ylliX - Online Advertising Network

စလင်းမှာ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်သူ NUG ကြန့်ကြာနေလို့ မြို့နယ်ပအဖသေဒဏ်ချမှတ်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဂုံညှင်းနွယ်ရွာအနီး အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဦးစံကို ပြစ်ဒဏ်ချမှတ်နိုင်ရေး NUG ဘက်ကကြန့်ကြာနေတာကြောင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြီးခဲ့တဲ့နိုဝင်ဘာ ၁၅ ရက်နေ့က သေဒဏ်ချမှတ်လိုက်တယ်လို့ အဲဒီပအဖဆီကနေ သိရပါတယ်။   ဒီပြစ်မှုအတွက် သက်သေအထောက်အထားတွေ ရရှိထားပြီး တရားခံကလည်း ဝန်ခံထားပြီးဖြစ်တာကြောင့် မြို့နယ်ကပဲ သေဒဏ်ချမှတ်စီမံခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။   “ကျွန်မတို့ စိုးမိုးနယ်မြေအရ စကစနဲ့ အားပြိုင်မှုတွေရှိသလို ကျွန်မတို့ နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်ပီပြင်ရေးအတွက် ပြည်သူတွေရဲ့ ကိစ္စတော်တော်များများကို အချိန်မီ ‌ဖြေရှင်းဆောင်ရွက်ပေးရတာတွေရှိပါတယ်။ နှောင့်နှေးကြန့်ကြာပြီး အချိန်တွေတအားဆွဲနေခြင်းက ကျွန်မတို့မြေပြင် လုပ်ဆောင်နေရသူတွေအတွက် အဆင်မပြေသလို ပြည်သူလူထုယုံကြည်မှုတည်ဆောက်ရေးကဏ္ဍလည်း အလိုလို Fail Down ဖြစ်စေပါတယ်” လို့ စလင်းမြို့နယ်အုပ်ချုပ်ရေးအဖွဲ့၀င် မဟန်နီကယ်က ပြောပါတယ်။   ဒါကြောင့် […]