ylliX - Online Advertising Network

ထိုင်းဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကွန်ကရက်တုံးများပြုတ်ကျခဲ့ရာမှ သေဆုံးသူလေးဦးတွင် မြန်မာနိုင်ငံသား သုံးဦး ပါဝင်

၂၉.၁၁. ၂၀၂၄Written by Shwe Phyo ထိုင်းနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် နိုဝင်ဘာ ၂၉ ရက်နေ့ နံနက်ပိုင်းက ကွန်ကရစ်ကျောက်တုံးကြီးများကို တင်ဆောင်သော ကရိန်းပြတ်ကျခဲ့ရာ မြန်မာနိုင်ငံသားများအပါအဝင် လူလေးဦးသေဆုံးခဲ့ပြီး အနည်းဆုံး ၁၀ ဦးဒဏ်ရာရခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။ အဆိုပါအဖြစ်အပျက်သည် ဆာမတ်ဆာခွန်ပြည်နယ် မောင်းဒေသရှိ Rama II အမြန်လမ်းနားက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆာမတ်ဆာခွန်ပြည်နယ် အုပ်ချုပ်ရေးမှူးက အတည်ပြုပြောဆိုထားသည်။ ထိုဖြစ်ရပ်တွင် Special Highway No. 82 အမည်ရှိ အမြန်လမ်းတည်ဆောက်ရေးလုပ်ငန်းကို PSCI ဆောက်လုပ်ရေးကုမ္မဏီက ဦးဆောင်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး အလေးချိန်တန်ချိန် ၄၀၀ ရှိ ကွန်ကရစ်တုံးနှင့် အလေးချိန်တန်ချိန် ၂၀၀ ရှိကွန်ကရစ်တုံးများကို ကရိန်းဖြင့် မပြီးရွှေ့ပြောင်းချိန်အတွင်း ကရိန်းပြုတ်ကျခဲ့ခြင်းမျိုးဖြစ်ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြထားသည်။ ဆာမတ်ဆာခွန်ပြည်နယ်အုပ်ချုပ်ရေးမှူးက သေဆုံးခဲ့သူလေးဦးထဲတွင် မြန်မာနိုင်ငံသားသုံးဦးနှင့် […]