ylliX - Online Advertising Network
Loading

■ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ (အ-၆/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေး


Loading

28 November 2024 _____ Hybrid Meeting
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ အလုပ်အမှုဆောင်အဖွဲ့ (အ-၆/၂၃-၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယမန်နေ့ နံနက် (၁၀) နာရီတွင် Hybrid စနစ်ဖြင့် ကျင်းပရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌများ၊ အထွေထွေအတွင်းရေးမှုးနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ အလုပ်အမှုဆောင်များ၊ အခြားဖိတ်ကြားထားသော ခရီးသွားလုပ်ငန်းတတ်သိပညာရှင်အကြံပေးတို့ တက်ရောက်ခဲ့ကြသည်။
အစီအစဥ်အရ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ချုပ်၏ ဘဏ္ဍာရေး အခြေအနေအား ဘဏ္ဍာရေးမှူးကိုယ်စား တွဲဖက် အထွေထွေအတွင်းရေးမှူး (၁)မှ ရှင်လင်းတင်ပြခြင်း၊ ယခင်အလုပ်အမှုဆောင် အစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲအခြေအနေများအား ရုံးအဖွဲ့မှူးမှ ဖတ်ကြားတင်ပြခြင်း၊ Tourism Master Plan ပြည်လည်ရေးဆွဲခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ပြန်လည်ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် ဒေါ်ကြည်ကြည်အေး မှ ရှင်းလင်းတင်ပြခြင်း၊ အဖွဲ့ချုပ် ဘေးအန္တရာယ်တုံ့ပြန်ရေးလုပ်ငန်းအဖွဲ့၏ ရေးဘေးသင့်ပြည်သူများသို့ သွားရောက်လှူဒါန်းခဲ့မှုများနှင့် နေပြည်တော် ညောင်ပင်သာကျေးရွာတွင် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့်အစီအမံများနှင့်စပ်လျဥ်း၍ အဖွဲ့ခေါင်းဆောင် ဦးမျိုးသွင်မှ ရှင်းလင်းတင်ပြခြင်း၊ အလုပ်အမှုဆောင်ကော်မတီမှ အရေးကြီးကိစ္စရပ်များအား တင်ပြဆွေးနွေးခြင်း၊ အစီအစဥ်အရ ကျန်ရှိသော ညီနောင်အသင်းများနှင့် သက်ဆိုင်ရာအသင်းအလိုက် လှုပ်ရှားဆောင်ရွက်မှုများနှင့် အမြဲတမ်းကော်မတီများမှ သက်ဆိုင်ရာကော်မတီအလိုက် လှုပ်ရှားဆောင်ရွက်မှုများအား နောက်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးမည်ဖြစ်ပြီး ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား မွန်းလွဲ (၂)နာရီတွင် ရုတ်သိမ်းလိုက်သည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *