ylliX - Online Advertising Network

ရာသီလာချိန်မှာ ဗိုက်အရမ်းဆာတာ ဘာကြောင့်များလဲ!

ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတယ်လို့ ခံစားရတာက ကိုယ်တစ်ယောက်တည်းလို့ ယူဆနေတာလား! တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ ရာသီလာချိန်မှာ ဗိုက်ဆာတာက လေဒီလေးတော်တော်များများမှာ တွေ့ကြုံရနိုင်တဲ့ အခြေအနေတစ်ရပ်ပါ။  ရာသီလာနေချိန် နဲ့ ရာသီမလာခင် တစ်ပတ် ကနေ ၂ ပတ်လောက်မှာ ပုံမှန်ထက် ပိုပြီးဗိုက်ဆာတာမျိုး ခံစားကြရပါတယ်။ ရာသီလာချိန်မှာ အစားစားချင်စိတ် ပြောင်းတာ၊ အစားစားချင်စိတ် ပုံမှန်ထက် ပိုများနေတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ ရာသီအကြို လက္ခဏာတစ်ခုပါ ပဲ ရာသီလာချိန်မှာ ပုံမှန်ထက် ဗိုက်ဆာတာက ပုံမှန်ပဲလား! ရာသီလာချိန်မှာ ဗိုက်တာက ပုံမှန်ပဲလား ဆိုတော့ ပုံမှန်ပါပဲ။ အကြောင်းကတော့ ရာသီလာခါနီး သားဥကြွေတာနဲ့ မျိုးဥအိမ်ကနေ သားဥလေးတွေထွက်လာပြီးချိန်မှာ ကိုယ်တွင်းမှာ ပရိုဂျက်စတုန်းဟော်မုန်းပမာဏ မြင့်တက်လာတာကြောင့် ပုံမှန်ထက် ဗိုက်ဆာတာမျိုးကို ခံစားရတာပါ။ တစ်ချိန်တည်းမှာပဲ […]

သံဓာတ်အားဖြည့်ဆေးတွေ သောက်ပြီးရင် ဝမ်းချုပ်တာ ဘာကြောင့်များလဲ!

သံဓာတ်ဆိုတာက ခန္ဓာကိုယ်အတွက် အမျိုးမျိုးသောအကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုးပါ။သံဓာတ်က ခန္ဓာကိုယ်အတွက် ကျန်းမာတဲ့ အောက်ဆီဂျင်ပမာဏ ရရှိစေဖို့၊ ဟော်မုန်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်နိုင်စေဖို့နဲ့ အခြားအခြားသော အကြောင်းအရင်းတွေအတွက် လိုအပ်တဲ့ သတ္တုဓာတ်တစ်မျိုးပါ။ သံဓာတ်က အရေးကြီးပေမယ့် တော်တော်များများက သံဓာတ်ကိုပြည့်ဝအောင် မစားမိကြတာကြောင့် သံဓာတ်ချို့တဲ့တာတွေကို ခံစားကြရပါတယ်။ ဒီအခြေအနေကို အများဆုံး ကြုံတွေ့ရတာကတော့ လစဉ် ရာသီသွေးဆင်းတာကို ခံစားနေရတဲ့ လေဒီလေးတွေပါ။  ရာသီသွေးဆင်းတဲ့အခါ ရာသီသွေးနဲ့အတူ ခန္ဓာကိုယ်တွင်းက သံဓာတ်၊ ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေကို ဆုံးရှုံးကြရပါတယ်။ ဒီအခြေအနေက လေဒီလေးတွေကို ခြေကုန်လက်ပမ်းကျစေတာ၊ မူးမော်တာလိုမျိုး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။  ရာသီသွေးဆင်းတာကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်တွေကို ဖြည့်တင်းဖို့ အလွယ်ဆုံးနည်းလမ်း တစ်ခုက သံဓာတ် အားဖြည့်ဆေးသောက်တာပါပဲ။ ဒီလို သံဓာတ်အားဖြည့်ဆေးသောက်တဲ့အခါ လေဒီလေး တော်တော်များများ […]