ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ထိန်းချုပ်လိုက်ပြီးနောက် မြို့အခြေစိုက် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ -၅) နှင့် လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်သော ခမရ ၃၄၆၊ ၅၄၄၊ စခန်းများကို တစ်ပြိုင်နက်တည်း တိုက်ခိုက်နေကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ (နိုဝင်ဘာ ၂၉ ရက်) တွင် ထုတ်ပြန်သည်။ နိုဝင်ဘာ ၄ ရက် မှ ၂၀ ရက်အထိ ၁၇ ရက်ကြာ ထိုးစစ်အတွင်း တောင်ကုတ်မြို့ ပြင်ပရှိ စစ်စခန်းများ သိမ်းပိုက်ရရှိခဲ့ပြီး တောင်ကုတ်မြို့တစ်ခုလုံးကို နိုဝင်ဘာ၂၄ ရက်တွင် အလုံးစုံထိန်းချုပ်ထားနိုင် ခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။ တောင်ကုတ်မြို့ပြင်ပရှိ တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ် နှင့် ရာဘာခြံ ရှိ […]