(မိုးမခ) နိုဝင်ဘာ ၂၉ ၊ ၂၀၂၄ ( ၁ ) ကုန်းဘောင်ခေတ်နှောင်းပိုင်းတွင် အသံရော ရုပ်လက္ခဏာပါ ထူးခြားကောင်းမွန်သော ပုဂ္ဂိုလ်နှစ်ဦးပေါ်ထွက်ထွက်ခဲ့သည်ဟု ဆို၏။ သူတို့ကား မင်းတုန်းမင်းနှင့် ဗန်းမော်ဆရာတော်တို့တည်း။ ဗန်းမော်ဆရာတော်သည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ကွမ်းညှပ်စင်ရွာသား၊ ငယ်အမည် မောင်ဖြူဝင်း၊ ကြာသပတေးသား။ မောင်ဖြူဝင်း အမည်ပေးထားသော်လည်း အသားလည်း မဖြူ၊ ဝင်းလည်း မဝင်း၊ အသားမည်းမည်း၊ ဗိုက်ခေါက်ရွှဲရွှဲ၊ ဦးပြည်းပြောင်ပြောင်၊ အရပ်ထောင်ထောင်မောင်းမောင်း၊ အသံအောကြီးနှင့် ဖြစ်သည်။ အမရပူရမြို့တည် ဘိုးတော်ဘုရားမင်းကြီး၏ မိဖုရားတစ်ပါးဖြစ်သော ဗန်းမော်မြို့ကို အပိုင်စားရသည့် ဝေသာလီမင်းသမီး ဥပေါတရာက ဗန်းမော်ကျောင်းတိုက်ကို ဆောက်လုပ်လှူဒါန်းပြီး ထိုကျောင်းထိုင် ဖြစ်သောကြောင့် ဗန်းမော်ဆရာတော် အမည်တွင်လာခြင်းဟု ဆိုကြသည်။ ဗန်းမော်ဆရာတော်သည် ဥပဓိရုပ်အလွန်ထူးခြားပြီး လွန်စွာကြံ့ခိုင်ခံ့ညားသူ၊ အသံတော်မှာလည်းနက်ကျယ်ပြတ်သားသည်။ ရူပလက္ခဏာနှင့် […]