(မြန်မာ ၈ ဦး အပါအဝင် စုစုပေါင်း ၁၅ ဦးကိုဖမ်းဆီး) ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းကို အသုံးအဆောင်ပစ္စည်း အမြောက်အများနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းရဲတပ်ဖွဲ့က ယမန်နေ့ နိုဝင်ဘာလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ ချင်းမိုင်မြို့ထဲက ဆန်ဆိုင်း၊ ဆန်ကမ်ဖန်းရပ်ကွက်တွင် နိုဝင်ဘာလ ၂၆ ရက်နေ့က နေရာ ၁၁ ခုကို ထိုင်းရဲတပ်ဖွဲ့က ထောက်လှမ်းရှာဖွေရာတွင် ကျားဖြန့်ဂိုဏ်းကို ဖမ်းမိခြင်းဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက် အကြီးမားဆုံး ကျားဖြန့်လုပ်ငန်းကို ဖမ်းဆီးရမိခြင်းဟု ဆိုသည်။ ဖုန်းဆင်းမ်ကတ် ၅၉၀,၀၀၀ ပါ ဆင်းမ်ကတ် ဗူး ၆၄၂ ဗူး၊ ကွန်ပျူတာ ၇၂ လုံး၊ မိုဘိုင်းဖုန်း ၁,၄၅၅ လုံး၊ ဆင်းမ်ကတ် Reader ၄၇ ခု […]
၂၀.၁၁. ၂၀၂၄Translated by Htwe Ko Tun ထိုင်းနိုင်ငံဘန်ကောက်မြို့နှင့် အခြားသောနေရာများတွင်ကွန်ဒိုမီနီယံအခန်းများအား မြန်မာနိုင်ငံသားများက ဝယ်ယူမှုများ တိုးပွားလာနေလျက်ရှိရာ ထိုင်းနိုင်ငံ၏နှေးကွေးအရောင်းထိုင်းနေသော အိမ်ခြံမြေ ဈေးကွက်အတွက် အခွင့်အလမ်း မျှော်လင့်ချက်တစ်ရပ် ပံ့ပိုးပေးသကဲ့သို့ ရှိနေရကြောင်း သတင်းများ အရသိရသည်။ ထိုသို့ဝယ်ယူသူ မြန်မာနိုင်ငံသားများမှာလည်း ပြည်တွင်းစစ်ကြောင့် ထိခိုက်နေရသော နိုင်ငံ၏စီးပွားရေးမှ အပြင်ဘက်သို့ ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးများကို ရွှေ့ပြောင်းလာကြသည့် သ ဖွယ်ဖြစ်ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ်၏ ပထမကိုးလအတွင်း မြန်မာနိုင်ငံသားများ၏ ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုက ယခင်နှစ် အလားတူကာလထက် သုံးဆမြင့်တက်လာခဲ့ကြောင်း အိမ်ခြံမြေသတင်းအချက်အလက် ဗဟို(REIC) က ပြောခဲ့သည်။ မြန်မာနိုင်ငံသားများက ထိုင်းနိုင်ငံတွင် ကွန်ဒိုမီနီယံအခန်းများဝယ်ယူမှုမှာ တရုတ်နိုင်ငံသားများပြီးလျှင် ဒုတိယနေရာတွင်လည်း ရှိနေခဲ့သည်။ REIC မှ ယာယီညွှန်ကြားရေးမှူးချုပ် ကာမွန်ပေါ့ […]