ပါလက်စတိုင်းဒုက္ခသည်တွေကို ကူညီပေးဖို့ ဖွဲ့စည်းထားတဲ့ ကုလသမဂ္ဂလက်အောက်ခံ ကူညီကယ်ဆယ်ရေးနဲ့ အလုပ်အဖွဲ့အေဂျင်စီ(UNRWA)ကို အစ္စရေးနိုင်ငံအတွင်း လည်ပတ်ခွင့် မပြုဖို့ အစ္စရေးလွှတ်တော်က ယမန်နေ့ အောက်တိုဘာ ၂၈ ရက်မှာ ဆုံးဖြတ်လိုက်တယ်လို့ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြပါတယ်။ ထောင်နဲ့ချီတဲ့ UNRWA ရဲ့ ဝန်ထမ်းတွေထဲက ဝန်ထမ်းတချို့ဟာ ယမန်နှစ် အောက်တိုဘာ ၇ ရက်နေ့က ဟားမက်စ်တို့ရဲ့ အစ္စရေး ဝင်ရောက်တိုက်ခိုက်မှုကို ကူညီပေးခဲ့သလို တချို့ကလည်း ဟားမက်စ်အပါအဝင် လက်နက်ကိုင်အဖွဲ့တချို့မှာ ပါဝင်နေတာကြောင့် အစ္စရေးလွှတ်တော်က အခုလိုမျိုး ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ “အစ္စရေးအပေါ်ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်နေတဲ့ UNRWA ဝန်ထမ်းတွေဟာ သူတို့လုပ်ရပ်တွေအတွက် တာဝန်ခံရပါမယ်” လို့ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု(Benjamin Netanyahu)က ပြောပါတယ်။ […]
Israel’s parliament has voted to pass legislation banning the UN’s Palestinian refugee agency (Unrwa) from operating within Israel and Israeli-occupied East Jerusalem, within three months. Contact between Unrwa employees and Israeli officials will also be banned, severely limiting the agency’s ability to operate in Gaza and the Israeli-occupied West Bank. Co-operation with the Israeli military […]
La Knesset o Parlamento israelí ha aprobado este lunes una ley que prohíbe toda actividad de la Agencia de Naciones Unidas para los Refugiados en Oriente Próximo (UNRWA) tanto en Israel como en los territorios palestinos. Desde la organización internacional han advertido de que sienta “un precedente peligroso” y alerta de que “solo profundiza el […]