ylliX - Online Advertising Network
စင်္ကာပူတွင် သုံးပတ်အတွင်း လူလေးဦး ကြိုးပေးခံရ - Dawei Watch

စင်္ကာပူတွင် သုံးပတ်အတွင်း လူလေးဦး ကြိုးပေးခံရ – Dawei Watch


အသက် ၃၅ နှစ်အရွယ် စင်္ကာပူနိုင်ငံသားတစ်ဦးကို မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ယနေ့ သောကြာနေ့တွင် အာဏာပိုင်များက ကြိုးပေးကွပ်မျက်လိုက်သည်။

ယင်းကွပ်မျက်မှုကြောင့် စင်္ကာပူတွင် သုံးပတ်အတွင်း ကြိုးပေးကွပ်မျက်ခံရသူလေးဦးအထိ ရှိလာသည်။

သေဒဏ်စနစ်ကြောင့် ရာဇဝတ်မှုများ ရပ်တန့်သွားမည်မဟုတ်၍ ယင်းစနစ်အား ဖျက်သိမ်းပေးရန် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆိုခဲ့သော်လည်း စင်္ကာပူအစိုးရက ပယ်ချခဲ့သည်။

သေဒဏ်ပေးစနစ်ကြောင့် စင်္ကာပူသည် အာရှတွင် လုံခြုံမှုအရှိဆုံးနိုင်ငံများထဲက တစ်ခု ဖြစ်နေသည်ဟု အာဏာပိုင်များက ဆိုသည်။

သောကြာနေ့က ကြိုးပေးကွပ်မျက်ခံလိုက်ရသူမှာ စင်္ကာပူနိုင်ငံသူမိခင်နှင့် အီရန်နိုင်ငံသားဖခင်တို့မှ မွေးဖွားပြီး စင်္ကာပူနိုင်ငံသားခံယူထားသည့် Masoud Rahimi Mehrzad ခေါ် အမျိုးသားဖြစ်သည်။

၎င်း၏ အပြစ်ဒဏ်အား လျှော့ပေါ့စဉ်းစားပေးရန် အီရန်အစိုးရဘက်က တောင်းဆိုခဲ့သော်လည်း စင်္ကာပူအာဏာပိုင်များက ပယ်ချခဲ့သည်။

အဆိုပါ အမျိုးသားသည် မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် ၂၀၁၃ ခုနှစ်တွင် ပြစ်မှုစီရင်ချက်အချခံခဲ့ရသည်။

၎င်းတရားခံအား သက်ညှာပေးရန် စင်္ကာပူသမ္မတ၏ တောင်းဆိုချက်မှာလည်း ပယ်ချခံခဲ့ရသည်။

မိမိအား ကြိုးပေးကွပ်မျက်တော့မည်ဟု သိရှိပြီးနောက် အဆိုပါ တရားခံက ၎င်းအား ကွပ်မျက်မည့်အချိန်ကို ရွှေ့ဆိုင်းပေးရန် နောက်ဆုံးအနေနှင့် တောင်းဆိုခဲ့သည်။

သို့သော် အာဏာပိုင်များက ယင်းတောင်းဆိုချက်ကို ပယ်ချခဲ့၍ ၎င်းတရားခံသည် စင်္ကာပူတွင် သုံးပတ်အတွင်း ကြိုးပေးကွပ်မျက်ခံရသည့် လေးဦးမြောက်ပုဂ္ဂိုလ် ဖြစ်လာသည်။

၎င်းအရင် ကြိုးပေးကွပ်မျက်ခံခဲ့ရသူ သုံးဦးစလုံးမှာလည်း မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် သေဒဏ်စီရင်ခံခဲ့ရခြင်း ဖြစ်သည်။

Source – Thai PBS World

The post စင်္ကာပူတွင် သုံးပတ်အတွင်း လူလေးဦး ကြိုးပေးခံရ appeared first on Dawei Watch.



Source link

Leave a Reply

Your email address will not be published. Required fields are marked *