ylliX - Online Advertising Network

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပါဝင် တက်ရောက်ပြီး မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေများလက်ခံ

 ဒေဂူး၊ နိုဝင်ဘာ ၃၀ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ဒေဂူးမြို့ရှိ Hotel Inter-Burgo ၌ ကျင်းပခဲ့သည့် Daegu-Gyeongbuk International Exchange Association (DGIEA) ၏ (၁၅) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်း အနားသို့ ပါဝင်တက်ရောက်ခဲ့ပြီး ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့သည်။ မြန်မာသံအမတ်ကြီး၏ ဂုဏ်ပြုမိန့်ခွန်းတွင် နိုင်ငံတကာအသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေ ရန်အတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတစ်ခုအဖြစ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် DGIEA အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များအား ဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေး၏ အရေးပါမှုများအား အလေးပေးထည့်သွင်းပြောကြားခဲ့ပါသည်။ ယင်းအပြင် သံအမတ်ကြီးသည် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံတို့အကြား ကဏ္ဍပေါင်းစုံတွင် ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် တိုးမြှင့်ဆောင်ရွက်ပေးမှုများကိုလည်း ထည့်သွင်းပြော ကြားခဲ့သည်။ ညစာစားပွဲပြီးနောက် […]

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား ဂါရဝပြုသွားရောက်တွေ့ဆုံ

ကတ္တမန္ဒူး၊ နိုဝင်ဘာ ၂၀  နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်တွင် နီပေါကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel အား နီပေါတပ်မတော်ရုံးချုပ်၌ ဂါရဝပြု သွားရောက် တွေ့ဆုံခဲ့စဉ် နှစ်နိုင်ငံ ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဖော်ဆောင်နိုင်ရေး၊ တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ၊ သင်တန်းသားများ စေလွှတ်ဆောင်ရွက်နေမှု အခြေအနေများ နှင့် ပတ်သက်၍ ရင်းနှီးစွာ ဆွေးနွေးခဲ့သည်။    တွေ့ဆုံမှုအပြီးတွင် နီပေါကာကွယ်ရေးဦးစီးချုပ်နှင့် သံအမတ်ကြီးတို့သည် အပြန်အလှန် အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။  နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးသည် နီပေါ Army Command and Staff College ၏ ဖိတ်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း […]

နီပေါတပ်မတော်မှ ဦးစီးကျင်းပသည့် “PHULPATI PARADE” အခမ်းအနားသို့ မြန်မာသံအမတ်ကြီး တက်ရောက်

Credit to Popular Journal – နီပေါတပ်မတော်မှ ဦးစီးကျင်းပပြုလုပ်သည့် “PHULPATI PARADE” အခမ်းအနားသို့ နီပေါတပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Ashok Raj Sigdel ၏ ဖိတ်ကြားချက်အရ နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။ ယင်းအခမ်းအနားကို နီပေါနိုင်ငံ ကတ္တမန္ဒူးမြို့ရှိ Army Pavilion ၌ အောက်တိုဘာ (၁၀)ရက်က ကျင်းပပြုလုပ်ခဲ့ပြီး နီပေါနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ နီပေါနိုင်ငံ တပ်မတော်၏ အကြီးအကဲဖြစ်သည့် နီပေါ သမ္မတ ရမ်ချန်ဒရာပေါ်ဒဲလ် တက်ရောက်ပြီး ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားသည် (၁၀)ရက်ကြာ ကျင်းပပြုလုပ်လျက်ရှိသည့် ဒါဆိုင်းပွဲတော်၏ (၇)ရက်နေ့မြောက် အထိမ်းအမှတ်အဖြစ် နီပေါတပ်မတော်က ဦးစီးကာ […]