မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအလွန် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေချိန်တွင် စာသင်ကျောင်းများကို ဗုံးခွဲတိုက်ခိုက်ရန်နှင့် ကျောင်းထားကြမည့် မိဘများကို ခြိမ်းခြောက်ပြောဆိုမှုများ ပြုလုပ်ရာတွင် ထင်ရှားသည့် ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူ မျိုးရန်နောင်သိန်း က အချက် (၈)ချက် ထောက်ပြပြီး NUG အကြမ်းဖက်အဖွဲ့ က ဝန်ကြီးများ မြန်မာပြည်ပြန်ရန်နှင့် မပြန်လိုလျှင် နှုတ်ထွက်ရန် 26-11-2024 ရက်နေ့က ပြောဆိုလိုက်သည်။ အကြမ်းဖက်လှုံ့ဆော်သူ ပြည်ပြေး ဝရမ်းပြေး မုဒိန်းကောင် မျိုးရန်နောင်သိန်း က ပြည်တွင်းမှာ NUG ထိန်းချုပ်နယ်မြေတွေရှိနေပြီဖြစ်တဲ့ NUG ဟာ အဝေးရောက်အစီုးရဖြစ်ရန်အကြောင်းမရှိတော့ကြောင်း ၊ ဒါကြောင့် ပြည်ပရောက်နေတဲ့ NUG အစီုးရအဖွဲ့ဝင်တွေ မြန်မာ ပြည်တွင်းသမ္မတကြီး ဒူးဝါးလရှီလ ရဲ့တိုက်တွန်းပြောဆိုချက်ကို အပြည့်အဝ ထောက်ခံကြောင်း၊ ကျွန်တော်လည်း အဲ့ဒီလိုမြင်နေတာကြာပြီ […]
ညောင်ဦး၊ နိုဝင်ဘာ ၁၅ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောပြားကျေးရွာအုပ်စု၊ တောပြားကျေးရွာတွင် လူတစ်ဦးသေနတ် ပစ်ခတ်ခံရကြောင်း သတင်းအရ သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်ကျေးရွာသို့ သွားရောက်စစ်ဆေးခဲ့ရာ ဦးကျော်မိုးအား ၁၄-၁၁-၂၀၂၄ ရက်နေ့ ၁၉:၀၀ အချိန်ခန့်တွင် အချိန်ခန့်တွင် PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။ ဦးကျော်မိုး၊ ၆၇ နှစ်၊ (ဘ)ဦးခင်မောင်၊ တောင်သူ၊ တောပြားကျေးရွာ၊ ညောင်ဦးမြို့နေသူ (သမဝါယမစာရေး-ငြိမ်း)အား ယာဘက်ရင်အုံ ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ယာ-နဖူး ဖောက်ဝင်ဒဏ်ရာ ၁ချက်တို့ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ USA 9-MM Luger စာတမ်းပါ ကျည်ခွံ ၁ခု၊9-MM Luger NRC စာတမ်းပါ ကျည်ခွံ ၂ခု၊Win 9-MM […]