(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၄ ( ၁ ) ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အသံရော ရုပ်လက္ခဏာပါ ထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်ထွက်ခဲ့သည်ဟု ဆို၏။ သူတို့ကား မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့တည်း။ ဗန်းမော်ဆရာတော်သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကွမ်းညှပ်စင်ရွာသား၊ ငယ်အမည် မောင်ဖြူဝင်း၊ ကြာသပတေးသား။ မောင်ဖြူဝင်း အမည်ပေးထားသော်လည်း အသားလည်း မဖြူ၊ ဝင်းလည်း မဝင်း၊ အသားမည်းမည်း၊ ဗိုက်ခေါက်ရွှဲရွှဲ၊ ဦးပြည်းပြောင်ပြောင်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ အသံအောကြီးနှင့် ဖြစ်သည်။ အမရပူရမြို့တည် ဘိုးတော်ဘုရားမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ဗန်းမော်မြို့ကို အပိုင်စားရသည့် ဝေသာလီမင်းသမီး ဥပေါတရာက ဗန်းမော်ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ထိုကျောင်းထိုင် ဖြစ်သောကြောင့် ဗန်းမော်ဆရာတော် အမည်တွင်လာခြင်းဟု ဆိုကြသည်။ ဗန်းမော်ဆရာတော်သည် ဥပဓိရုပ်အလွန်ထူးခြားပြီး လွန်စွာကြံ့ခိုင်ခံ့ညားသူ၊ အသံတော်မှာလည်းနက်ကျယ်ပြတ်သားသည်။ ရူပလက္ခဏာနှင့် […]
(မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၂၄ သမိုင်းဟူသည် အတိတ်က အဖြစ်အပျက် အတွေ့အကြုံကို နောင်တစ်ချိန် ပြန်လည်အသုံးချနိုင်အောင် လေ့လာရသောပညာဟု အဓိပ္ပာယ်ရှိသည်ဟု ဆိုကြ၏။ တဖန် ယောကျ်ားတို့ တတ်အပ်သော အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်တွင် “ပူရဏကထာ “တစ်ပါး ပါရှိသည်။ တိုက်ရိုက်ဘာသာပြန်ရလျှင် “ရှေးစကားပြောခြင်း”ဟု ဆိုလိုသည်။ ထို့ကြောင့်ပင် ကျွန်တော်တို့ ငယ်စဥ်က ဘိုးဘွားများပြောခဲ့သော အိပ်ရာဝင်ပုံပြင်များတွင် “ဟိုရှေးရှေးတုန်းက—“ဟူ၍ အစချီတတ်ကြသည် မဟုတ်လော။ အတိတ်အချိန်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို နောင်လာနောက်သားများသိစေလိုခြင်း၊ အားကျစေလိုခြင်း၊ ရှောင်ရှားစေလိုခြင်း၊ ပျော်ရွှင်စေလိုခြင်း၊ သင်ခန်းစာယူစေလိုခြင်း စသဖြင့် တစ်မျိုးမျိုးသော ရည်ရွယ်ချက်ဖြင့် လက်ဆင့်ကမ်း ပြောကြားလာသော စကားများ မဟုတ်လော။ထိုရှေးစကားများကို စာပေဖြင့် မှတ်တမ်းတင်ခဲ့သော အကြောင်းအရာများကို သမိုင်းဟု ဆိုကြခြင်းမဟုတ်ပါလော။ ထို့အပြင် သမိုင်းကို […]