ylliX - Online Advertising Network
Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အတွင်းရှိ ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး


Loading

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ နေပြည်တော်အတွင်းရှိ ပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် အားကစားကွင်း/အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ လိုက်လံကြည့်ရှုစစ်ဆေး

နေပြည်တော်၊ နိုဝင်ဘာ ၂၈

၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်၌ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်မည့် နေပြည်တော်အတွင်းရှိ အားကစားကွင်း/ အားကစားရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင် အားကစားပြိုင်ပွဲ များကျင်းပပြုလုပ်မည့် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ ရွှေကြာပင်အားကစားကွင်း/အားကစားရုံ၊ ပျဉ်းမနားမြို့နယ်ရှိ ပေါင်းလောင်းအားကစားကွင်းနှင့် ဘောဂဝတီအားကစားကွင်းများအတွင်း ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ပြိုင်ပွဲကွင်းများ အဆင့်မီစွာပြင်ဆင်ထားရှိရေး၊ ကွင်းအဝင်လမ်းနှင့် နောက်ခံဆိုင်းဘုတ်ဗီနိုင်းများ အချိန်မီပြီးစီးနိုင်ရေး၊ ဘောလုံးကွင်းများအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် စိမ်းလန်းစိုပြေမှုရှိစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများသန့်ရှင်းရေး၊ ပြိုင်ပွဲကွင်းပတ်လည်တွင် အလံတိုင်များ တပ်ဆင်နိုင်ရေးနှင့် မိုဘိုင်းသန့်စင်ခန်းများ ထားရှိနိုင်ရေးအတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းများတွင် အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းများမှ ကျောင်းသား/ကျောင်းသူတို့၏ Fitness Dance နှင့် အလံကိုင်အဖွဲ့တို့၏ လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျန်းမာရေးအထူးဂရုစိုက်ကြရန်လိုကြောင်း၊ ယခုကျင်းပမည့် အားကစားပွဲတော်ကြီးတွင် ပါဝင်ခွင့်ရရှိခြင်းသည် ဂုဏ်ယူစရာဖြစ်ကြောင်း၊ မိမိတို့အားကစားနှင့်ကာယပညာ(သိပ္ပံ)ကျောင်းအချင်းချင်းလည်း ချစ်ကြည်ရင်းနှီးမှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ တာဝန်ခံများ ကလည်း မိမိတို့ကလေးများ၏ ကျန်းမာရေးအား အထူးအလေးထားဂရုစိုက်ကြရန်လိုကြောင်းနှင့် လိုအပ်သည်များရှိပါက အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြဆောင်ရွက်သွားရန်လိုကြောင်း စသည်ဖြင့် မှာကြားခဲ့ကြောင်း သိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *