ထိုင်း-မြန်မာနယ်စပ်ဒေသ မယ်ဆိုင်မြို့တွင် ရေကြီးရေလျှံမှုအတွင်း နုန်းမြေ တင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့နယ်ရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့်ဟု ထိုင်းအစိုးရ လေ့လာတွေ့ရှိမှုက ဖော်ပြနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ယမန်နေ့ (နိုဝင်ဘာလ ၂၇ ရက်)တွင် ထုတ်ပြန်လိုက်သည်။ အောက်တိုဘာလအတွင်း ပြုလုပ်ခဲ့သည့် ထိုင်းနိုင်ငံသဘာဝအရင်းအမြစ်ဌာန၏ လေ့လာမှုတစ်ခုတွင် နယ်စပ်ဒေသတလျှောက် ရေကြီးရေလျှံမှုအတွင်း မကြုံစဖူး နုန်းမြေတင်ကျန်မှုနှင့် မြေပြိုမှုများမှာ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ အကြီးစား ရွှေတူးဖော်မှုများကြောင့် ဖြစ်သည်ဟု ဆိုသည်။ မိုင်းဆတ်မြို့ အရှေ့ပိုင်းရှိ စစ်ကောင်စီနှင့် ‘ဝ’တပ်ဖွဲ့ UWSA လက်အောက်ခံ ဒေသများတွင် လွန်ခဲ့သည့် ၂ နှစ်ခန့်မှ စ၍ ရွှေတူးဖော်ထုတ်လုပ်မှု ပိုမိုများပြားလာခြင်းကြောင့် မြစ်ဘေးရှိ တောင်၏ အစိတ်အပိုင်းတချို့မှာ တိုက်စားခံရကာ ခဲဓာတ်များသော ကန်များအဖြစ် ပြောင်းလဲသွားပြီး […]