ကား ဖြစ်ပါတယ်။ Tesla Robovan လို့ အမည်ပေးထားပြီး သမားရိုးကျ ဗင်ကားတွေနဲ့ လုံးဝ ကွဲပြားပါတယ်။ ရထားဒီဇိုင်းနဲ့ ဆင်တူပြီး ဘီးတွေကို မမြင်ရအောင် ဖျောက်ထားပါတယ်။ Musk က အဲဒီကားဟာ လူ ၂၀ အထိ တင်ဆောင်နိုင်သလို ကုန်ပစ္စည်းတွေလည်း သယ်ယူနိုင်တယ်လို့ ပြောပါတယ်။ Musk က “ Robovan ဟာ လူများစွာ တင်ဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အားကစား အသင်းတွေကို သယ်ယူပို့ဆောင်ပေးနိုင်သလို ကုန်ကျစားရိတ် ချွေတာချင်တဲ့ ခရီးသွားတွေအတွက်လည်း […]

MPT က သီတင်းကျွတ် အထူးပရိုမိုးရှင်း အစီအစဉ်များအား စတင်မိတ်ဆက် | Myanmar Tech Press

သီတင်းကျွတ်ကာလ အထိမ်းအမှတ်အဖြစ် MPT က သုံးစွဲသူများအတွက် ပြန်အမ်းငွေလက်ဆောင် ၅ဆ ရရှိနိုင်မည့် အထူးပက်ကေ့ချ်၊ MPT Club အဖွဲ့ဝင်များအတွက် အထူးအကျိုးခံစားခွင့်နှင့် လျှော့ဈေးများပါဝင်သည့် MPT Club ပွိုင့်လဲလှယ်ခြင်း ပရိုမိုးရှင်း အစီအစဉ်များကို  စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ Image: MPT သုံးစွဲသူများသည် ဒေတာ 500 MB၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခွင့် မိနစ် (၅၀) ၊ အကန့်အသတ်မရှိ စာတို (SMS) ပေးပို့ခွင့်နှင့် ပြန်အမ်းငွေ (၅) ဆ (၉,၉၉၅ ကျပ်) ပါဝင်သည့် “ရှယ်တန် Combo” ပက်ကေ့ချ် ကို ၁,၉၉၉ ကျပ် ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။ အဆိုပါပရိုမိုးရှင်းမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်မှ နိုဝင်ဘာလ (၃၀) ရက်အထိဖြစ်ပြီး သုံးစွဲသူများအနေဖြင့် သီတင်းကျွတ်ပိတ်ရက်ကာလများတွင် မိမိတို့၏ ချစ်ခင်ရသူများနှင့် ဆက်သွယ်ကာ တန်ဖိုးရှိသော အချိန်များကို […]

TikTok က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်အတူ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာတတ်မြောက်မှုကို မြှင့်တင်ပေးမည် | Myanmar Tech Press

TikTok အနေနှင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကိုယ်ပိုင်အကြောင်းအရာ ဇာတ်လမ်းများကိုဝေမျှခြင်းမှစ၍ ခွဲခြားဆက်ဆံမှုများကို ချိုးဖျက်ခြင်းနှင့် ခံနိုင်ရည်စွမ်းအားကိုမြှင့်တင်ပေးခြင်းစသဖြင့် အသုံးပြုသူများအတွက် ၎င်းတို့၏ ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို မျှဝေကာ ယုံကြည်ရသည့် အရင်းအမြစ်များကို ရှာဖွေနိုင်အောင် ပံ့ပိုးကူညီပေးသည့် အသိုက်အဝန်းတစ်ခုကို တည်ဆောက်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် ယုံကြည်စိတ်ချရသော ကျန်းမာရေးစောင့်ရှောက်မှုကျွမ်းကျင်သူများနှင့် TikTok ဗီဒီယိုဖန်တီးသူများ စုစည်းထားသည့် Fides ကွန်ရက်မှ တစ်ဆင့် ယုံကြည်စိတ်ချရသောအကြောင်းအရာများဖန်တီးရန်နှင့် သတင်းမှားများကို တိုက်ဖျက်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုမှ တစ်ဆင့် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ မက္ကဆီကိုနှင့် ဘရာဇီးရှိ Fides ကွန်ရက်မှ ဗီဒီယိုဖန်တီးသူများသည် အထောက်အထားအခြေပြု အကြောင်းအရာများကို ဖန်တီးရိုက်ကူးပြီး အသိပညာမြှင့်တင်ရန်အတွက် TikTok နှင့် ပူးပေါင်းသွားမည်ဖြစ်ပါသည်။ စိတ်ကျန်းမာရေးအခြေအနေများကို […]

လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ် ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် ဖမ်းမိ – THE 74 MEDIA

စစ်ကောင်စီတပ်က တစ်လကျော်ကြာဝင်ရောက်တပ်စွဲခဲ့သည့် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်ကို KIA ပူးပေါင်းတပ်တို့ ယနေ့နံနက် ၆ နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်ကြီးအဆင့်ရှိသူနှင့် စနိုက်ဘာသမားလည်းပါဝင်ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။ Post navigation Source link

ကချင်အထူးဒေသ (၁) နယ်မြေအတွင်း KIA နှင့် PDF ကို အလိုမရှိကြောင်း ဆန္ဒပြ – THE 74 MEDIA

ချီဖွေမြို့နယ်၊ ချန်းမောခုန်းဒေသတွင် ယနေ့နံနက်ပိုင်းက KIA ပူးပေါင်းတပ်ကို အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ကချင်ပြည်နယ်အထူးဒေသ (၁)၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဒေသတွင် ပြီးခဲ့သည့် ဇွန်လမှစတင်ကာ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းကလည်း KIA နှင့် PDF ကို တိုက်ခိုက်ရန် စစ်မိန့်ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်နေ့နှင့် အောက်တိုဘာ ၂ ရက်နေ့တို့တွင် ချီဖွေနှင့် ဆော့လော်မြို့ရှိ တပ်စခန်းများကို KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   Post navigation Source link

AMD က Ryzen 9000 စီးရီး Desktop Processor များအတွက် AGESA 1.2.0.2 အသစ်ကို ထုတ်ပြန်၊ Ryzen 7 9700X နှင့် 9600X တို့အတွက် cTDP ကို 105W သို့ပြောင်းလဲ

Image: AMD AMD က ဒီနေ့မှာ Ryzen 9000 ‘Granite Ridge’ desktop processor တွေအတွက် မိတ်ဆက်မှု လေးခုကို ကြေညာလိုက်ပါတယ်။ အဓိကအားဖြင့် ဒီကြေညာချက်တွေက ဒီနှစ်သြဂုတ်လအစမှာမိတ်ဆက်ထားခဲ့တဲ့ processor တွေကို စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာစေမယ့်အရာတွေဖြစ်ပါတယ်။  ပထမဆုံးအနေနဲ့, AMD က Ryzen 7 9700X နဲ့ Ryzen 5 9600X processor တွေအတွက် 105 W cTDP mode (configurable TDP) ကို မိတ်ဆက်လိုက်ပြီး warranty ကိုလည်း အပြည့်ပေးထားပါတယ်။ အဆိုပါ cTDP mode ကို AGESA ComboAM5 PI 1.2.0.2 microcode ထည့်သွင်းထားတဲ့နောက်ဆုံးထွက် […]

Mini Jeans Skirt ကို စတိုင်ကျကျဝတ်လို့ရစေမယ့် Styling Tips များ

Skip to content အကြီးဆုံး Denim ခေတ်ရေစီးကြောင်းတွေထဲမှ တစ်ခုဖြစ်တဲ့ Denim Skirt တွေက အခုဆို လူငယ်တွေကြားမှာ တစ်ခေါက်ပြန်ပြီး ခေတ်စားလာပြန်ပါပြီ။ ဒါကြောင့် ပိုစမတ်ကျပြီး မိန်းမဆန်တဲ့ Look မျိုးရဖို့အတွက် ဂျင်းစကတ်ကို ဘာနဲ့တွဲဝတ်ရမလဲဆိုတာ ရွေးရခက်နေသူတွေအတွက် Styling Tips တချို့ကို ဝေမျှလိုကိ်ပါတယ်။ Collar Bones ကိုပေါ်စေတဲ့ ဒီလို Top မျိုးလေးနဲ့ တွဲဝတ်တာကလည်း သင့်ကိုပိုဆွဲဆောင်မှုပိုစေပါတယ်။ ရာသီဥတုအေးချိန်ဆို ဒီလို လည်ပင်းမြင့်မြင့်လေးတွေနဲ့ တွဲဝတ်တာကလည်း အအေးသက်သာပြီး စတိုင်လည်းကျစေပါတယ်။ Night Out ထွက်တဲ့အခါမှာလည်း ဒီလို အမိုက်စား အင်္ကျီတစ်ထည်နဲ့တွဲပြီး စတိုင်ကျလို့ရပါသေးတယ်။ ခပ်ဟော့ဟော့ဝတ်ရတာကြိုက်ရင်တော့ ဒီလို Top လေးနဲ့ တွဲဝတ်လိုက်ပါ။ ဘယ်တော့မှမရိုးသွားတဲ့ ရိုးရိုးတီရှပ်လေးနဲ့ဘဲတွဲဝတ်ချင်ရင်တော့ အမိုက်စားနဲ့ […]

Microsoft Flight Simulator 2024 ကို Steam တွင် ကြိုတင်မှာယူနိုင်ပြီ

Microsoft Flight Simulator 2024 ဟာ ဒီနှစ်ထဲမှာလေကြောင်းဝါသနာရှင်တွေရဲ့ မျှော်လင့်‌စောင့်စားနေရတဲ့ ဂိမ်းတစ်ခုဆိုလည်းမှားမယ်မထင်ပါဘူး။ ဒီဂိမ်းမှာ ပျံသန်းမှုဆိုင်ရာ simulation စံနှုန်းအသစ်တွေကို ပြန်လည်သတ်မှတ်ဖို့ရှိပြီး ထူးခြားတဲ့ နည်းပညာနဲ့ လုပ်ဆောင်ချက်အသစ်တွေထည့်သွင်းထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင်ကို အဆင့်မြှင့်တင်မှုတွေကြောင့် ပိုမိုလှပပြီး အကောင်းဆုံးမြင်ရမှာဖြစ်သလို ဂိမ်းကိုကစားရတဲ့အပိုင်းမှာလည်း ပိုမိုနှစ်သက်ဖွယ်ကောင်းလာမှာပါ။ ဒါကြောင့် ဒါကြောင့် ဂိမ်းကစားရတာကိုနှစ်သက်သလို လေကြောင်းလောကမှာဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်လာသူတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ ဒီဂိမ်းမှာဘာတွေထူးခြားသွားမလဲဆိုတာပြောပြပေးမှာဖြစ်ပါတယ်။ Microsoft Flight Simulator 2024 မှာကစားသူအနေနဲ့ အပြင်မှာလို လေယာဥ်ကို Pre-Flight Inspection ပြုလုပ်နိုင်သလို Career Mode တစ်ခုလည်းပါဝင်ပြီး စိတ်ကြိုက်ဇာတ်ကောင်တစ်ခုကိုဖန်တီးကာ ကမ္ဘာရဲ့ ဘယ်လေဆိပ်ကမဆို လေယာဥ်မှူးဘဝကို စတင်နိုင်မှာဖြစ်ပါတယ်။  Career Mode မှာ RPG ဂိမ်းဆန်ဆန် Skill Tree […]

United Airlines ၏ ပျံသန်းမှုခရီးစဥ်အားလုံးတွင် Starlink Internet ကို အခမဲ့ပေးအပ်လာမည်

Image via TechSpot အမေရိကန်ပြည်ထောင်စုက အထင်ကရလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ United Airlines ဟာ သူ့တို့ရဲ့လေယာဉ်တွေအားလုံးမှာ Starlink ရဲ့ ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကိုတပ်ဆင်သွားဖို့ရှိကြောင်း ကြေညာလိုက်ပါတယ်။ ဒီတပ်ဆင်မှုဟာ နှစ်အနည်းကြာမြင့်ဖွယ်ရှိပြီး ပထမဆုံးစမ်းသပ်မှုကို ၂၀၂၅ခုနှစ်ဆန်းပိုင်းမှာ ပြုလုပ်သွားဖွယ်ရှိပါတယ်။ အစီစဉ်အတိုင်းသာဖြစ်လာခဲ့မယ်ဆိုရင် Starlink ဝန်ဆောင်မှုရရှိတဲ့ United Airlines ရဲ့ ပထမဆုံးခရီးစဥ်ကို နောက်နှစ်လောက်မှာ စတင်ပြေးဆွဲလာမှာပါ။ United လေကြောင်းလိုင်းကတော့ လေယာဉ် ၁,၀၀၀ ကျော်မှာ Starlink စနစ်တွေ တပ်ဆင်ဖို့ စီစဉ်ထားပြီး ဒီအတိုင်းအတာအလိုက် Starlink ဝန်ဆောင်မှုကို ပံ့ပိုးပေးမယ့် အကြီးဆုံး လေကြောင်းလိုင်းဖြစ်လာမှာပါ။ လေကြောင်းလိုင်းဘက်က အမြန်နှုန်းအတိအကျကိုတော့ ထုတ်ဖော်ထားခြင်းမရှိပေမယ့် လေယာဉ်ထိုင်ခုံနောက်မှာ တပ်ဆင်ထားတဲ့မျက်နှာပြင်ပေါ်မှာပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့စမတ်ဖုန်းတွေနဲ့ဖြစ်ဖြစ် Live TV ကြည့်တာ၊ စီးရီးနဲ့ရုပ်ရှင်တွေ ကြည့်တာ၊ ဂိမ်းဆော့တာ၊ လူမှုကွန်ရက်အသုံးပြုတာ၊ […]

ကိုယ့်ရဲ့ Energy ကို ဘယ်လိုမြှင့်တင်ရမလဲ ? | HapEye.net

လူတစ်ယောက်မှာ Aura လို့ခေါ်တဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ Energy ဆိုတာ ရှိပါတယ်။ကိုယ့်ရဲ့ Energy က နိမ့်တဲ့အခါ မကောင်းတဲ့ အတွေးတွေ၊ ဝမ်းနည်းမှုတွေ ကြောက်စိတ်တွေ ဖုံးလွှမ်းခံရတတ်ပြီးEnergy မြင့်တဲ့အခါ သတ္တိတွေ၊ စိတ်အားတက်ကြွမှုတွေ၊ ပျော်ရွင်မှုတွေ ဖုံးလွှမ်းပါတယ်။အခုလို ကာလမှာ ကိုယ့်ရဲ့ စွမ်းအင်ဟာ အရမ်းအရေးကြီးလှပါတယ်။ ကိုယ့်ရဲ့ စွမ်းအင်ဟာ မကောင်းတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေပြီဆို ကိုယ်ပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းတဲ့ စွမ်းအင်တွေကို ပိုပြီး Attract လုပ်တတ်ပြီး ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်ပတ်ဝန်းကျင်က သူတွေကို Negative Energy တွေ စပြီး ပေးပါတော့တယ်။ဒါ့ကြောင့် အောက်က ဇယားလေးအတိုင်း ကိုယ့်ရဲ့ စွမ်းအင်တွေကို Positive Energy အဖြစ် ပြောင်းလဲကြည့်ပါ။ Meditationပထမဆုံးကတော့ တရားထိုင်ခြင်းပါ။ ဝင်လေထွက်လေကို ရှူရှိုက်ပြီး […]