လီယိုနာဒို ဒီကာပရီယိုသည် အသက် ၅၀ နှစ်ပြည့် မွေးနေ့ကို ကမ္ဘာကျော် Walmart ကုန်တိုက်အုပ်စုကြီး၏ အမွေဆက်ခံသူ အမျိုးသမီးပိုင်သော ခမ်းနားကြီးကျယ်လှသည့် လော့စ်အိန်ဂျလိစံအိမ်ကြီးတွင် ကျင်းပခဲ့သည်။ ဒီကာပရီယို၏ မွေးနေ့ပါတီပွဲသို့ ဒိတ်ဒိတ်ကြဲ ကြယ်ပွင့်များ တက်ရောက်ခဲ့ရာ ပဲရစ်ဟီလ်တန်၊ ကေတီပယ်ရီ တို့မှသည် ဘရက်ပစ်၊ အယ်လ်ပါချီနိုတို့အထိ ပါဝင်သည်။ ပါတီပွဲကို Walmart တည်ထောင်သူ၏ တူမ တော်စပ်သူ Sybil Robson Orr နှင့် ခင်ပွန်းဖြစ်သူ Mattew Orr တို့ ပိုင်ဆိုင်သော ကျယ်ပြောလှသည့် ခြံဝန်းကြီးအတွင်းရှိ စံအိမ် ၂ လုံးတွင် နေရာခွဲကာ ကျင်းပခဲ့သည်။ Page Six သတင်းဌာန၏ ဖော်ပြချက်အရ မွေးနေ့ပါတီပွဲကို ညစာစားပွဲဖြင့် စတင်ခဲ့ပြီး ထိုပွဲသို့ ဒီကာပရီယိုနှင့် […]
[Unicode] Iron Maiden သည် ရော့ခ်ဂီတ၏ လူကြိုက်အများဆုံးနှင့် အောင်မြင်မှုအရဆုံးအဖွဲ့များတွင် ရှေ့ဆုံးမှ ပါဝင်သော အဖွဲ့တစ်ခု ဖြစ်သည်။ Iron Maiden ဟဲဗီးမက်တယ်အဖွဲ့ကြီးကို အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင် ၁၉၇၃ ခုနှစ်၌ ဘေ့စ်ဂစ်တာသမား Steve Harris က စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးစတင်ခဲ့ချိန်က ရှေ့ထွက်အဆိုတော်မှာ ပေါလ် ဒီအန်နို (Paul Di’Anno) ဖြစ်သည်။ ၁၉၈၁ ခုနှစ်တွင် အဆိုတော် ပေါလ် ဒီအန်နို ထုတ်ပယ်ခံရကာ Bruce Dickinson က အစားထိုး ဝင်ရောက် လာသည်။ Iron Maiden အဖွဲ့ကြီးသည် ဂီတလောကဖြတ်သန်းမှုတလျှောက် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၁၃၀ ကျော် ရောင်းချထားရပြီး ဖြစ်ရာ Metallica ထက်ပင် […]
[Unicode] (KISS ဘာလဲ) Kiss သည် အမေရိကန် ရော့ခ်ဂီတအဖွဲ့ကြီးဖြစ်ပြီး ၁၉၇၃ ခုနှစ်တွင် နယူးယောက်မြို့၌ အဆိုတော် ပေါလ် စတန်လေ (Paul Stanley) ၊ ဘေ့စ်ဂစ်တာသမား (Gene Simmons) ၊ ဂစ်တာသမား (Ace Frehley) နှင့် ဒရမ် (Peter Criss) တို့ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ Kiss အဖွဲ့ကြီးသည် ပါးစပ်တွင်းမှ မီးမှုတ်ထုတ်ခြင်း၊ သွေးများမှုတ်ထုတ်ခြင်း၊ မီးခိုးထွက်နေသော ဂစ်တာများ၊ ဒုံးများ ပစ်ခတ်ခြင်း၊ မီးရှုးမီးပန်းဖောက်ခြင်းများ အစရှိသည့် ထူးခြားသောတင်ဆက်ပုံများဖြင့် ၁၉၇၀ ပြည့်လွန် ကာလများအတွင်း စတင်ကျော်ကြားလာခဲ့သည်။ ရှေ့ထွက်အဆိုတော် ပေါလ်စတန်လေနှင့် ဘေ့စ်ဂစ်တာသမား Simmons တို့ ၂ ဦးမှလွဲပြီး အဖွဲ့သား အပြောင်းအလဲ မကြာခဏဖြစ်ပေါ်ခဲ့သည်။ […]