ရခိုင်ပြည်၊ မြေပုံမြို့နယ် တောင်စိုင်ကမ်းတိုက်နယ် အတွင်းရှိ ယောချောင်းတံတားနှင့် အရပ်သားနေထိုင်သည့် နေအိမ်အချို့ကို စစ်ကောင်စီတပ်က လေကြောင်းက ၄ ကြိမ်တိုင်တိုင်လာရောက် ဗုံးကြဲမှုကြောင့် တံတားနှင့် နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီ ၄၅မိနစ်အချိန်ခန့်တွင် တစ်ကြိမ်၊ ၆ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၁၀ မိနစ်တွင် တစ်ကြိမ်၊ ညဉ့် ၁၁ နာရီ ၄၀ တွင်တစ်ကြိမ် စုစုပေါင်း လေးကြိမ်တိုင်တိုင် ပေါင်း ၅၀၀ ဗုံးဖြင့် လာရောက် ပစ်ချခဲ့သည်။ အသက် ၂၉ နှစ်အရွယ် ယောချောင်း ဒေသခံအမျိုးသားတစ်ဦးက “လေးကြိမ်တိုင်တိုင် ဗုံးကြဲချသွားတာပါ။ […]
ရေဉီးမြို့နယ် ရွှေကျီးမင်း တပ်ရဲ့စစ်ဆေးရေးဂိတ်ကို အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဒရော့ဗုံးချတိုက်ခိုက်ရာ ပျူစောထီး ၃ ဉီးသေဆုံးပြီး ၃ဉီးအပြင်းအထန် ထိခိုက် ဒဏ်ရာရတယ်လို့ ခေတ်သစ်မီဒီယာက ရေးသားထားပါတယ်။ […] Source link
နော်ဝေလက်ရွေးစင်တိုက်စစ်မှူး အာလင်းဟာလန်းသည် ဆလိုဗေးနီးယားအသင်း နှင့်ပွဲတွင် နှစ်ဂိုးသွင်းယူပြီးနောက် အသင်း သမိုင်းတစ်လျှောက် ဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ၂၀၂၄-၂၀၂၅ UEFA Nations League (B) ၏ အုပ်စု (၃) ပွဲစဉ်တွင် နော်ဝေ အသင်းက ဆလိုဗေးနီးယားအသင်းကို အိမ်ကွင်း၌ (၃-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရပြီး ဟာလန်းက ၇၊ ၆၂ မိနစ်တွင် နှစ်ဂိုးသွင်းယူပေးခဲ့သည်။ ယင်းပွဲတွင် အသင်းခေါင်းဆောင် မာတင်အော်ဒီဂွါ ဒဏ်ရာကြောင့် မပါဝင်နိုင်သဖြင့် ဟာလန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး ဂိုးအများဆုံးစံချိန်ပါ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဟာလန်း (၂၄ […]
စစ်ကောင်စီ တပ်မတစ်ခုစာနီးပါး အင်အားဖြည့်ထားသည့် စစ်ကိုင်းတိုင်း အထက်ပိုင်း ပင်လည်ဘူးမြို့ကို တော်လှန်ရေးအင်အားစုက လနှင့်ချီ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်နေ့တွင် မြို့ကို အပြီးသတ် ထိန်းချုပ်နိုင်ခဲ့သည်။ လူဦးရေ ၇၀၀၀ ခန့်နေထိုင်ရာ ပင်လည်ဘူးမြို့ကို လက်မလွှတ်ရရေး စစ်တပ်က ၎င်းတို့၏ အားသာချက် ဖြစ်သည့် လေကြောင်းတိုက်ခိုက်မှုဖြင့် နှစ်လနီးပါးကြာ အပြင်းအထန်တုံ့ပြန်ခဲ့သည့်တိုင် နောက်ဆုံးတွင် မြို့ကို လက်လွှတ်လိုက်ရသည်။ ကျားကုတ်ကျားခဲ ဖြတ်တောက်ပိတ်ဆို့ တိုက်ခဲ့ရသည့်တိုက်ပွဲဖြစ်သည်ဟု စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ခံ ကိုဩဇာက ပြောသည်။ ထိုမြို့သိမ်းတိုက်ပွဲတွင် ပွိုင့် ၅ အမျိုးအစား စက်သေနတ်အပါအဝင် လက်နက်ကြီး အစုံ ၄၀၀ ကျော် သိမ်းဆည်းရမိသည်ဟု ဆိုသဖြင့် စစ်ကိုင်းတိုင်းအတွင်း လက်နက်သိမ်းဆည်းရမိမှုအများဆုံးတိုက်ပွဲကြီး ဖြစ်လာသည်။ စစ်တပ်က အာဏာသိမ်းပြီး […]
အောက်တိုဘာ ၁၂ ရက် (ယနေ့) ညနေပိုင်းက ကော့သောင်းမြို့နယ်၊ နန်တွန်ဒေသ၊ အေးမြသာယာရွာအနီးတွင် အကြမ်းဖက်သမားများရောက်ရှိနေကြောင်း သတင်းပေးမှုအရ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် ၁၀ ဦးခန့်နှင့် ထိတွေ့ပစ်ခတ်မှု […] Source link
သျှမ်းပြည်မြောက်ပိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသော ဒေသများတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဩဂုတ်လ (၂၆) ရက်မှ အောက်တိုဘာလ (၆) ရက်အထိ (၆)ပတ်တာ ကာလအတွင်း သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ခမ်း၊ နမ္မတူ၊ လားရှိုးနှင့် မိုင်းရယ် စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား (၅၅) ဦး သေဆုံးကာ (၁၃၉) ဦး ဒဏ်ရာရရှိခဲ့ကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်သည် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ […]
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်အထွက်မှာ SNA တပ်က စစ်ဆေးရေးတင်းကြပ်ထားပြီး တပ်သားစုဆောင်းနေတယ်လို့ နန့်မွန်းဒေသခံတွေ ပြောပါတယ်။ အောက်တိုဘာလ ၅ ရက်နေ့ နန့်မွန်းမြို့အဝင်ဂိတ်မှာ လူငယ် ၄ ဦးကိုဖမ်းဆီးသွားတဲ့အပြင် အောက်တိုဘာလအတွင်းမှာလည်း ၈ ဦးထက်မနည်းဖမ်းဆီးခံရတယ်လို့ ဒေသခံတစ်ဦး KNG ကိုခုလိုပြောပါတယ်။ “ဟိုနေ့က လူငယ် ၄ ယောက်ဖမ်းခံရတယ်။ ပြန်လွတ်သလား မလွတ်လားတော့ မသိဘူး”လို့ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၅ ရက်နေ့စ SNA နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဟာ နန်းမွန့်မြို့တွင်း နေရာ ၄ နေရာမှာ ဂိတ်အထိုင်ချပြီး စစ်ဆေးရေးတင်းကြပ်ကာ တပ်သားသစ်အတွက် လူငယ်တွေကိုဖမ်းဆီးနေတာဖြစ်တယ်လို့ အသက် ၅၀ ကျော်အရွယ် အင်းတော်ကြီးဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။ လက်ရှိ နန့်မွန်းမြို့ထဲ မြို့အထွက်မှာတစ်နေရာ၊ နန့်မွန်းမြိို့အဝင်မှာတစ်နေရာနဲ့ မြို့လယ်ခေါင် KBC ဘုရားကျောင်းအနီးမှာတစ်နေရာ၊ နန့်မွန်းဘုန်းတော်ကြီးကျောင်းမှာ တစ်နေရာ စုစုပေါင်းနေရာ ၄ နေရာမှာ ဂိတ်ထိုင်ပြီးစုဆောင်းရေးလုပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဟာ ဖမ်းဆီးစုဆောင်းထားတဲ့သူတွေထဲက တစ်ချို့ကို ပိုက်ဆံနဲ့ပြန်ရွေးယူခွင့်ပြုပေမယ့် အများပိုင်းက ပြန်လွှတ်ပေးတာမျိုးမရှိဘဲ ဖမ်းဆီးစုဆောင်းရသူတွေကို ဟုမ္မလင်းဘက်ပို့ပြီး စစ်သင်တန်းပေးနေတာတွေလုပ်နေတယ်လို့ နန့်မွန်းဒေသခံအမျိုးသမီးတစ်ဦး ခုလိုပြောပါတယ်။ “အခုမှပထမအသုတ်ဟုတ်တယ် အခုသင်တန်းတက်နေကြပြီ ပြီးတောင်ပြီးတော့မှာ အများကြီးပဲ အယောက် ၂၀၀ လောက်ရှိမယ် ကားဆယ်စီးနဲ့ရောက်လာခဲ့တာရွာပေါင်းစုံကနေ တချို့အသက် ၅၀ ကျော်တွေတောင်ပါတယ်”လို့ ပြောပါတယ်။ ဒေသခံတွေပြောပြချက်အရ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့မှာလည်း လမ်းသွားလမ်းလာ လူငယ် ၅၀ ဦးခန့်ဖမ်းဆီးခံရတယ်လို့ ဆိုပါတယ်။ ခုလို လမ်းသွားလမ်းလာ လူငယ်တွေကို စစ်ဆေးမေးမြန်းတာ မသင်္ကာသူတွေကိုလက်ကိုင်ဖုန်းစစ်ဆေးတာတွေကြောင့် နန့်မွန်းမြိို့တွင်း လမ်းသွားလမ်းလာ နည်းပါးနေတယ်လို့သိရပါတယ်။ နန့်မွန်းမြို့ခံပြည်သူ သုံးပုံနှစ်ပုံက ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ် KiA KPDF ပူးပေါင်းတပ်တွေက ဝှေလုံ၊ချောင်းဝ ၊ညောင်ပင်ရွာ စစ်ကောင်စီတပ်စခန်းတွေကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ကတည်းက နေရပ်စွန့်ခွာတိမ်းရှောင်သွားကြတာဖြစ်ပါတယ်။ အဲဒီနောက် ဇွန်လ တတိယပတ်ကတည်းကနေ SNA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေဟာ နန့်မွန်းမြို့ထဲအင်အားအလုံးအရင်းနဲ့တပ်ထိုင်လာတာဖြစ်ပါတယ်။ By – Zami The post အင်းတော်ကြီးဒေသ နန့်မွန်းမြို့အဝင်ထွက်မှာ SNA တပ်ဖွဲ့ စစ်ဆေးရေးတင်းကြပ်ပြီးတပ်သားစုဆောင်းနေ appeared first on Kachin News Group (KNG). Source link
အောက်ပါ link မှ download ရယူနိုင်ပါသည် The post ပဋ္ဌာန်းတရားတော်နှင့် ကျွန်ုပ်တို့၏နေ့စဉ်ဘဝသင်တန်း (အပတ်စဉ် ၆) ၂။ အာရမ္မဏပစ္စည်း appeared first on DTC – Dhammatrainingcenter . Source link
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားအနေဖြင့် သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အဆင်ပြေစွာခရီးသွားလာနိုင်ရန်အတွက် ရန်ကုန်-ပြည်-ရန်ကုန် နှင့် ရန်ကုန် – မော်လမြိုင် – ရန်ကုန် ခရီးစဉ်များကို ပုံမှန်ရထားများအပြင် […] Source link
(ကုန်သည်မိသားစုဝင် ၃ ဦးမှာ ကုန်ပစ္စည်းပို့ရင်း ဓါးမြတိုက် ခန္ဓာကိုယ် ပိုင်းဖြတ်သတ်ဖြတ်ခံရ) ပလက်ဝမြို့နယ် မောင်နှမကျေးရွာက ကုန်သည်မိသားစုဝင် ၃ ဦး သတ်ဖြတ်ခံရမှု ယနေ့အချိန်အထိ အမှုမှန် တစ်စုံတစ်ရာ မပေါ်ပေါက်သေးကြောင်း မိသားစုဝင်များက ပြောသည်။ သတ်ဖြတ်ခံရသူများမှာ အသက် (၆၁) နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် (၂၆) နှစ်အရွယ် ဦးအိုက်မြင့်နှင့် အသက် (၁၃) နှစ်အရွယ် မောင်ပီစီထွန်းတို့ဖြစ်ပြီး ခူမီးလူမျိုးများဖြစ်ကြသည်။ မိသားစုဝင်တစ်ဦးက ” အမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ULA/AA နှမဒါ အုပ်ချုပ်ရေးမှူးဆီမှာရော၊ ကျေးရွာမှာရှိတဲ့ ULA/AA အုပ်ချုပ်ရေးအဖွဲ့ရော တိုင်ကြားထားပါတယ်။ Data အချက်အလက်တွေ အကုန်လုံး ပို့ထားပါတယ်။ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ တိုင်ကြားထားပါတယ်။ အခု တစ်လလောက်ရှိလာပြီပေါ့နော်။ အဲအမှုနဲ့ပတ်သက်ပြီးတော့ […]