မိုးမခ၊ နိုဝင်ဘာ ၂၀၂၄ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေရဲ့ ရုန်းကန်မှု စိန်ခေါ်မှုတွေနဲ့ ခရီးပေါက်လာမှု တိုင်းရင်းသားဒေသတွေနဲ့ ပြည်မဒေသတွေမှာ နွေဦးတော်လှန်ရေးအင်အားစုတွေ၏ စစ်အာဏာရှင်ချုပ်ငြိမ်းရေးအတွက် ရုန်းကန်တိုက်ပွဲဝင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။ ယခုလပိုင်းအတွင်းမှာ အိမ်နီးချင်းတရုတ်နိုင်ငံအစိုးရ၏ နွေဦးတော်လှန်ရေးအင်အားစုတွေအပေါ် ဖိအားပေးမှုတွေ အထူးသဖြင့် ကိုးကန့်နဲ့ တအာန်း လက်နက်ကိုင်အင်အားစုတွေကိုအပေါ် သက်ရောက်မှုတွေကို လေ့လာသူတွေက သုံးသပ်ကြပါတယ်။ မရှေးမနှောင်းမှာပဲ ထိုင်းစစ်တပ်က ၀တိုင်းရင်းသားအဖွဲ့၏ နယ်စပ်စခန်းတွေကို ရုတ်သိမ်းဖို့ တောင်းဆိုတာ ဖြစ်ပေါ်လာပါတယ်။ နောက်တရက်မှာတော့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (International Criminal Court) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ဖမ်းဝရမ်းထုတ်ဖို့ ICC အဖွဲ့ရဲ့ အမှုလိုက်ရှေ့နေချုပ် ဖြစ်သူက ICC တရားရုံးထံ လျှောက်ထားလိုက်တယ် ဆိုတဲ့ သတင်း ထွက်လာပါတယ်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို […]