ylliX - Online Advertising Network

မှတ်သားဖွယ် ဥပဒေအမေးအဖြေများ – iMyanmarHouse.com

[Unicode]   ဒီတစ်ပတ်မှာတော့ ကြိုပွိုင့်တိုက်ခန်း ဝယ်ယူရာတွင် သိထားသင့်သော အချက်များအပြင် အခြားစိတ်ဝင်စားဖွယ်ရာမေးခွန်းများကိုလဲ ရှေ့နေမှ တိကျမှန်ကန်စွာဖြေကြားပေးထားပါတယ်။ မေးခွန်း (၁) – ကွယ်လွန်သူပိုင် အိမ်ခြံမြေကို အမွေဆိုင်များက ရောင်းချခြင်း၊ ငှားရမ်းခြင်း ပြုလုပ်လိုပါက မည်သို့ဆောင်ရွက်နိုင်ပါသလဲ။ မိခင်ဖခင်နှစ်ဦးစလုံး သေဆုံးချိန်တွင် သားသမီးများမှ အမွေဆက်ခံခွင့် အခွင့်အရေး ရရှိလာမည်ဖြစ်ရာ သားသမီးစုံလင်စွာဖြင့် အမွေဆက်ခံပိုင်ဆိုင်ကြောင်း မြေပုံကူးယူနိုင်ပါသည်။ သားသမီးများမှာ အမွေပစ္စည်း အပေါ်တွင် အငြင်းပွှားမှုများ ပေါ်ပေါက်ပါကလဲ တရားရုံးတွင် အမွေပုံစ္စည်း စီမံခန့်ခွဲပေးစေလိုမှုဖြင့် တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။ ကွန်လွန်သူပိုင် အိမ်၊ ခြံ၊ မြေအား အမွေဆိုင်များမှ ရောင်းချပြီး အမွေခွဲဝေခြင်း ပြုသည့်အခါများ၌ သားရင်း သမီးရင်းများအပြင် အမွေစားအမွေခံမှတ်ပုံတင်စာချုပ်ဖြင့် မွေးစားမှုပြုထားသူများပါ ပါဝင်ခွဲဝေမှုပြုရမည် ဖြစ်ပါသည်။ အမွေဆိုင်များမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ […]

မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေးအက်ဥပဒေ အကြောင်း – iMyanmarHouse.com

[Unicode] မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေကို ၁၉၆၀ ခုနှစ်တွင် ထွက်ရှိထားပြီး အဆိုပါဥပဒေ၏ ပုဒ်မ – ၂(က) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ကိုလဲ ခန့်အပ်ထားပေးပါသည်။ အိမ်ငှားဆိုသည်မှာ မိမိကိုယ်တိုင် အတွက်ဖြစ်စေ၊ အခြားသူတစ်ဦး တစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အဆောက်အအုံအား ငှားရမ်းသူ၊ ငှားရမ်းခ ပေးအပ်ရသူကို ဆိုလိုပါသည်။ ထို့ပြင် အိမ်ငှားဆိုသော စကားရပ်၌ တရားဝင် ကိုယ်စားလှယ်များ၊ အိမ်ငှားထံမှ တဆင့် အဆောက်အအုံအတွင်း နေထိုင်သူ သက်ဆိုင်သူများ အသီးသီး၊ လက်ရှိနေထိုင်သူများ အားလုံးပါဝင်ပါ သည်။ အဆောက်အအုံ၊ အဆောက်အအုံရှိနှင့်နေသော မြေအားအငှားချထားခြင်း၊ အဆောက်အဦ အစိတ်အပိုင်း အား ငှားရမ်းခြင်း၊ ဈေးဆိုင်များ ဥပစာ ငှားရမ်းခြင်းများအား ငှားရမ်းခ ကြီးကြပ်ရေးဝန်မှ ငှားရမ်းခနှုန်းထား သတ်မှတ်ပေးနိုင်ပါသည်။ ငှားရမ်းခကြီးကြပ်ရေးဝန်မှ ရန်ကုန်မြို့တော် တရားမရုံးတရားသူကြီးချုပ်၏ […]

အသည်းတယားယား တောင်ကမ်းပါးစွန်းမှ တွဲလဲထားတဲ့ ဖန်ပေါင်းချောင်ထဲ အိပ်ရဲတဲ့လူရှိသလား – iMyanmarHouse.com

[Unicode] သက်စွန့်စံဖျားခရီးသွားလာချင်သူတိုင်းအတွက် ပီရူးမှ Peruvian တောင်ကမ်းပါးနား အိပ်ခန်းပမာဏအရွယ်အစား ဖန်ပေါင်းချောင်လေးများ တွဲလဲချည်ထားလျက် ခရီးသွားများအား ဆွဲဆောင်လာပါတယ်။ ဖန်ပေါင်းချောင် အိပ်ခန်းလေးများဖြစ်ပြီး ကြမ်းပြင်ကိုတော့ သစ်သားနဲ့ခင်းထားပါတယ်။ တောင်ကမ်းပါးအပေါ်မှာလည်းမဟုတ် အောက်လည်းမနိမ့်ဘဲ တောင်အောက်ခြေမှ ပေ ၁၃၀၀ ခန့် တောင်ပေါ်သို့ တက်ပြီးမှသာ တည်းခိုလို့ရနိုင်တာမို့ တောင်တက်ကျွမ်းသူများ အကြိုက်ပါပဲ။ တစ်ညတာတည်းခိုရုံနဲ့ ရင်သပ်ရှုမောဖွယ် ပေ ၁၃၀၀ ကျော်အမြင့်က တောင်တန်းချိုင့်ဝှမ်းအလှကို လှမ်းတွေ့နိုင်ပြီး ညဘက်မှာဆိုရင်တော့ နဂါးငွေ့တန်း တစ်စိတ်တစ်ပိုင်းရဲ့အလှကိုပါ ညရှုခင်းအဖြစ်ခံစားနိုင်မှာ ဖြစ်ပါတယ်။ ၈ ပေအထိသာ အရှည်ရှိတဲ့ ဖန်ပေါင်းချောင်အိပ်ခန်းလေးများဖြစ်ပြီး တစ်ညတည်းခိုရန်အတွက် ဒေါ်လာ ၄၀၀ ခန့်ကျသင့်မှာဖြစ်ပါတယ်။ ဖန်ပေါင်းချောင်ကိုယ်ထည်ကို အလူမီနီယံသတ္တုနဲ့ ဆောက်လုပ်ထားပြီး ကြမ်းတမ်းတဲ့ရာသီဥတုအလယ်မှာတောင် ခံနိုင်ရည်ရှိအောင် ဆောက်လုပ်ထားခြင်းဖြစ်တဲ့အတွက် ခရီးသွားများ ဘေးကင်းလုံခြုံမှုအတွက် စိတ်ချရတယ်လို့ဆိုပါတယ်။   […]

နေအိမ်အောက်မှာ တောင်ပို့ပေါက်ရင် ကောင်းတဲ့နိမိတ်လား ဆိုးတဲ့နိမိတ်လား – iMyanmarHouse.com

[Unicode] နေအိမ်အောက်မှာ တောင်ပို့ပေါက်တဲ့အခါ လူတွေက အိမ်ကို ဖျက်ဆီးမယ်ဆိုပြီး တူးထုတ်ပစ်တတ်ကြပါတယ်။ အချို့လူတွေကတော့ ကောင်းတဲ့နိမိတ်လို့ ယူဆကြပါတယ်။ ရာဇမတ်လေးဖက်လေးတန်ကာပြီး တံခွန်၊ ကုက္ကား၊ မုလေးပွားစိုက်၊ အမွှေးနံ့သာများ ပက်ဖျန်းကြတာလည်း ရှိပါသေးတယ်။ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းပြီး ပူဇော်တတ်ကြပါတယ်။ အချို့ဆိုရင် အိမ်က ဆင့်တန်းဖြုတ်၊ ခင်းထားတဲ့ပျဉ်ခွာပြီးတဲ့အထိ ယုံယုံကြည်ကြည် ကိုးစားကြတာ တွေ့ရတယ်။ တစ်ခါက မိတ်ဆွေတစ်ယောက်က သူ့အိမ်အောက်မှာ တောင်ပို့ပေါက်လာလို့ ဖယ်ရမလား၊ ထားရမလား မေးဖူးပါတယ်။ လူတော်တော်များများက တောင်ပို့ပေါက်တာ ကောင်းတယ် ကြီးပွားတိုးတက်လိမ့်မယ်လို့ ယူဆကြတာ များပါတယ်။ ဒါပေမယ့် ရှေးလူကြီးတွေ ပြောခဲ့တာကတော့ တောင်ပို့ပေါက်တယ်ဆိုတာ ကောင်းတာ ရှိသလို၊ မကောင်းတာလည်း ရှိတယ်လို့ ဆိုပါတယ်။ ရှေးလူကြီးတွေဟာ အကြားအမြင် ဗဟုသုတများတာကြောင့် ကဗျာလင်္ကာနဲ့ စပ်ဆိုထားခဲ့တာမို့ […]

Issue with Room DB

Hellos guys i am trying to create a db that i can input items and use recycleview,i use the debuger from one of androids tutorial and i have the following error with my Dao file The file: package com.example.dbtest4 import androidx.room.Dao import androidx.room.Insert import androidx.room.OnConflictStrategy import androidx.room.Query import kotlinx.coroutines.flow.Flow @Dao interface WordDao { @Query("SELECT * […]

တွမ်ခရုစ်၏ ဖလော်ရီဒါပြည်နယ်မှ Penthouse ခန်း Milton ဟာရီကိန်းမုန်တိုင်းအတွင်း ထိခိုက်မှု မရှိဘဲ ရှင်သန်ရပ်တည်နိုင်ခဲ့ – iMyanmarHouse.com

[Unicode] အမေရိကန်ပြည်၊ ဖလော်ရီဒါပြည်နယ်တွင် Milton ဟာရီကိန်းမုန်တိုင်းကြီး တိုက်ခတ်ခဲ့ရာ ဟောလိဝုဒ် ကြယ်ပွင့် တွမ်ခရုစ်၏ Clearwater မြို့ရှိ Penthouse ခန်းမှာ ကြံ့ကြံ့ခံ ကျော်လွှားနိုင်ခဲ့မှုကြောင့် တွမ်ခရုစ်မှာ သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။ မိုးလေဝသ ပညာရှင်တို့က Milton မုန်တိုင်းကြီးမှာ Category 5 အဆင့်အထိ အားပြင်းသော မုန်တိုင်းကြီး ဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြသည်။ Milton မုန်တိုင်းသည် တွမ်ခရုစ်၏ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိအခန်းကို ချန်လှပ်ခဲ့ဟန် ရသည်။ မုန်တိုင်းကြောင့် မြို့မှာ အကြီးအကျယ်ထိခိုက်ပျက်စီးကာ ကသောင်းကနင်းဖြစ်မည်ဟု ခန့်မှန်းခဲ့ပြီး အကြီးအကျယ်ရေလွှမ်းမည်ကို စိုးရိမ်ခဲ့ကြသည်။ ဖလော်ရီဒါပြည်နယ် အုပ်ချုပ်ရေးမှူး Ron DeSantis ၏ ပြောကြားချက်အရ မုန်တိုင်းသည် မြို့ကိုမဝင်မီတွင် အားပျော့သွားခဲ့ကြောင်း၊ ပြည်သူတို့၏ စိုးရိမ်မှုများ လျော့ကျသွားခဲ့ကြောင်း ပြောသည်။ […]

အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော် မင်းသားဟယ်ရီနှင့် မီဂန်မာကယ်တို့စုံတွဲအား ဝင်ဆာရဲတိုက်ရှိ စံအိမ်ကို တရားဝင်စွန့်လွှတ်ရန် ပြောခဲ့ရာ ဟယ်ရီတို့စုံတွဲက ပေါ်တူဂီနိုင်ငံတွင် နေအိမ်တစ်လုံး ဝယ်ယူ – iMyanmarHouse.com

[Unicode] ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် ကြင်ယာတော် မီဂန်မာကယ်တို့စုံတွဲကို ခမည်းတော် ချားလ်စ်ဘုရင်က ဝင်ဆာရဲတိုက်ဝန်းရှိ အိမ်တော်မှ နှင်ထုတ်ခဲ့သောကြောင့် ဟယ်ရီတို့စုံတွဲအတွက် ဗြိတိန်တွင် အခြေချရန် နေအိမ် မရှိတော့ချေ။ မင်းသားဟယ်ရီက သူ၏ ကိုယ်ရေးအတ္ထုပ္ပတ္တိစာအုပ် Spare တွင် တော်ဝင်မိသားစု၏ အတွင်းရေးများကို ဖွင့်ချခဲ့မှုကြောင့် ချားလ်စ်ဘုရင်က အမျက်ရှကာ သူ၏ နန်းတက်ပွဲမတိုင်မီကတည်းက ဟယ်ရီတို့ စုံတွဲကို နှင်ထုတ်ထားခြင်း ဖြစ်သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်က သားတော်ဟယ်ရီနှင့် မီဂန်မာကယ်တို့ စုံတွဲအား အင်္ဂလန်အိမ်တော်မှ နှင်ထုတ်ပြီ https://www.imyanmarhouse.com/news/read/1056943   သို့သော် နန်းတက်ပွဲကာလတွင်မူ ဟယ်ရီတို့စုံတွဲကို ချားလ်စ်ဘုရင်က ပွဲတက်ရန် ဖိတ်ခေါ်ခဲ့ပြီး ဘက်ကင်ဟမ်နန်းတော်တွင် တည်းခိုရန် ကမ်းလှမ်းခဲ့သည်။   (ဆက်စပ်သတင်း) အင်္ဂလန်ပြည့်ရှင် ချားလ်စ် […]