တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ရာ ၁၄ ဦး အရှင်ဖမ်းမိပြီး လက်နက်ခဲယမ်းအချို့ ရရှိသည်ဟု ကျောင်းသားလက်ရုံးတပ်တော် (Student Armed Force) က နိုဝင်ဘာ ၂၈ တွင် ထုတ်ပြန်သည်။ အမ်းမြို့အဝင် တစ်မိုင်ကုန်းစခန်းမှဆုတ်ခွာလာသည့် ဗိုလ်မှူးဇော်ထက်နောင် ဦးစီးသည့် စစ်ကြောင်းကို နိုဝင်ဘာ ၂၃ ရက်နေ့က အမ်း – ပဒါန်းလမ်းပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး ရရှိလာသည့် စစ်သုံ့ပန်း၊ လက်နက် ပစ္စည်း မှတ်တမ်းဓာတ်ပုံများလည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။ ကြားဖြတ်တိုက်ခိုက်ခံရမှုကြောင့် အဆိုပါစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တကွဲတပြားစီ ထွက် ပြေးကြသည့်အတွက် လိုက်လံရှင်းလင်းနေသည်ဟု ဖော်ပြထားသည်။ စစ်သုံ့ပန်းများနှင့်ပတ်သက်ပြီး ပိုမို သိရှိနိုင်ရန် ကျောင်းသား လက်ရုံးတပ်တော်ကို Myanmar Now က […]