ylliX - Online Advertising Network

Snapdragon 7 Gen 3 နဲ့ 6,400mAh Battery ပါတဲ့ OPPO K12 Plus ကို ကြေညာ – MyTech Myanmar

Skip to content OPPO က တရုတ်မှာ K12 Plus ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Snapdragon 7 Gen 3 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားသလို 1TB microSD Card စိုက်နိုင်ပါတယ်။ Android 14 အခြေပြု ColorOS 14 ပါလာပါတယ်။ OPPO K12 Plus မှာ 6.7” 120Hz FullHD+ AMOLED Display တပ်ဆင်ထားပြီး 1,100 Nits Peak Brightness ထောက်ပံ့ထားပါတယ်။ ရေစိုတဲ့ လက်နဲ့ ထိတွေ့ အသုံးပြုနိုင်ပါတယ်။ OPPO က […]

Blood and Chocolate (2007) – Channel Myanmar

Blood and Chocolate (2007) သမန်းဝံပုလွေအမဖြစ်တဲ့ Vivian က သူတိုဝံပုလွေရိုးရာအရ မကြာခင်မှာ ဝံပုလွေခေါင်းဆောင်ရဲ့ ဇနီးအသစ်အဖြစ် အရွေးခံရမဲ့ ဆယ်ကျော်သက်ကောင်မလေးဖြစ်တယ်။ ဒါပေမဲ့ တစ်နေ့မှာ ဒဏ္ဍာရီဝတ္ထုတွေကိုရေးတဲ့ ခပ်ချောချော ပန်းချီဆရာ လူသားကောင်လေး Aiden နဲ့ ဘုရားကျောင်းမှာ ဆုံတွေ့ခဲ့တယ်။ ဝံပုလွေဒဏ္ဍာရီတွေကို စိတ်ဝင်စားတဲ့ Aiden က ဝံပုလွေတွေအကြောင်း ကျွမ်းကျွမ်းကျင်ကျင်သိနေတဲ့ Vivian ကို ​သာမန်လူလိုပဲထင်ပြီး ချစ်မိသွားချိန်မှာတော့ Vivian တစ်ယောက် အချစ်နဲ့ သူ့မိသားစုကိုကာကွယ်ဖိုကြား ဘယ်လိုအခက်အခဲတွေကြုံရမလဲ ၊ Aiden နဲ့ Vivian တိုရဲ့ မဖြစ်နိုင်တဲ့အချစ်ခရီးလမ်းကြောင်းက ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ရမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမဲ့ လူသားနဲ့ ဝံပုလွေကောင်မလေးတိုရဲ့ Romance ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo […]

ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံက မိုင်အမ်မီကမ်းခြေရှိ ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေ – iMyanmarHouse.com

[Unicode] ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့ ဇနီးမောင်နှံသည် အမေရိကန်ပြည်ထောင်စုမှ နေခြည်ဖြာ ပြည်နယ်ဟု လူသိများသော ဖလော်ရီဒါပြည်နယ်၊ မိုင်အမ်မီကမ်းခြေရှိ ကန်ဒေါ်လာ သန်း ၈၀ တန် စံအိမ်ကြီးကို မျက်စိကျနေသည်ဟူသော သတင်းများ ထွက်ပေါ်နေသည်။ ဘောလုံးကြယ်ပွင့်ဘဝမှ မေဂျာလိဂ်ကလပ်အသင်းပိုင်ရှင်ဘဝသို့ ကူးပြောင်းခဲ့သူ ဘက်ခမ်းနှင့် ဖက်ရှင်ဒီဇိုင်နာ ဇနီးဖြစ်သူတို့က ဘက်ခမ်း၏ အသင်းဖြစ်သော Inter Miami ၏ ကစားကွင်းမှ မော်တော်ကားဖြင့် မိနစ် ၄၀ ခန့်သာ ဝေးကွာသောနေရာရှိ ကမ်းခြေစံအိမ်ကြီးကို သဘောကျနေကြခြင်း ဖြစ်သည်။ The Real Deal သတင်းဌာန၏ ဖော်ပြချက်အရ ဒေးဗစ်ဘက်ခမ်းနှင့် ဗစ်တိုးရီးယားတို့သည် အိပ်ခန်း ၉ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါသော အဆိုပါစံအိမ်ကြီးကို ဝယ်ယူရန် စီစဉ်နေသည်ဟု ဆိုသည်။ […]

Get Over It (2001) – Channel Myanmar

ဒီဇာတ်ကားကတော့ တော်တော်လေးကြည့်လို့ကောင်းတဲ့ Rom/Com ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ် ဇာတ်ညွှန်း ဘာ့ခ်နဲ့ အယ်လီဆင်တို့နှစ်ယောက်ဟာ ငယ်စဉ်ကတည်းက ခင်ခဲ့တဲ့သူငယ်ချင်းတွေဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အရမ်းကိုခင်ပေမယ့် တစ်ရက်မှာ ကံကြမ္မာကြောင့် သူတို့နှစ်ယောက်ဝေးကွာခဲ့ရပါတယ်။ ဒါပေမယ့် နှစ်တွေကြာပြီးနောက်မှာတော့ အယ်လီဆင် နဲ့ ဘာ့ခ် တို့နှစ်ယောက် ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နှစ်ယောက်ချစ်ကျွမ်းဝင်ခဲ့ပါတယ်။ ဘာ့ခ်ကတော့ တစ်သက်တာမြဲမယ့် ဆက်ဆံရေးတစ်ခုလို့ထင်ခဲ့ပေမယ့် တကယ်တမ်းက (၆) လပဲခံခဲ့ပါတယ်။ (တချို့ဆို ၆ လတောင်မကြာပါဘူး) ဒီလိုနဲ့ကျောင်းမှာ ရှိတ်စပီးယားရဲ့ “နွေလယ်ည အိမ်မက်” ပြဇာတ်ကဖို့ရှိလာခဲ့ပါတယ်။ ထိုချိန်မှာ အယ်လီဆင်ဟာလည်း တီးဝိုင်းတစ်ခုမှာ ပါခဲ့တဲ့ စထရိုက်ကာ ဆိုတဲ့ ဘဲတစ်ဗွေနဲ့တွဲနေပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက ပြဇာတ်မှာပါခဲ့ပေမယ့် အနပညာပါရမီနဲ့ပြည့်စုံတဲ့ ဘာ့ခ်ဟာ သီချင်းလည်းမဆိုတတ်သလို သရုပ်လည်းမဆောင်တတ်ပါဘူး။ ဒါပေမယ့် သူ့ကိုကူညီဖို့ သူငယ်ချင်းရဲ့ […]

Elon Musk ဟာ အာကာသမှ ဂြိုလ်တု ၃ ပုံ ၂ ပုံကို ထိန်းချုပ်ထား – MyTech Myanmar

Skip to content Elon Musk ရဲ့ SpaceX ကုမ္ပဏီဟာ အာကာသမှာ ကြီးစိုးထားပါတယ်။ Elon Musk ဟာ အခုဆိုရင် ကမ္ဘာကို လှည့်ပတ်နေတဲ့ ဂြိုလ်တု အားလုံးရဲ့ ၃ ပုံ ၂ ပုံကို ထိန်းချုပ်ထားပြီး Starlink ဂြိုလ်တု ကွန်ရက်ဟာ လျှင်မြန်စွာ ကြီးထွားလာပါတယ်။ မကြာခင်က SpaceX ဟာ ၇,၀၀၀ မြောက် Starlink ဂြိုလ်တုကို လွှတ်တင်ခဲ့ပြီး ကမ္ဘာအဝန်းမှာ မြန်နှုန်းမြင့် ဂြိုလ်တုကို ပိုမိုလွှမ်းခြုံပေးလာပါတယ်။ ၃ နှစ်အတွင်းမှာ Starlink ဂြိုလ်တု အရေအတွက်ဟာ ၆ ဆကျော် တိုးတက်လာပါတယ်။ Elon Musk ဟာ အဲဒီမှာတင် ရပ်မနေပါဘူး။ SpaceX ဟာ […]

မြန်မာ့အရေး တရုတ်ရပ်တည်ချက်အပေါ် သံတမန်များ မေးခွန်းထုတ်နေ – Myanmar Now

မြန်မာ့အရေး တရုတ်အစိုးရ၏ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်စွက်ဖက်နေမှု အခြေအနေကို မကြာသေးခင်က ပေါက်ကြားလာသော တရုတ်အစိုးရ အထူးကိုယ်စားလှယ် နှင့် “ဝ” ခေါင်းဆောင်များအကြား ဆွေးနွေးပွဲ မှတ်တမ်းမှတစ်ဆင့် သိလာကြပြီးနောက် ရန်ကုန်အခြေစိုက် သံတမန်အသိုက်အဝန်းအကြား နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော အခြေအနေအပေါ် စိတ်ဝင်စားမှု မေးခွန်းထုတ်မှုများကို Myanmar Now က သိရှိရသည်။ ဩဂုတ်လနှောင်းပိုင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဖူးအာမြို့၌ တရုတ်အစိုးရ၏ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်သောအဖွဲ့ နှင့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးကျောက်ကောအန်း ဦးဆောင်သောအဖွဲ့တို့ တွေ့ဆုံခဲ့သည့် အစည်းအဝေးမှတ်တမ်း အသေးစိတ်ကို Myanmar Now က ဦးစွာသတင်းရေးသား ဖော်ပြခဲ့သည်။   “ဝ” အဖွဲ့ဖက်က အသေးစိတ်မှတ်တမ်းတင်ထားခဲ့သော ထိုတွေ့ဆုံဆွေးနွေးမှုမှတ်တမ်းပါ အချက်အလက်များ […]

Vey Dharuvey (2024) – Channel Myanmar

Vey Dharuvey (2024)“ကာမာရက်ဒီရှန်ကာ” အသစ်ထွက်ရှိထားတဲ့ တေလဂူး ဟာသရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ရှန်ကာ့ကို သူ့အဖေကအင်ဂျင်နီယာကျောင်းထားပေမယ့် ကျောင်းမပြီးနိုင်ဘဲနောက်ဆုံးပြောမရတဲ့အဆုံး အလုပ်ရှာဖို့ ဦးလေးရှိရာဟိုက်ဒရာဘတ်မြို့ကို ပို့လိုက်ရပါတယ် ရောက်ရောက်ချင်း မိန်းမလှလေးတွေပေါတဲ့ ဟိုက်ဒရာဘတ်မှာရှရူတီဆိုတဲ့ မိန်းကလေးကို သဘောကျသွားပြီး ဖူးသစ်စအချစ်ဇာတ်လမ်းကနေ … မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူဘယ်လိုမျိုး လျှို့ဝှက်အရှုပ်တော်ပုံတွေဆီ ရောက်သွားမလဲ သူနေထိုင်ရာပတ်ဝန်းကျင်ကောင်းကျိုးအတွက် ရှန်ကာတစ်ခုခုလုပ်ပြနိုင်မလားဆိုတာကတော့ ပရိသတ်ကြီးပဲဆက်လက်ကြည့်ရှုအားပေးလိုက်ပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.7 GB / 1.3 GBQuality…WEB DL 1080p HEVC/ 720pFormat…mkv/ mp4Duration….2h 7mSubtitle….Myanmar Subtitle (Hard Sub)Encoder….YKTranslated by CM Bollywood Team […]

Serpent’s Path (1998) – Channel Myanmar

    Serpent’s Path (1998) IMDb Rating (7.0) / Rotten Tomatoes (81%) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ […]

ငါးကြိမ်မြောက် တိုက်ခိုက်ခဲ့ရသည့် ပင်လည်ဘူးမြို့  – Myanmar Now

စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။  လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။  ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုဩဇာက ပြောသည်။ ထိုမြို့သိမ်းတိုက်ပွဲတွင် ပွိုင့် ၅ အမျိုးအစား စက်သေနတ်အပါအဝင် လက်နက်ကြီး အစုံ ၄၀၀ ကျော် သိမ်းဆည်းရမိသည်ဟု ဆိုသဖြင့် စစ်ကိုင်းတိုင်းအတွင်း လက်နက်သိမ်းဆည်းရမိမှုအများဆုံးတိုက်ပွဲကြီး ဖြစ်လာသည်။   စစ်တပ်က အာဏာသိမ်းပြီး […]