BMW နဲ့ လူတူစက်ရုပ်တွေ တီထွင်နေတဲ့ Figure AI တို့ဟာ Figure 02 လူတူစက်ရုပ်ရဲ့ အထင်ကြီးစရာကောင်းလောက်အောင် စွမ်းရည်မြင့်မားလာမှုကို ပြသလိုက်ပါတယ်။ အဲဒီစက်ရုပ်ဟာ စက်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
များသောအားဖြင့် လူတူစက်ရုပ်တွေဟာ နှေးနှေး ကွေးကွေး အလုပ်လုပ်ကြပါတယ်။ Figure 02 ကတော့ ဒီလို မဟုတ်ပါဘူး။ Figure 02 ဟာ BMW ရဲ့ ကား ထုတ်လုပ်မှုကို ၄၀၀ ရာခိုင်နှုန်းအထိတောင် တိုးမြှင့်ပေးနိုင်ပြီး အလုပ်အောင်မြင်မှုနှုန်းဟာ ၇ ဆ ပိုများလာပါတယ်။ မကြာခင်က မျှဝေထားတဲ့ ဗီဒီယိုမှာ Figure 02 ဟာ နေ့စဉ် ကားအစိတ်အပိုင်း တပ်ဆင်မှု ၁,၀၀၀ ကို မီလီမီတာ တိကျမှု အဆင့်နဲ့ ပြုလုပ်နိုင်ပါတယ်။
Figure AI ကုမ္ပဏီမှာ OpenAI , Nvidia, Microsoft နဲ့ အမေဇုန်သူဌေး Jeff Bezos တို့က ဒေါ်လာ ၆၇၅ သန်း ရင်းနှီးမြှပ်နှံထားပါတယ်။ ဒေါ်လာ ၂.၆ ဘီလီယမ် တန်ကြေး ရှိတဲ့ ကုမ္ပဏီဟာ ၂၀၂၅ ခုနှစ်မှာ လူတူစက်ရုပ်တွေ ပိုမို ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ BMW နဲ့ Figure AI တို့ ပူးပေါင်းမှုဟာ လူတူစက်ရုပ်တွေကို ကားထုတ်လုပ်တဲ့ နယ်ပယ်မှာ အသုံးချနိုင်တယ်ဆိုတာ သက်သေပြနေပါတယ်။
Elon Musk ပိုင်တဲ့ Tesla ကလည်း လူတူစက်ရုပ်တွေကို ဖန်တီးနေပါတယ်။ Musk က လူတူစက်ရုပ် ဟာ ကုမ္ပဏီရဲ့ ဝင်ငွေ အကောင်းဆုံး လုပ်ငန်း ဖြစ်လာမယ်လို့ ပြောကြားထားပါတယ်။
Ref ; Technology Innovation
Share This Story, Choose Your Platform!
Go to Top