South China Morning Post:- တရုတ်နိုင်ငံအနေဖြင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုပြန်ရရန် ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးအတွက် ယွမ် ၁၀ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ) ထပ်မံလိုအပ်နိုင်ကြောင်း HSBC ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးအဖွဲ့က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ်အတွက် ရင်းနှီးမြှုပ်နှံမှု အလားအလာ ခန့်မှန်းချက်တွင် ဖော်ပြထားသည်။ အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲ ထပ်မံဖြစ်ပွားမည့် အလားအလာရှိနေပြီး အိမ်၊ ခြံ၊ မြေကဏ္ဍမှာ ပြန်လည်နာလန်ထူလာမည့် အရိပ်အယောင် မတွေ့ရသေးသောကြောင့် တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းဝယ်လိုအားကို မြှင့်တင်ပြီး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း တရုတ်နှင့် အာရှ ရှယ်ယာဈေးကွက်ဆိုင်ရာ အကြီးအကဲ ကာရိုလင်း ယူမော်ရာက ပြောကြားခဲ့သည်။ တရုတ်စတော့ရှယ်ယာများတွင် ဖောက်သည်များ၏ ဝယ်ယူသုံးစွဲမှုကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု […]
ရန်ကုန်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ) ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS ) အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှု မြှင့်တင်ရေးကို ဦးစားပေး ဆောင်ရွက်ရန် နိုဝင်ဘာ ၂၈ ရက်တွင် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ ၆ ကြိမ်မြောက် (ACMECS) ခရီးသွားလုပ်ငန်းဝန်ကြီးများအဆင့် အစည်းအဝေး၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီး လာအိုနိုင်ငံမှ ယဉ်ကျေးမှုနှင့် ခရီးသွားဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Darany Phommavongsa က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် အပါအဝင် […]