ylliX - Online Advertising Network

စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြု၍ စိန်ရတုစာပေဆုနှင်းသဘင်ကြီးကို ဂုဏ်ပြု

မောင်ငြိမ်းအေး နိုင်ငံတော်နှင့်ပြည်သူများအတွက် ကောင်းကျိုးဖြစ်ထွန်းရေးအတွက်လည်းကောင်း၊ မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်လာရန်အတွက်လည်းကောင်း ကလောင်စွမ်းအားဖြင့် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ကြသည့် စာပေပညာရှင်ကြီးများ၊ စာဆိုတော်ကြီးများ၏ ဂုဏ်ကျေးဇူးကို အလေးအမြတ်ပြုပြီး ၁၉၄၄ ခုနှစ်မှစတင်၍ စာဆိုတော်နေ့ အခမ်း အနားများ ကျင်းပလာခဲ့ရာ ယခုအခါနှစ်ပေါင်း ၈၀ တိုင်ခဲ့ပြီဖြစ်သည်။ မြန်မာစာပေလောက ရှင်သန်ဖွံ့ဖြိုးစေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် စာပေအမျိုးမျိုးတို့ကို ပြုစုရေးသားကြသည့် စာဆိုတော်ကြီးများ၏ အခန်းကဏ္ဍသည် အရေးပါသလို စာပေပညာရှင်ကြီးများကို အားပေးချီးမြှင့်ပေးသည့် နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်း လူပုဂ္ဂိုလ်များ၏ စေတနာများမှာ မြန်မာစာပေရှင်သန်ဖွံ့ဖြိုးစေသည့် အဓိကကျသည့် အကြောင်းရင်းဖြစ်သည်ဟု ရှုမြင်ပါသည်။ စိန်ရတုစာပေဆုနှင်းသဘင် စာပေသည် ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကြောင်းတရားဖြစ်သည်။ စာပေသည် အတွေးအခေါ်၊ အယူအဆ စိတ်ဓာတ်ခွန်အားများ ရှင်သန်ဖွံ့ဖြိုးရာ အရင်းအမြစ်ဖြစ်သည်။ စာပေသည် မြန်မာ့ယဉ်ကျေးမှုအနုပညာ အသီးသီးဖြာထွက်ရာ ပင်မမဏ္ဍိုင်ဖြစ်သည်။ စာပေအကျိုးကျေးဇူးများမှာ ကျယ်ပြန့်နက်ရှိုင်းလှသည်။ […]