Swing Kids (2018) ******************* ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O,မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင်Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကိုပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် .. ဇာတ်လမ်းအကျဉ်း***************1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာမြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေကတောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် .. POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် .. ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့မြောက်ကိုရီးယားစစ်သားတစ်ယောက်ပါ… အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကိုtap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယ်… အဲဒါကြောင့် ဂျက်ဆင်က စခန်းမှာအကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက် လူရွေးပွဲကျင်းပခဲ့ပြီး… နောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန်ကွန်မြူနစ်ပါတီဝင်ဟု […]
Scandal Makers (2008) ************************ ဘဝကို ကြိုစားနေထိုင်လာရင်းနဲ့ အနုပညာလောကမှာ လူသိရှင်ကြားအောင်မြင်နေတဲ့အချိန် ရုတ်တရက် အိမ်ရှေ့တံခါးကိုဘယ်တုန်းက မွေးခဲ့လဲတောင် မသိလိုက်တဲ့ ကိုယ့်ရဲ့သမီးအရင်းနဲ့ မြေးတို့ ရောက်လာပြီးလူပျိုလို့ ထင်ခဲ့တဲ့ကိုယ်က ရုတ်တရက် အဘိုးဖြစ်နေတာကို သိလိုက်ရတဲ့အခါသင်တို့သာဆိုရင်ရော ဘယ်လိုဖြစ်သွားမလဲ??? Park Bo-young , Cha Tae-hyun , Wang Suk-hyun တို့ သုံးယောက်အဓိကဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီးတခြားနိုင်ငံက remake တွေ ပြန်ရိုက်လောက်ရတဲ့အထိဆုပေါင်းများစွာကို ဆွတ်ခူး အောင်မြင်ခဲ့တဲ့ 2008 ခုနှစ်က ထွက်ရှိခဲ့တဲ့နာမည်ကြီးဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း******************အသက် သုံးဆယ်အရွယ် လူလတ်ပိုင်း Nam Hyun-Soo(Cha Tae-hyun) ဟာနာမည်ကြီးရေဒီယိုအစီအစဉ်တစ်ခုရဲ့ အောင်မြင်နေတဲ့ MC တစ်ယောက်ပါ။ သူ့ရဲ့ရေဒီယို အစီအစဉ်ကို အကြောင်းအရာတွေပို့နေကျတစ်ကိုယ်တော်မိခင်လေးတစ်ယောက်ရှိပါတယ်။ တစ်ရက်မှာတော့ အဲဒီတစ်ကိုယ်တော်မိခင်လေးကို ရှိလို့ရှိမှန်းတောင် […]
The Substance (2024) IMDb Rating (7.6) / Rotten Tomatoes (91%) နာမည်ကြီး ဟော်ရာ ရုံရှင်ကားအသစ် အကြည်ထွက်ပါပြီ။ မင်းသမီးကြီး ဒယ်မီမိုး နဲ့ Once Upon a Time… in Hollywood ရုပ်ရှင်ထဲက Pussycat လေး Margaret Qualley တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ကြောက်စရာ ခန္ဓာကိုယ်အပြောင်းအလဲ တွေနဲ့ ရွံစရာတွေ ပါတာမို့ နှလုံးခိုင်မှ ကြည့်ကြပါလို့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အယ်လီဇဘတ်ဟာ နာမည်ကြီးမင်းသမီးဖြစ်ခဲ့ပေမဲ့ အသက်အရွယ် ကြီးရင့်လာတဲ့အခါ သူ့နေရာမှာ ကောင်မလေးငယ်ငယ်လှလှလေးနဲ့ အစားထိုးဖို့ တီဗီအစီအစဉ်တစ်ခုကနေ ကန်ထုတ်ခံလိုက်ရပါတယ်။ အဲဒီအချိန်မှာ သူ့ကို ထူးဆန်းတဲ့ ဆေးတစ်မျိုး […]
The Usual Suspects (1995) *************************** IMDB……….8.6Rotten…..96% IMDb နဲ့ Rotten ကို ကြည့်ရုံနဲ့ ဒီဇာတ်ကားရဲ့ အခြေအနေကိုနည်းနည်းတော့ ရိပ်စားမိမယ်လို့ထင်ပါတယ် .. ဝတ္ထု ရုပ်ရှင် ပြဇာတ် မျက်လှည့် ဖျော်ဖြေရေးတွေမှာကျွန်တော်အာရုံကိုဆွဲဆောင်နိုင်မဲ့ အရာမျိုးက ဘာဖြစ်မယ်လို့ထင်လဲအားလုံးကိုခြုံငုံပြီး ဖျော်ဖြေရေးလို့သုံးလိုက်တဲ့အတွက်တော့ သည်းခံပေးပါ…….တစ်ယောက်နဲ့တစ်ယောက် အမြင်တော့ နည်းနည်းကွဲပါလိမ့်မယ် ဒါပေမဲ့ အတော်များများ သိစိတ်ကရော မသိစိတ်ကရောလက်ခံထားတဲ့အရာတစ်ခုတော့ရှိမယ်ထင်တယ်…….ဥပမာ မျက်လှည့်ပဲထား ငှက်မွေးလေးတစ်ခုကိုမီးရှို့ပြီး ဖြတ်ခနဲ့လက်အဝှေ့ခိုဖြူလေးက မျက်လှည့်ဆရာရဲ့လက်ပေါ် အတောင်တဖြတ်ဖြတ်ခတ်ရင်း တက်နားသွားတယ် .. ကျွန်တော်တို့ လက်ခုပ်သံတွေ တဖြောင်းဖြောင်းပေါ့ ..ဒါကဘာလဲဆိုတော့ မမျှော်လင့်တဲ့ လှည့်ကွက်လေးမို့ အံဩ မင်သက်သွားတာ .. ဒီလိုပဲ ဝတ္ထု ရုပ်ရှင်တွေမှာလည်း ကောင်းမွန်သောသရုပ်ပါမှုရှုမငြီးနိုင်တဲ့ဇာတ်လမ်း ထိမိတဲ့ ဒိုင်ယာလော့တွေကို မဟာလှည့်ကွက်တွေနဲ့ပေါင်းစပ်လိုက်ရင်ကျွန်တော်တို့ကို ဘယ်လောက်တောင်ဆွဲဆောင်နိုင်လိုက်မလဲ .. […]
Lampir (2024) IMDb Rating (6.2) အင်ဒိုနီးရှားဟော်ရာကားတွေ တော်တော်ကြမ်းတာ အားလုံးသိကြမှာပါ။ ဒီနှစ်အသစ်ထွက်တဲ့ အင်ဒိုနီးရှား သဘာဝလွန်ဟော်ရာကားကလည်း ဒီစံချိန်ကို မဖျက်ဆီးခဲ့ဘူးလို့ ပြောရပါမယ်။ သူတို့ရိုးရာက တစ္ဆေတွေကိုသုံးပြီး စိတ်ဝင်စားစရာကောင်းအောင် ရိုက်ပြနိုင်ခဲ့တဲ့ အင်ဒိုနီးရှားပြာ ဒီတစ်ခါဟာ လမ်ပြာဆိုတဲ့ သူတို့ရိုးရာက သရဲတစ်ကောင်ကိုသုံးပြီး ခပ်လန်းလန်း သရဲကားတစ်ကားထပ်ရိုက်ပြလိုက်ပြန်ပါပြီ။ ဇာတ်ကတော့ ၁၉၀၀ပြည့်နှစ်ဝန်းကျင်လောက်က စံအိမ်ကြီးတစ်ခုမှာစတယ်။ အင်မတန်ကုံလုံကြွယ်ဝတဲ့ ဒီအိမ်ကြီးရဲ့အရှင်ရဲ့ အိမ်သူကလည်း အိမ်ကြီးနဲ့လိုက်ဖက်အောင် သိပ်လှတဲ့အမျိုးသမီးပေါ့။ ဒီအမျိုးသမီးကို သူ့ယောက်ျားနဲ့ လူတစ်အုပ်က မီးရှို့ပြီးသတ်ဖို့လုပ်ကြတယ်။ မီးရှို့လိုက်တဲ့အချိန်မှာ အိမ်ကြီးရှင်သိလိုက်ရတာက ဒီအမျိုးသမီးဟာ သူ့မိန်းမမဟုတ်တော့ဘဲ သူ့မိန်းမကိုယ်ထဲဝင်နေတဲ့ လမ်ပြာဆိုတဲ့ နတ်ဆိုးတစ်ကောင်ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါပေမဲ့ သူတို့ဒီနတ်ဆိုးကို မနှိမ်နှင်းခဲ့ပါဘူး။ ဒီနောက် ဒီဘက်ခေတ်က သိပ်လှတဲ့ မိန်းကလေးတစ်ယောက်ရဲ့ မင်္ဂလာပွဲမှာ ဒီဇာတ်ကို ပြန်စထားတယ်။ […]
တရုတ်ကွန်ဖူးသိုင်းကားတွေမှာ အမျိုးသားဇာတ်ဆောင်တွေကို အဓိကထားပြီးရိုက်တတ်ကြပေမဲ့ ဒီရုပ်ရှင်လေးကတော့ ထူးထူးခြားခြားအမျိုးသမီးဇာတ်ဆောင် အသားပေးရိုက်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့- မင်ကော်ခေတ်မှာ ဗြိတိန်လူမျိုးတွေက ကွမ်ကျိုးက မိန်းမပျိုလေးအများအပြားကိုလှည့်ဖြားပြီး နိုင်ငံခြားကို ရောင်းစားနေကြောင်း သတင်းသိရပါတယ်။အဲဒီ မိန်းမပျိုလေးတွေထဲမှာ ချင်မင်းဆက်ရဲ့ မင်းသမီးတစ်ပါးလည်း ပါသေးတယ်တဲ့။တော်ဝင်မျိုးနွယ်ကို ဓားစာခံအဖြစ် ထိန်းချုပ်ထားနိုင်တဲ့အခါဗြိတိန်လူမျိုးတွေက ပိုရက်စက်ကြပြီး ချင်မင်းဆက်ကလည်း သူတို့ကို မထိရဲအောင် ဖြစ်နေပါတယ်။ ပေါင်ကျီးလင်သူရဲကောင်း ဟွမ်ဖေးဟုန်ဟာ သူ့ဇနီးလောင်း သိုက်ရှောက်ကျွင်းနဲ့တပည့်လျန်ခွမ်းတို့နဲ့အတူ ချင်မင်းဆက် ယဉ်ကျေးမှုရေးရာဌာန အမတ်ကြီးလင်ရဲ့အမိန့်အရ ကျိုလုံဆိပ်ကမ်းမှာ နိုင်ငံခြားကို ရောင်းစားခံရမဲ့ မိန်းမပျိုတွေကိုသွားကယ်ခဲ့ပါတယ်။ ဒါပေမဲ့ မိန်းမပျိုလေးတွေက သူတို့ ထင်ထားသလိုအကယ်ခံရဖို့ စောင့်နေတာ မဟုတ်ဘဲ နိုင်ငံခြားကို ထွက်ရဖို့ မျှော်လင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ ဟွမ်ဖေးဟုန်ဟာ သိုက်ရှောက်ကျွင်းကို ကာကွယ်ဖို့အတွက်နဲ့ တိုက်ခိုက်ခံလိုက်ရပြီးသေလားရှင်လားမသိ ဖြစ်နေပါတယ်။ သိုက်ရှောက်ကျွင်းဟာ အမှန်တရားကိုစုံစမ်းစစ်ဆေးဖို့အတွက် ဗြိတိန်သံတမန် လိုင်စစ်ထ်ကဖွင့်လှစ်ထားတဲ့ […]
ဒီတစ်ခါမှာတော့ ကြည့်ရှုသူပရိသတ်တွေကို တူရကီ romance drama ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ အဓိကဇာတ်ဆောင်တွေအဖြစ် မင်းသားချော Çagatay Ulusoy, မင်းသမီးချော Ebru Sahin, Senay Gürler တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ပြည့်တန်ဆာ အလုပ်ကို လုပ်ကိုင်ရင်းနဲ့ ပိုက်ဆံရှာတဲ့ Saygin ဆိုတဲ့ကောင်လေးဟာ အချစ်ဆိုတဲ့အရာနဲ့ ထိတွေ့မိသွားတဲ့အခါ သူ့ဘဝဟာ လုံးဝပြောင်းလဲ သွားခဲ့ပါတယ်။ ဒါပေမယ့် အတိတ်တုန်းက သူလုပ်ခဲ့တဲ့ကိစ္စတွေဟာ သူ့နောက်ကို အရိပ်လိုလိုက်လာပါတယ်။ သူ့အရင်ဘဝကို ကောင်မလေး မသိအောင် လျှို့ဝှက်ထားရင်း ဗျာများနေတဲ့ Saygin ရဲ့ဘဝဇာတ်လမ်းကို ကြည့်ရှုကြရမှာပါ။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ကြည့်ပြီးသွားတဲ့အခါ ခေါင်းထဲမှာ တွေးစရာတွေကျန်နေခဲ့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ဇာတ်လိုက်မင်းသားရဲ့ သရုပ်ဆောင်ချက်တွေက […]
Apocalypse Z: El principio del fin (The Beginning of the End ) ဒါကတော့ ဇွန်ဘီးကမ္ဘာပျက်ကိန်းအကြောင်း စပိန်ရုပ်ရှင်သစ်ပဲ ဖြစ်ပါတယ်။ နာမည်ကြီး နိုင်ငံတကာအရောင်းရဆုံး စပိန်ဝတ္ထု တွဲတွေထဲက ပထမဆုံးစာအုပ်ကို ရိုက်ကူးထားတာဖြစ်လို့ အဆက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** မာနဲဆိုတဲ့ရှေ့နေတစ်ယောက်ဟာ သူ့ရဲ့ဇနီးဆုံးသွားပြီးနောက်မှာ ကြောင်ကလေး လူကူလိုနဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ သူ့မှာ အရမ်းချစ်ရတဲ့ ဘယ်လန်ဆိုတဲ့ အစ်မမိသားစုလည်းရှိပါတယ်။ ဘယ်လန်ရဲ့ အမျိုးသားက စစ်တပ်ကပါပဲ။ ရုရှားစမ်းသပ်ခန်းတစ်ခုကနေ ပြန့်လာတဲ့ ဗိုင်းရပ်စ်တစ်ခုကြောင့် ဇွန်ဘီး ကမ္ဘာပျက်ကိန်းကြီး စတင်လာချိန်မှာ သူ့အစ်မ လင်မယားက ဘေးကင်းတဲ့ ဌာနချုပ်ကိုရောက်သွားပေမဲ့ မာနဲနဲ့ ကြောင်ကလေးက မြို့ပျက်ကြီးထဲမှာ ကျန်နေခဲ့ပါတယ်။ […]
Lubber Pandhu (2024) “ချည်သောကြိုးများ” ကမ္ဘာမှာ ခရစ်ကတ်ကစားနည်းကို အနှစ်သက်ဆုံးရောအအောင်မြင်ဆုံးအသင်းအဖြစ်ရောပါဝင်နေတဲ့နိုင်ငံတွေထဲမှာ အိန္ဒိယဆိုတာ ထိပ်ဆုံးမှာပါဝင်နေတာအိန္ဒိယရုပ်ရှင်ပရိသတ်တွေသိကြမှာပါ။ အခုတင်ဆက်ပေးမှာက ဒါရိုက်တာ Tamizharasan Pachamuthuရဲ့ ပွဲဦးထွက်လက်ရာ တမီးလ်ရုပ်ရှင်။ခရစ်ကတ်အားကစား၊ အချစ်နဲ့ ဟာသကို အချိုးညီညီချက်ပြုတ်ထားတဲ့ဟင်းကောင်းတစ်ခွက်မို့ မြည်းစမ်းကြည့်ကြစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ ဂျိုလီဖရန့်ဆိုတဲ့ ခရစ်ကတ်အသင်းမှာ ဝင်ကစားရမယ်ဆိုတဲ့စိတ်နဲ့ ရောက်လာခဲ့တဲ့ အန်ဘူး။သဘောထားချင်းမတိုက်ဆိုင်လို့ ဂျိုလီဖရန့်မှာ ဝင်မကစားတော့ဘဲ တစ်ဘက်အသင်းမှာကစားနေတဲ့ဒူဘိုင်းပြန် မြို့ရဲ့ဂုဏ်ဆောင် ဂီသူးဆိုတဲ့လူကြီးရဲ့ အံ့မခန်းရိုက်ချက်တွေကို ရပ်ကြည့်နေခဲ့တဲ့ကောင်လေး။ ဂျိုလီဖရန့်အသင်းဝင်မဖြစ်ခဲ့တဲ့အန်ဘူးတစ်ယောက် ဆယ်နှစ်ဆိုတဲ့အချိန်ကာလကိုဖြတ်ကျော်ပြီးချိန်မှာဘယ်အသင်းသားမှမလုပ်ဘဲ ကြုံရာအသင်းမှာ ဧည့်သည်ကစားသမားအဖြစ်နဲ့ ဝင်ကစားနေပြီးအားကစားဝတ်စုံဆိုင်လေးဖွင့်ထားခဲ့တာပေါ့။ တစ်နေ့တော့ မင်္ဂလာဆောင်တစ်ခုမှာကောင်မလေးတစ်ယောက်ကို ကြွေမိသွားရာကစ သူငယ်ငယ်က ရပ်ကြည့်ခဲ့ရတဲ့ဆရာကြီးဂီသူးရဲ့သမီးဆိုတာကိုသိရတဲ့နောက်မှာတော့…။ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာကို မြူးမြူးကြွကြွတင်ဆက်ရိုက်ကူးထားမှုမှာ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size… 3.2 GB / […]
Former Chinese vice-president Wang Qishan has replaced ex-premier Zhu Rongji as honorary chairman of a high-profile multinational academic board that serves as a key “track 1.5” diplomacy channel for Beijing. The advisory board of the Tsinghua University school of economics and management was founded by Zhu in the year 2000 to be a platform for […]