စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိတဲ့ သူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာဟာ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ်ဘဝထဲမှာ ထိတွေ့ဆက်ဆံပြောဆိုနေရတဲ့ သူတွေထဲမှာ မရင့်ကျက် တဲ့ သူတွေပါနေတယ်ဆိုရင် သေချာတာကတော့ သင့်ကို စိတ်ဖိစီးစေပြီး စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုတွေကို ဖြစ်ပေါ်စေမှာပါ။ ဒီလို အခြေအနေတွေကို စိတ်ရှည်ရှည်နဲ့ ကိုင်တွယ်ဖြေရှင်းချင်တယ် ဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ဆက်ကြည့်ပါ။ (၁) သင့်ရဲ့ ကန့်သတ်ချက်တွေကို လိုက်နာပါ Photo : Divine You အခြားသူတွေရဲ့ အပြုအမူတွေ ၊ ပြောဆိုဆက်ဆံပုံတွေကို သင်ထိန်းချုပ်လို့ မရနိုင်ပေမယ့် သင့်ကိုယ်ပိုင်နယ်နိမိတ် စည်းမျဉ်းကို သင်ကိုယ်တိုင် လေးစားလိုက်နာမယ်ဆိုရင်တော့ အဆင်မပြေတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ သင့်သတ်မှတ်ထားတဲ့ ဘောင်တစ်ခုကို ကျော်လွန်ပြီး ဘယ်အရာကိုမှ လက်မခံပါနဲ့။ […]
Skip to content BMW နဲ့ လူတူစက်ရုပ်တွေ တီထွင်နေတဲ့ Figure AI တို့ဟာ Figure 02 လူတူစက်ရုပ်ရဲ့ အထင်ကြီးစရာကောင်းလောက်အောင် စွမ်းရည်မြင့်မားလာမှုကို ပြသလိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ စက်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။ များသောအားဖြင့် လူတူစက်ရုပ်တွေဟာ နှေးနှေး ကွေးကွေး အလုပ်လုပ်ကြပါတယ်။ Figure 02 ကတော့ ဒီလို မဟုတ်ပါဘူး။ Figure 02 ဟာ BMW ရဲ့ ကား ထုတ်လုပ်မှုကို ၄၀၀ ရာခိုင်နှုန်းအထိတောင် တိုးမြှင့်ပေးနိုင်ပြီး အလုပ်အောင်မြင်မှုနှုန်းဟာ ၇ ဆ ပိုများလာပါတယ်။ မကြာခင်က မျှဝေထားတဲ့ ဗီဒီယိုမှာ Figure 02 ဟာ နေ့စဉ် ကားအစိတ်အပိုင်း တပ်ဆင်မှု ၁,၀၀၀ […]